မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 March 2010

2 ကျွန်တော် နှင့် ၁၀ ရက်နေ့



၁၀ ရက်နေ့တဲ့။ ကျွန်တော့်ဘဝရဲ့ အထိမ်းအမှတ်နေ့တွေထဲမှာ ၁၀ ရက်နေ့လေး တစ်ရက်ကလည်း အပါအဝင် ဖြစ်တယ်။ အဲဒီ ၁၀ ရက်နေ့ တစ်နေ့မှာ ကျွန်တော် မွေးတယ်။

ဘာမှ ထူးထူးခြားခြား မလုပ်နိုင်ရင်တောင်မှ အမှတ်တရလေး ဖြစ်အောင် ဆိုပြီး ဘယ်လောက်ပဲ ကိစ္စတွေ များနေပါစေ ကျွန်တော် ၁၀ ရက်နေ့တိုင်း ဘုရားဖူးဖြစ်တယ်။ သွားမဲ့ သွားရင်လည်း ရွှေတိဂုံ စေတီတော်ကို ပဲ သွားဖြစ်တယ်။

ဒီလို ၁၀ ရက်နေ့တိုင်း ရွှေတိဂုံ စေတီတော်ကို တတ်ဖူးတော့ ကိုယ့်မွေးနေ့ ၁၀ ရက်ဆိုပြီး အထူး တကူးတက ဘုရားသွားဖူးစရာ မလိုတော့ဘူးပေါ့။ ဒီလိုမျိုး သိတတ်စ အရွယ်ကတည်းက ကျွန်တော် လုပ်ဖြစ်ခဲ့တယ်။

အခုတော့ ၁၀ ရက်နေ့တိုင်း ဘုရား မရောက်ဖြစ်တာ တော်တော် ကြာခဲ့ပြီ။ နောက်လ ၁၀ ရက်နေ့ဆို ကျွန်တော့်မွေးနေ့ ရောက်တော့မယ်။ ကျွန်တော် ဒီနှစ်လည်း ဖူးနေကြ ရွှေတိဂုံ စေတီတော်ကို မဖူးနိုင်သေးပါ။ ဒါကြောင့် လစဉ် ၁၀ ရက်နေ့တိုင် ရွှေတိဂုံ စေတီတော်ကို တတ်ဖူးနေကြ ဆိုတော့ ဒီနေ့လည်း စိတ်ကူးထဲကပဲ ဖူးလိုက်ပါတော့တယ်။



ကျွန်တော် ပြုပြုသမျှ ကောင်းမှု အားလုံးကိုလည်း စာဖတ်သူများ အားလုံးကို အမျှ ဝေပါတယ်။ အမျှ. . .အမျှ . . အမျှ. .ရနိုင်ကြပါစေ။


ကိုဇော်

.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

ချော(အစိမ်းရောင်လွင်ပြင်) said...

မွေးနေ့ဆိုလို့ ဆုတောင်းပေးမလို့အပြေးအလွားပြေးလာတာ
နောက်လတဲ့
အော်......... အမျိုးမျိုး တတ်လဲတတ်နိုင်ပါတယ်

သဒ္ဓါလှိုင်း said...

သာဓုခေါ် အမျှဝေလိုက်ပါတယ်..။

ခင်တဲ့
သဒ္ဓါ