မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 March 2010

19 ကျွန်တော် လုပ်နေတဲ့ လက်တော့လေးပါ



ကျွန်တော် PC ကနေ အစားထိုး Laptop လေး တစ်လုံး လုပ်နေပါတယ်.။ အဆင်ပြေပါတယ်.။ ဒါပေမဲ့ ဘယ်နေရာကမှ ဘယ်သူဆီကမှ ကျွန်တော် စိတ်ကူးရတာ မဟုတ်ပါဘူး.။ ကိုယ့်ဖာသာ လျှောက်တွေးရင်း စိတ်ကူးရလာတာ.။ နောက်တော့ တကယ် လုပ်ဖြစ်သွားတယ်. ။ ဒါပေမဲ့ ကျွန်တော်မှာ အခု လက်နက်ကိရိယာ မစုံလင်..။ လွှလေးတစ်လက် ၊ ပလာယာ ၊ ဝက်အူလှည့်လေးနဲ့ပဲ လုပ်ရတော့တယ်.။ အဲ..ဒါလည်း ဖြစ်တာပဲဗျ..။ အားလုံး အဆင်ပြေပါတယ်.။

အဲ...တစ်နေ့တော့ မထင်မှတ်ပဲ သူငယ်ချင်း ( မမွန် ) ရဲ့ ဆိုက်ထဲကနေ သစ်သားလက်တော ဆိုပြီး ဓါတ်ပုံလေးတွေ တွေ့လိုက်ရတယ်.။ ကျွန်တော် တော်တော်အံ့သြသွားတယ်.။ ကျွန်တော်လုပ်နေတာနဲ့ တော်တော် ဆင်တယ်.။ သူကတော့ ကီးဘုတ်အတွက်ပါ နေရာ ထည့်ထားတယ်.။ ကျွန်တော်ကတော့ သူထက် သေးပါတယ်.။ ကီးဘုတ်ကိုက ရာဘာ ကီးဘုတ်လေးပဲ သုံးမယ် လို့စဉ်းစားထားလို့ပါ.။

ကျွန်တော် လက်တော့လေးက ၁၅ လက်မ X ၁၁ လက်မ ၊ အမြင့် ၄ လက်မ ဒါပဲ ရှိတယ်.။ ကီးဘုတ်မထည့်ထားဘူး။ ဘာရယ်တော့ မဟုတ်ပါဘူး.။ သတိရတုန်းလေး တင်ပေးလိုက်တာပါ.။ ကျွန်တော် လက်တော့လေးက ဆေးသုတ်ဖို့ပဲ ကျန်တော့တယ်.။ အားလုံး အိုကေပါတယ်.။ အချောသတ်ပြီးရင်တော့ ပြီးပြီ.။ ပြန်ခါနီးမှပဲ အားလုံးတပ်ဆင်ပြီး ထည့်လာလိုက်တော့မယ်.။ PC ထဲမှာ ရှိသမျှ အားလုံး ဒီအထဲမှာ ဆန့်တယ်နော်..။ ဂွတ်ထ တယ် မဟုတ်လား..။


ကျွန်တော့် ကွန်ပျူတာက ...............

CPU -------- Core 2 Duo 2.53 Hz
Ram -------- 1 GB

HD ---------- 160 GB

DVD -------- Aopen
Floopy

ဒါတွေတပ်ထားတာ..။ တပ်ထားသမျှ အကုန်ထည့်ထားတာပဲဗျာ.။ ဝင်တယ်.။ အဲ..အဲ..ကြွားတာ မဟုတ်ဘူးနော်.။ ဒီလို စက်က အခုခေတ်မှာ ဘာမှ မဟုတ်တော့ပါဘူးဗျာ..။ အခုက Core i7 တွေတောင်မှ ပေါ်နေပြီလေ.။ သိပ်မကြာခင်မှာ Six Core တွေတောင်မှ ပေါ်တော့မှာ ဆိုတော့ ကျွန်တော့်စက်က မြန်တယ် ဆိုရုံလောက်ပဲ ရှိတော့တာပါ.။

