မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 March 2010

5 အိပ်မက်သင်္ဘော






“ ကျွန်တော့် အိပ်မက် သင်္ဘောသာ ဆိပ်ကမ်းမှာ ဆိုက်တဲ့ အခါ. . . . . ”

ဆိုပြီး လူအများက တစ်နေ့နေ့မှာ ကောင်းသော ကံကြမ္မာ တစ်စုံတစ်ခု သူတို့ဆီ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပြီး မရေမရာ ရေရွတ်ကာ အချိန်ကုန်ခံ ထိုင်စောင့်နေတာ မြင်ဖူးကြမှာပါ။

ကိုယ့်ရဲ့ သင်္ဘော ဆိပ်ကမ်းကပ်ရောက်လာချိန်ထိ စောင့်ဆိုင်းမနေပါနဲ့။ သူများတွေ စိတ်ရှည်လက်ရှည် စောင့်စားနေတဲ့ အချိန်မှာ ကိုယ်က သူများတွေထက် ဆိပ်ကမ်းက လွန်ထွက်ကာ ဘဝပင်လယ်သို့ ထွက်သွားပြီး ကိုယ့် သင်္ဘောကို ရှာပါ။ မိုးကုတ်စက်ဝိုင်းအောက်မှာ ကိုယ့်သင်္ဘောကို မျှော်ငေးစောင့်စားရင်း အချိန်တွေ ကုန်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

အခုတော့ မိမိရဲ့ ယုံကြည်မှု ဆိုသော သံလိုက်အိမ်မြှောင်ကို ကိုင်ဆွဲကာ မိမိနဲ့ ဘယ်လိုမှ အကျွမ်းတဝင် မရှိခဲ့တဲ့ အဝေးဆီကို ရဲရဲဝင့်ဝင့်သွားပါ။ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်အနိုင်ယူပါ။ ကိုယ့်အတွက် ကံကောင်းခြင်း ဝန်စည်ကို သယ်ဆောင်ပြီး ဆိပ်ကမ်းကို ဆိုက်ရောက်လာနိုးဖြင့် မျှော်နေမိသော ပင်လယ်ပြင်ထဲမှာ မျောနေတဲ့ မိမိရဲ့ သင်္ဘောကို မိမိတစ်ဦးတည်း လိုက်ရှာပါ။ အဖော်မပါ၍လည်း စိတ်ပျက် ဝမ်းနည်းနေစရာ မလို။

ဘဝဆိုတဲ့ မုန်တိုင်း ၊ လောကဓံ ဆိုတဲ့ လှိုင်းပြင်းတွေကြောင့် ရေထဲမှာ မျောချင်တိုင်းမျောနေတဲ့ အိပ်မက်သင်္ဘောကို ဘာမှ မလုပ်ပဲ ကမ်းခြေမှာ ရောက်လာရင်တော့ ဘာတွေ လုပ်မယ် ဆိုပြီး ထိုင် စီမံကိန်းတွေ ချနေမဲ့ အစား မိမိရဲ့ မျှော်လင့်ခြင်း အိပ်မက် သင်္ဘောနဲ့ တွေ့ရဖို့ အခုပဲ လှေတစ်စီးယူကာ ချက်ချင်း ထွက်လိုက်ပါတော့လားဗျာ။

Source; Patience Strong ၏ Ship of Dreams
ကိုဇော်

30.3.2010 – 11.40 AM


.

Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ဟုတ်တယ်ကိုဇော်.. ငါ ငယ်ငယ်လေးတည်းက စိတ်ကူးယဉ်အိမ်မက်ဆိုတာ မရှိခဲ့ဘူး.. ဘာမဆို ကိုယ်လိုချင်တာကို ကိုယ်တိုင်ကြိုးစားမှ ရမယ်လို့ဘဲ ယုံကြည်ခဲ့တယ်... ကိုယ့်ဘ၀ကလည်း သူများတွေလို မလွယ်ကူခဲ့လို့နဲ့တူပါရဲ့......

Flower said...

ဟုတ်တယ် လာလိမ့်နိုးနဲ့ ထိုင်စောင့်နေလို့
မတော် စက်ပျက်လို့ ရောက်မလာခဲ့ရင်ဒုက္ခ
စိတ်ချရအောင် ကိုယ်က အရင်ဦးအောင်
သွားထားနှင့်တာ အကောင်းဆုံး..
ဒီလိုကြိုတင်ကြံစည်တဲ့ အကျင့်က ကောင်းတယ်..

သိင်္ဂါကျော် said...

အိပ်မက်သင်္ဘော ဆိုမှတော့ အိပ်မက်ထဲမှာပဲ ရှိလိမ့်မယ်လေ..ကိုယ့်ဆိပ်ကမ်းကိုတော့ ဆိပ်ကပ်လာမှာ မဟုတ်ဘူး..။

ကိုဇော် said...

အိပ်မက်ဆိုတာ ရည်ရွယ်ချက်တွေကို အထမြောက်အောင် တွန်းအားပေးတဲ့ အရာလို့ မှတ်သားဖူးပါတယ်။

Unknown said...

ဟုတ်ကိုဇော်ပေးချင်တဲ့ မက်ဆေ့လိုပါဘဲ
ပန်းတိုင်ကိုေ၇ာက်ချင်၇င် ကိုယ်ကပန်းတိုင်ကို
သွားမှ၇ပါလိမ့်မယ်..ပန်းတိုင်ကိုကိုယ်ဆီလာ
ဖို့ ထိုင်စောင့်နေလို့ ကတော့ ဘယ်တော့မှ
ပန်းတိုင်က ကိုယ့်ဆီကိုလာမှမဟုတ်ပါဘူး