မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 March 2010

5 ကဗျာခရီး

.

ကိုကြည်နိုင်တောင်းထားတဲ့ နံရံကပ်ကဗျာအတွက် နဲ့ ဒီနေ့ကမ္ဘာ့ကဗျာဆရာများနေ့ အတွက် မှတ်မှတ်ရရ ရေးလိုက်တာပါ။ ဖြစ်ချင်တော့ ဒီအချိန်ဟာ ကျွန်တော့်အတွက် ကဗျာတွေ ရင်ဘတ်ထဲမှာ ရှားနေချိန်။


ကျွန်တော် ကဗျာတွေ အားလုံးပေါင်း အကြမ်းအားဖြင့် ၄၆ ပုဒ် ရေးခဲ့ပါတယ်။ ကျွန်တော်ရေးသမျှတွေကို ထိုအချိန်ကတော့ အကောင်းဆုံး ခံစားပြီး ရေးထားတာပါ။ ကဗျာကို မကြိုက်ဘူးဆိုသူများလည်း ဒီနေ့တော့ တချို့ကဗျာလေးတွေကို စမ်းဖတ်ကြည့်ပါလို့ ပြောချင်တယ်။ ရသ တစ်ခုခုတော့ ရမှာပါ။



ကဗျာခရီး

ဟိုးရှေ့လှမ်းကြည့်တော့
ကုတ်ကပ် မာန်တင်းကာ
တတ်လာသူတွေ. . .။

ဟိုးနောက် ငဲ့ကြည့်တော့
ကလောင်မြေထောက်
ကျလာသူတွေ. . .။

ဒီနယ်ပယ်မှာတော့
ဘယ်သူက ဆရာ
ငါသာ . . သမ္ဘာလို့
အော်သူအော် ၊ ဆော်သူဆော်
မော်သူမော် ၊ ပျော်သူပျော်. . ။

ဘယ်လိုပင် ဖြစ်နေပါစေ. . .
ကဗျာကတော့
သူ့လမ်းသူလျှောက်
သူ့ရွတ်သူလွှင့်
သူ့လှေသူထိုး
သူ့မြင်းသူစိုင်း
သူ့အိမ်သူပြင်
သူ့သမိုင်းသူရေး
ဒီလို . . .
ကမ္ဘာကဗျာဆရာများနေ့ တွေမှာရောပေါ့
သူ. . .
ခရီးဆက်နေဦးမယ်။

ကိုဇော်


.

ကျွန်တော့်ဘလော့ဂါ သက်တမ်း တလျှောက်မှာ ကဗျာတွေ များစွာ စိတ်ထင်တိုင်းရေးမိပေမဲ့ ဘလော့ မျက်နှာစာပေါ်ရောက်ခဲ့တဲ့ ကဗျာတွေကတော့ နည်းပါတယ်။

ဒီအထဲကမှ ကျွန်တော် တင်ခဲ့မိတဲ့ ကဗျာလေးတွေကို အောက်မှာ ညွှန်းပေးလိုက်ပါတယ်။

*
တစ်နေ့နှစ်ကြိမ် သတိရပေးပါ
*
ဘဝနောက်ခံပုံရိပ်
*
ကြက်တွန်သံ
*
နာမည်ပြောင်းခြင်း
*
ခွေးကဗျာ
*
ဟိုးလေး တကျော် ဖြစ်ခဲ့တဲ့ ကဗျာ
*
ကဗျာထဲမှာ လျှို့ဝှက်ချက်ရှာ
*
ဓါတ်တိုင်များ
*
ချောက်ကမ်းပါး
* လက်
* လေကဗျာ
* နှလုံးသား ရှင်းတမ်း
* ဘိုးဘိုးတို့တုန်းက ရေးတဲ့ ကဗျာ
* ရင်ခွင်
* ကိုယ့်ဖာသာ တွေးကြည့်ဖို့
* ကောင်းကင်ရေ
* လွမ်းရက်တွေအကြောင်း
* အလွမ်းပန်း
* ကဗျာသက်သေ
* သူ.....မသိ
* အလွမ်း
* ချစ်သူချော့တေး
* ချစ်သူကပေးသော......
* -------ရေ
* စွန့်လွှတ်လိုက်ပြီ
* သုည
* လွမ်းပေမဲ့.......လေ
* ကိုယ့်.....အဖော်
* ရှတခဲ့သော နေ့ရက်အကြောင်း
* နှစ်သစ်အတွက် လက်နှစ်ဖက်
* ပြန်ဆုံရင်
* မျှော်လင့်ခြင်းများနဲ့.
* ချစ်တတ်သူ
* မ------ရဲသူ
* "မေ့ဆေး"
* အမှားမရှိတဲ့ နေ့ရက်တွေ
* ချစ်သူဆိုတာ ....ကမ္ဘာ
* အိပ်မက်ရစ်သမ်
* အထီးကျန်
* မြန်မာ Teleport သို့
* ချစ်သူဆိုတဲ့ ပိုင်ဆိုင်ခွင့်
* အောင်ဆန်းပေးတဲ့ မြန်မာပြည်.
* အလွမ်းသင့်ပေမဲ့ ပန်းဖြစ်စေမယ်
* အောင်သွယ်ပေးခဲ့တဲ့ ကဗျာလေးတွေ
* ပျော်စရာ ကဗျာလေးတွေပါ
* ဒီဇင်ဘာ

ကမ္ဘာ့ကဗျာဆရာများနေ့သို့ အမှတ်တရ
ကိုဇော်


.

Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

ချစ်ကြည်အေး said...

ကဗျာဆရာများနေ့လို့ ရှိသေးသကိုး...ဒီကဗျာလေး ကြိုက်ပါတယ် ကဗျာဆရာ...:)

အမည်မဲ့ said...

ကဗျာလာဖတ်ပါတယ်။

Anonymous said...

ကမ္ဘာ့ကဗျာနေ့ပဲကြားဖူးပါတယ်... ကဗျာဆရာများနေ့ မကြားဖူးဘူး

ကိုဇော် said...

အမှန်အတိုင်းပြောရရင် ကျနော်လည်း မသိခဲ့ဘူး... ဒါပေမဲ့ အခု လာရေးခိုင်းသူက ကိုယ့်ထက် အရာရာ တတ်သိ နားလည်တဲ့ ဆရာတွေ ဆိုတော့ မမှားနိုင်ပါဘူး။
ကျေးဇူး..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလဲ ဖြစ်လိုက်တာဘဲလား
ဘက်စုံကို ရနေတာဘဲနော်..
တော်ပါ၏..
ချီးကျူးပါဒယ်...
ကမ္ဘာမြေတစ်နေရာက ချစ်သူလေးအတွက်
စပ်ထားတဲ့ကဗျာတွေ များမယ်ထင်ရဲ့....