ဟီး..ဟိုနေ့ကတော့ Cord i7 CPU နဲ့ လက်တော့လေး သွားကြည့်မိသေးတယ်..(ရှည်တာလေ.၊) ဟိ... ၃၄သိန်း လောက်တော့ရှိတယ်.။ ကောင်းချက်ကတော့ မပြောချင်ဘူး.. မပြောဘူးဆိုရင် ပြောကို မပြောချင်ဘူး........မပြောချင်တော့ဘူး.(ဒေါ်မြလေးလိုပါပဲ..။ ) ဒါပဲ..။



ကိုဇော် စိတ်ကူး တင်ပြသည်။


http://zaw357.multiply.com/journal/item/707
မှာ 22. 10.2009 က ရေးထားတာပါ။

.
Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

လပ်တော့ပ်လို့ ခေါ်လို့ ရမယ်မထင်ဘူး။
desktop ပီစီ ကိုဘူးထဲထည့် desk ပေါ် ထားတာမို့  ဘူးပါတိတ်တွေလို ဘူးပီစီ လို့ ပဲခေါ်သင့်တယ်။
မယုံရင်ပေါင်ပေါ်တင်သုံးကြည့်ပါလား။ ဒီဘူြး ကီး တင်ထားရတာ ဘယ်လောက် ခံနိုင်မလဲလို့  ။
ကိုကိုကျော်

ကိုဇော် said...

Laptop ဆိုတာ ဘာကိုများ အဓိပ္ပါယ် ဖွင့်တာပါလိမ့်ဗျာ။
ဒီ စကားလုံးလေးကို ရှင်းပြပါလား။
ကျေးဇူးတင်ပါတယ်။

( တစ်ခုခုတော့ အရင် လုပ်ပြပါလား။ )

မြစ်ကျိုးအင်း said...

လပ်တော့ထမ်းဖို့လူလိုရင်ခေါ်ဗျာ :)

မြစ်ကျိုးအင်း said...

ကျနော်လုပ်ခိုင်းရင်တော့ မလုပ်တတ်ဘူးဗျ

ကိုဇော်တော်တယ် ၊ တော်တဲ့သူမို့လို့ တော်တယ်ချီးကျူးပါတယ်ဗျာ။ အပြုသဘောဆောင်တဲ့ အတွေးတွေးမှ လူကောင်းဖြစ်မှာ မဟုတ်လား

ကိုဇော် said...

ဟုတ်ပ...ကျေးဇူးတင်ပါတယ်။
laptop ဆိုတာ လက်ဆွဲ ကွန်ပျူတာ ဆိုတော့
ကျနော် လုပ်တာ မှန်တယ် လို့ ထင်မိပါတယ်။

အခု သုံးနေတာက HP Laptop ပါ။
ဒါက ကိုယ့်ဖာသာ စမ်းတဲ့ zaw357 Laptop လေ။
တူမှ မတူတာ..:)

~ဏီလင်းညို~ said...

ကိုဇော်ရေ.....
လုပ်စမ်းဘာဦးဗျ........
အနော့်ဖို့လည်း တစ်လုံးလောက်...။ မိုက်တယ်ဗျိုးးးးးး
ခင်မင်တဲ့
ဏီလင်းညို

nyimg said...

အောင်မလေး။။ လန်ထွက်နေပါလားဗျာ.. အဲဒါအတွက် ဘယ်လောက်အချိန်ယူခဲ့ရတုံးဗျ။

ကိုဇော် said...

တကယ်လားဗျ...ကိုဏီ လုပ်ထားလိုက်မယ်နော်။
နောက်မှ စက်ထဲကို သေတ္တာလေးထဲ ထည့်လိုက်ရုံပဲ။
ဒါက ကျနော် အကြမ်းလုပ်ထားတာပါ။
တကယ်လုပ်ရင် ဖိုင်ဘာ ပလတ်စတစ်နဲ့ လုပ်မှာပါ။

ပုံဆွဲစဉ်းစားချိန်က ၁ လခွဲလောက် ဒီဇိုင်းထုတ်ရပါတယ်။
လုပ်တာကတော့ ၁၀ ရက်လောက်ပဲ ကြာတာပါ။
ဘာမှ သေချာ ပစ္စည်းက မပြည့်စုံတော့လေ။

အားပေးတဲ့ အတွက် ကျေးဇူး။

Anonymous said...

