မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 March 2010

3 ဖြတ်နည်း ၂ မျိုး




ဖြတ်နည်း ၂ မျိုး ရှိတယ်လို့ ကျွန်တော် တွေးမိပါတယ်။

၁။ အရက်ဖြတ်နည်း

၂။ ဆေးလိပ်ဖြတ်နည်း



၁။ အရက်ဖြတ်နည်း
အရက်သမား တစ်ယောက်ကို ကျွန်တော် ဥပမာ ယူပြပါ့မယ်။ အရက်သမား တစ်ယောက်က အရက်ဖြတ်ချင်တယ် ဆိုပါတော့ ၊ သူက စိတ်လည်း ပြတ်တယ်ပေါ့လေ။

ဒါပေမဲ့ . . နှစ်ပေါင်းများစွာ အရက်သောက်လာတာ ဆိုတော့ ဒါကို တတ်သိသော ဘယ်ဆရာဝန် မဆို သူ့ကို ..

“ ကဲ . . ဟုတ်ပြီ။ မနက်ဖြန်က စပြီး အရက်မသောက်နဲ့တော့လို့ ..။ ” 

ဘယ်သူမှ မပြောကြပါဘူး။ ဘာလို့လည်း ဆိုတော့ သူ နှစ်ပေါင်းများစွာ အရက်သောက်လာသောကြောင့် သူရဲ့ ကိုယ်ခန္ဓာကိုယ် အပူချိန် အပါအဝင် ၊ သူရဲ့ ခန္ဓာကိုယ် အတွင်းကလီစာတွေဟာ ချက်ချင်း အရက်မသောက်ရခင် အချိန်လို ပြန်လည် မလန်းဆန်းနိုင်ပါဘူး။

အရက်သမားတစ်ယောက် အရက်ဖြတ်မယ် ဆိုရင် . . .   သူ့ရဲ့ အရက်သောက်နှုန်းကို အရင်လေ့လာကြပါတယ်။ တစ်နေ့ ဘယ်လောက်သောက် သလဲပေါ့။ ဒါကိုကြည့်ပြီး သောက်နှုန်းကို လျော့သောက်စေကြပါတယ်။ တစ်နေ့ တစ်လုံးသောက်သူကို တစ်နေ့ တစ်ပိုင်းတစ်စိတ် သောက်စေမယ်။ ဒါကို သောက်လို့ အဆင်ပြေပြီဆိုမှ နောက် . . . တစ်ပိုင်းသောက်ခိုင်းမယ်။ နောက် . . .   တစ်စိတ် သောက်ခိုင်းမယ်။ နောက်မှ အရက်အစားထိုး ဆေးတွေချည်းပဲ သောက်ခိုင်းတော့မယ်။

ဒါကို အရက်ဖြတ်နည်းလို့ ခေါ်ပါတယ်။ သူ့ကို ချက်ချင်း သွား တုံးတိဖြတ်လို့မရဘူး။ ခန္ဓာကိုယ် အခြေအနေတွေက အဆင်သင့် မဖြစ်သေးတော့ အပူဓာတ်တွေ ဆုံးရှုံးရင်း လေဖြတ်တာတွေ ၊ တခြား ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အရက်ဖြတ်မယ် ဆိုရင် တဖြေးဖြေး ဖြတ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါတယ်။


၂။ ဆေးလိပ်ဖြတ်နည်း

ကျွန်တော့်ကို သူငယ်ချင်းတွေက ပြောကြတယ်။ ဆေးလိပ် ဖြတ်ချင်တယ် ကွာ။ ဖြတ်တာပဲ။ ထမင်းလေးစားပြီးရင်တော့ သောက်ချင်လာတယ်။ ညအိပ်ခါနီးလေး သောက်ချင်လာတယ်။ တစ်ဖွာ ၊ နှစ်ဖွာလောက်ဖွာ လိုက်ရမှ နေသာ ထိုင်သာ ရှိသွားတယ် ဆိုတာမျိုးတွေ။

