မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 March 2010

4 တစ်ခါတစ်ရံမှာ





တစ်ခါတစ်ရံမှာ လူဆိုတာ အမြဲတမ်းပြုံးနေဖို့ မဖြစ်နိုင်သလို ၊ အမြဲတမ်း ပျော်နေဖို့လည်း မဖြစ်နိုင်ဘူး။ စိတ်ဓါတ်တွေ ကျနေချိန်မှာ ခြေလှမ်းတွေပါ လေးလံနေတတ်ပြီး စိတ်အားတတ်ကြွမှုတွေပါ အလိုလို လျော့ကျသွားစေနိုင်ပါတယ်။

တစ်ခါတစ်ရံမှာ လူဆိုတာ ကိုယ့်နှလုံးသားထဲက ခံစားရတဲ့ ကိစ္စတွေဟာ မတရားဘူး ဆိုကာ လူတစ်ယောက်ရဲ့ ခံစားမျှဝေနိုင်တဲ့ အတိုင်းအတာထက် ပိုပြီး ခံစားနေရတယ် ၊ သောက နဲ့ ဝေဒနာတွေဟာ နည်းနည်းပိုနေတယ်လို့ တွေးမိတတ်ကြတယ်။

တစ်ခါတစ်ရံမှာ လူဆိုတာ ကံကြမ္မာက အကွက်ဆင်ပြီး ကိုယ့်နှလုံးသားရဲ့ ဆန္ဒတွေကို လှည့်စားတတ်တယ်။ ဒီအချိန်မှာ ရခဲ့ဖူးတဲ့ ပျော်ရွှင်မှု အမှတ်တရများ ၊ ကြုံခဲ့ဖူးတဲ့ အားတတ်ဖွယ် ကောင်းမွန်မှုတွေ ၊ အောင်မြင်ခဲ့ဖူးတဲ့ ရည်မှန်းချက်တွေ ၊ ဖြစ်ထွန်းခဲ့တဲ့ အိပ်မက်တွေကို မေ့လျော့ထားတတ်ကြတယ်။

ဒါကြောင့် တစ်ခါတစ်ရံမှာ ဖြစ်ပေါ်လာတာတွေကို သတိထားပြီး အခုချိန်မှာတော့ မျက်ရည်တွေ ၊ သောကတွေကို မေ့ပစ်ပါတယ်။ ဘဝမှာ ပျော်ရွှင်ကြည်နူးမှု ၊ အောင်မြင် တတ်ကြွမှုတွေကို အမှတ်ရကာ ဘဝမှာ ပျော်ရွှင်စွာ ဆက်လက်ရင်ဆိုင်သင့်တဲ့ အချိန်ကို ရောက်နေပါပြီ။ တစ်ခါတစ်ရံ ဆိုသော ဖြစ်ရပ်ကြောင့် အောင်မြင်ပျော်ရွှင်ခဲ့ဖူးတာတွေကို မေ့လိုက်ပြီး ရင်မှာ ထာဝရ ပူဆွေးဝမ်းနည်းဖို့ မသင့်ပါဘူး။ ပျော်ရွှင်ခြင်းကို အခုက စပြီး ဆုပ်ကိုင်ကြပါစို့။


source; Patience Strong ၏ Sometimes
ကိုဇော်
30.3.2010 – 4.12 AM




.
Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

very good

မြသွေးနီ said...

တစ်ခါတစ်ရံပေမယ့်..
တစ်ခါတစ်ခါ..
အဲ့ဒီ တစ်ခါတစ်ရံတွေက လူကို ထိတယ်။ တစ်ခါထဲလို့ထင်ရပေမယ့် အဲ့ဒီ တစ်ခါတစ်ရံတွေက တစ်ခါမကခဲ့ရင် ဘယ်လိုလုပ်မလည်း။
:)

Unknown said...

ဟုတ်တယ်.. တစ်ခါတစ်ရံ ကိုယ်အရမ်းဝမ်းနည်းတဲ့ အခါမျိုးမှာ ကိုယ် သူများတွေထက် ကံကောင်းခဲ့ဖူးတာ လေးတွေကို တွေးပြီး ဖြေသိမ့်မယ်ဆို ခံစားရ သက်သာသွားတက်တယ်.. ဒါပေမယ့် သတိလက်လွတ် နဲ့ ခံစားမှုနောက်ကိုဘဲ လိုက်သွားမယ်ဆို ဖြေသိမ့်စရာ ရှာမတွေ့တက်ဘူး... သတိလေးနဲ့ စိတ်ကို ထိမ်းသိမ်းတက်ဖို့တော့လိုမယ်... ဟုတ်လား ကိုဇော်..

Unknown said...

သိပ်ကောင်းတယ်ကိုဇော်ေ၇..ကျွန်တော်က
တော့ ၀မ်းနည်းစ၇ာ..ပူဆွေးစ၇ာတွေကို တတ်
နိုင်သမျှေ၇ရှည်ကြီး၇င်ထဲမထည့်ထားဘူး
ပျော်စ၇ာတွေ...ကြည်နူးစ၇ာတွေကိုတော့
မှတ်မှတ်၇၇သိမ်းထားတယ်