<< ဒါပေမဲ့ ကျွန်တော်မှာ အခု လက်နက်ကိရိယာ မစုံလင်..။ လွှလေးတစ်လက် ၊ ပလာယာ ၊ ဝက်အူလှည့်လေးနဲ့ပဲ လုပ်ရတော့တယ်.။ >>

ပစ္စည်းမစုံဘူးသာ အစ်ကိုကပြောနေတာ ပုံတွေထဲမှာ ကိရိယာတွေက များလှပါလားဗျ။


<< ကျွန်တော် လက်တော့လေးက ဆေးသုတ်ဖို့ပဲ ကျန်တော့တယ်.။ >>

ကျနော်ထင်တာမမှားဘူးဆိုရင် ပုံထဲမှာ အရောင်တင်ဆီတောင် သုတ်ထားပြီးပြီလားလို့။

ဘာပဲဖြစ်ဖြစ်ဗျာ လုပ်ချင်တာကို လုပ်နိုင်ဖို့ ပစ္စည်းစုံစုံလင်လင်ရှိတာ အားကျစရာပါ။ ဘယ်မှာနေလည်း မသိဘူး.. နိုင်ငံချင်းတူရင် လာလည်ပြီး အဲ့လိုလေးတွေ ပေါင်းလုပ်ချင်လို့ပါ။

ကိုဇော် said...

ဒီလိုဗျ...
စာဖတ်တာ ကျန်ခဲ့လို့ နေမယ်။
ကျနော်လည်း လုပ်ပြီးရော သူငယ်ချင်းက သူ့ဆိုက်မှာ တင်ထားတယ် ဆိုတဲ့ ပုံလေးကို ပြတယ်လေ။
ဒီမှာ ကျနော် လုပ်ထားတာနဲ့ ကီးဘုတ်နေရာ မပါတာပဲ ကွာတယ်။ ဒါကြောင့် သူ့ရဲ့ ပုံတွေကိုပဲ တင်လိုက်တာပါ။
ကျနော့်မှာ ကင်မရာ မရှိတော့လို့ ဓါတ်ပုံ ရိုက်မတင်နိုင် လိုက်တာပါ။ အခုတော့ အားလုံး ပြီးစီးသွားပါပြီ။ အိမ်ပြန်ရင် Casing ကြီး သယ်မနေရတော့ဘူးပေါ့ဗျာ။

ကျနော်က မလေးရှား ကပါ။

ကျေးဇူးပါ။

ကိုကိုကျော် said...

laptop ပြောပြီး laptop ဆိုတာဘာလဲပြန်မေးနေလို့ definition လေးရေးပြမှဖြစ်တော့မည်ကိုး။

lap = the upper side of the thighs of a seated person
မြန်မာလို ပေါင်လို့ အနက်ရပါတယ်။
laptop ဆိုတာ ပေါင်ပေါ်မှာ တောင် တင်သုံးလို့ ရတဲ့အထိ ပေါ့ပါး တဲ့ ကွန်ပျူတာ အသေးစားကို တင်စားခေါ်တာပါ။
laptop ကို လက်ဆွဲရတဲ့ကွန်ပျူတာလို့ မခေါ်ပါဘူး။
ဒါကြောင့်ဘူးကွန်ပျူတာ လို့ ခေါ်ရင်ပိုမှန်မယ်ဆိုတာ ထောက်ပြတာပါ။ laptop ကိုဖွဲ့ စည်းထားတဲ့ အစိတ်အပိုင်းတွေအားလုံးဟာ desktop တစ်လုံးထဲ ထက်အင်မတန်သေးငယ်ပါတယ်။

desktop PCကို ဘူးထဲမရမက box ကြီးထဲထည့်ပီး မပေါ့မပါးသယ် သွားနေရမယ် ဆိုရင်တော့ မဟန်သေးဘူးလေ။ အလေးချိန်ချင်းမှ မတူတာ။ဒါကြောင့် laptop လို ပေါင်ပေါ်တင်သုံးကြည့်ပါလားလို့ အကြံပေးတာပါ။