မဟုတ်ပါ ၊ ဒါ တကယ်ကို မှားနေတာတွေပါ။ ဆေးလိပ်ဆိုတာ အရက် မဟုတ်ပါ။ ဆေးလိပ် တစ်နေ့ တစ်ဗူးသောက်နေသူကို တစ်နေ့ ဗူးဝက်ပဲ သောက်ရမယ်လို့ တားလိုက်ခြင်းဟာ သူ့ကို ဆေးလိပ် လျှော့သောက်စေတာ မဟုတ်ပါဘူး။

ဒီလို တစ်နေ့ တစ်ဗူး ( အလိပ် ၂၀ ) သောက်နေရာကနေ ၁၀ လိပ်ပဲ ဆိုရင်လည်း သူက အရင် အလိပ် ၂၀ နေရာမှာ အစားထိုးပြီး တစ်လိပ်နေရာမှာ တစ်ဝက်ကို ရအောင် အတင်းဖွာတော့မယ်။ ဘေးထွက် အငွေ့ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ အဆုတ်ကို အလုပ်ပေးပြီး လိုအပ်သော အတိုင်းအတာ ရအောင် အတင်း ဆေးလိပ်ငွေ့တွေကို ရှူလိမ့်မယ်။ ဒါဆိုရင် သူ ရဲ့ ကျန်းမာရေးဟာ ပိုပြီး ဆိုးရွားလာပါလိမ့်မယ်။

ဒါကြောင့် ဆေးလိပ် ဖြတ်မယ် ဆိုရင် အရက်လိုမျိုး တဖြေးဖြေး မျှင်းဖြတ်ရတာမျိုး မဟုတ်ပါ။ မျှင်းဖြတ်လေ ပိုရောဂါရလေလေ ပါပဲ။ ဒါကြောင့် ဆေးလိပ်ဖြတ်ချင်တယ် ဆိုရင်တော့ တုံးတိဖြတ်ရတာပါ။ ဆေးလိပ်ဆိုတာ ခန္ဓာကိုယ် အပူချိန်ကို ထိခိုက်မှု ဆိုတာလည်း အလွန်ရှားပါတယ်။


ဒါကတော့ ကျွန်တော် တွေးမိ ၊ သိထားသော ဖြတ်နည်းလေး နှစ်မျိုးပါပဲ။ အရက်မှ ဆေးလိပ်မှ မဟုတ်ပါဘူး။ တခြားသော လူဘဝထဲက အရာတွေမှာလည်း သင့်တော်သလို သုံးနိုင်ပါတယ်။ အရက်ဖြတ်သလို နည်းလမ်း ၊ ဆေးလိပ်ဖြတ်သလို နည်းလမ်း ဆိုပါတော့။

လေးစားစွာဖြင့်

ကိုဇော်

http://zaw357.multiply.com/journal/item/701 မှာ 20.10.2009 က ရေးထားတာပါ။

.
Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

ချော said...

ကောင်းတယ်
ကောင်းတယ်
ခုလို ကိုယ်ဖြတ်ခဲ့တုန်းက အတွေ့အကြုံတွေ သူများတွေကို ပြန်မျှဝေတာ သိပ်ကောင်းပါတယ်..
စိတ်ဓာတ်မကျနဲ့ကိုဇော်
အရက်သမားကနေ ဘလောဂ်ဂါတောင် ဖြစ်လာသေးတာ
ကျန်တာက အသေးအဖွဲပါ................. :)

Anonymous said...

တစ်ခြားဖြတ်နည်းတွေလည်း သိချင်ပါတယ်
ဥပမာ အင်တာနက် chatting နဲသွားအောင်

ကိုဇော် said...

ဘယ်အရာမဆို ဒီနှစ်နည်းနဲ့ပဲ ဖြတ်ပါ။
အဆင်ပြေပါတယ်။
ဥာဏ်ကိုတော့ သုံးပေါ့။