စိတ်ဝင်စားလုပ် ကြည့်တာကောင်းပါတယ်။ ပီစီတစ်လုံးဘယ်လိုဆင်တယ် ခင်ဗျားသိသွားတာပေါ့ ။ ဒါပေမယ့် ပီစီကို ဘူးထဲထည့်တာ လပ်တော့ပ်လို့ ခေါ်လို့ မှမရတာ။

တစ်ခုခုလုပ်ပြပါလားဆိုတော့ ကိုယ်လုပ်ခဲ့တာတွေ ကို ကွန်မန့် လေးရေးဖို့  ဒီမှာ လာတင်ပြဖို့ လိုပါသလား။ ဘူးကွန်ပျုတာလို့ ဝေဖန်မိလို့  ကွန်မန့် မှာကောင်းတာ တွေပဲကြားချင်တယ်ဆိုရင် ကြို အသိပေးထားပေါ့ဗျာ။ ကျန်တဲ့သူတွေ အားပေးပါလိမ့်မယ်။ ဝေဖန်တာကို ခင်ဗျားစိတ်ဆိုးတယ် ဆိုရင်တော့ဆောရီးပါ။

ကိုကိုကျော်

ကိုဇော် said...

မှားနေပါတယ်ဗျ..
17 လက်မ ၊ 19 လက်မ ရှိနေတဲ့ လက်တော့ တွေ ဆိုရင်လည်း တစ်လုံးကို ၇ ကီလိုထိ လေးနေတတ်ပါတယ်။ ဒါကိုရော သိမယ် ထင်တယ်နော်။
သူတို့ကို ဘယ်သူမှ ပေါင်ပေါ်တင်မသုံးပါလား။ ဝေဖန်တာကို လက်မခံတာ မဟုတ်ပေမဲ့. . .
ဝေဖန်သူ ဘာတွေ များ လုပ်ထားလဲ ဆိုတာ သိချင်လို့. . မေးတာပါ။ တချို့က သူများကိုပဲ ပြောတတ်လို့လေ။

အိ said...

ဒါဆို Ladybird ဆိုတာကရော မိန်းမပျိုငှက် လား ပညာရှိကြီး ကိုကိုကျော် ရဲ့............

ကိုဇော်ရယ် အချိန်ကုန်ခံလို့ ပြန်ပြောနေတယ် ဖျက်ပစ်လိုက် စမ်းပါ...............

ကိုကိုကျော် said...

လပ်ပတော့ပ် ဘယ်သူမှပေါင်ပေါ်တင်မသုံးဘူးဆိုလို့ ဘာကြောင့် လပ်တော့ပ်ခေါ်လဲဆိုတာ အလွယ်ဆုံးနေရာဝီကီမှာသွားကြည့်ပါဦး။အောက်မှာ လင့်ခ ပေးထားပါတယ်။ ၉ ကီလိုထိလေးတဲ့ဟာတွေက လပ်တော့ပ်တွေ ပေါ်ဦးစက အလေးချိန်ပါ။ဒီနေ့ လပ်တော့ပ်တစ်လုံးဟာ ပေါ့သထက်ပေါ့လာပါပီ။ ဒီမှာကြည့်ပါ။
http://en.wikipedia.org/wiki/Laptop_computer

A laptop is a personal computer designed for mobile use and small and light enough to sit on a person's lap while in use.[1] A laptop integrates most of the typical components of a desktop computer, including a display, a keyboard, a pointing device (a touchpad, also known as a trackpad, and/or a pointing stick), speakers, and often including a battery, into a single small and light unit. The rechargeable battery (if present) is charged from an AC adapter and typically stores enough energy to run the laptop for two to three hours in its initial state, depending on the configuration and power management of the computer.

Laptops are usually notebook-shaped with thicknesses between 0.7–1.5 inches (18–38 mm) and dimensions ranging from 10x8 inches (27x22cm, 13" display) to 15x11 inches (39x28cm, 17" display) and up. Modern laptops weigh 3 to 12 pounds (1.4 to 5.4 kg); older laptops were usually heavier. Most laptops are designed in the flip form factor to protect the screen and the keyboard when closed. Modern tablet laptops have a complex joint between the keyboard housing and the display, permitting the display panel to swivel and then lie flat on the keyboard housing.

Laptops were originally considered to be "a small niche market" and were thought suitable mostly for "specialized field applications" such as "the military, the Internal Revenue Service, accountants and sales representatives". But today, there are already more laptops than desktops in businesses, and laptops are becoming obligatory for student use and more popular for general use. In 2008 more laptops than desktops were sold in the US and it has been predicted[who?] that the same milestone will be reached in the worldwide market as soon as late 2009[citation needed].

ကိုဇော်လုပ်ထားတာစိတ်ဝင်စားစရာကောင်းပါတယ်။ အခေါ်အဝေါ်လေး ဝေဖန် ထောက်ပြမိတာပါ။ ဟို ladaybird ဆိုတဲ့အမေးကတော့ ဒိကွန်မန့် နဲ့ မဆိုင်လို့ မဖြေတော့ပါဘူး။
အားလုဲံးကို ကျေးဇူးတင်ပါတယ်

အဆိပ်သင့်သူ said...

တော်တယ်နော်။

Anonymous said...

စိတ်တော့မရှိပါနဲ့ဗျာ... ကျွန်တော်လဲ Instrument တွေနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ပါ...။ အဲဒါတစ်ခြား Europe နိုင်ငံတစ်ခုမှာ Fabricate လုပ်ထားတဲ့ပုံလို့ထင်တာဘဲ.. အဆင်ပြေမယ်ဆိုရင် မြန်မာပန်းချီကား ဒါမှမဟုတ် မြန်မာမဂ္ဂဇင်း တစ်အုပ်နဲ့တွဲပြပေးပါလား????

ကိုဇော် said...

မဟုတ်ဘူးဗျ...ဟီးဟီး..
ဒါ ကျနော့် အမလိုနေတဲ့ မမွန် တရုတ်ပြည်က ရိုက်ထားတဲ့ ပုံပါ။ ကျနော် စာမှာ သေချာ ရေးထားတယ်လေ။
ဖြစ်ရလေ။

ဒီပို့စ်က တော်တော်ကြာပြီနော် ကျနော်ရေးထားတာ. . အခုမှ ဒီကို ပြောင်းတင်လိုက်တာ. . .

ကိုဇော် said...

ပျော်လိုက်တာဗျာ...
မာတီမှာ 22.10.2009 ရေးထားတာ လူတွေ ဒီလောက် စိတ်မဝင်စားဘူး။
ဒီမှာ တင်တော့မှ စိတ်ဝင်စားလိုက်ကြတာ . .
နေ့တိုင်း Update ဖြစ်အောင်တောင်မှ လုပ်ချင်သေး။
ကျနော်က သစ်သားနဲ့ အကြမ်းလုပ်ထားတာပါ။
အခု နောက်ဆုံး အချောသတ်တော့ ပလတ်စတစ် ဖိုက်ဘာ အမာသားနဲ့ပါ။
ဓါတ်ပုံရိုက်ပြီးရင် ပြပါ့မယ်။
ဘယ်သူရဲ့ အိုင်ဒီယာမှ မပါပါဘူး။
ကိုယ်ပိုင်ပါ..........လုပ်ပြီးမှ ဒီပုံကို မမွန်က ပြတာ . . သူ့ကို ပြောမိလို့။

ကျေးဇူး...အားလုံး ကျေးဇူး။

ဖိုးသား said...

လှလိုက်တာဗျာ..........ပြောမယ့်ပြောတာလုပ်ရတဲ့သူကမလွယ်ဘူးဗျ........အစ်ကိုရေညီလေးကိုတစ်လုံးလောက်လုပ်ပေးပါလား...........စက်ကဒက်စတော့ဆိုတော့ပြန်သယ်ဖို့ကမလွယ်လှဘူးလေဟီးဟီး......