မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 March 2010

8 သက်ရောက်မှု

.

ငယ်ငယ်က ဗဟုသုတပြည့်တဲ့ ကျွန်တော့် အဖေက ပြောတော့ ကျွန်တော့်မှာ အံ့သြမှုတွေနဲ့ ဝေ့သီနေတဲ့ မျက်လုံး တစ်စုံကို တပ်ပြီး နားထောင်မိတယ်။

“ ကမ္ဘာတစ်ဘက်က ဘရာဇီးနိုင်ငံမှာ လိပ်ပြာလေး အတောင်ပံခတ်တာက ကမ္ဘာတစ်ဘက်က အာဖရိကတိုက်မှာ လေပြင်းမုန်တိုင်းတွေ ကျနိုင်တယ်။ ”

“ ကမ္ဘာတစ်ဘက်က ကလေးငယ်တစ်ယောက် မြစ်ထဲကို သေးပေါက်ချတာက ကမ္ဘာတစ်ဖက်မှာ ရေကြီးသွားနိုင်တယ်။ ”

“ ကမ္ဘာတစ်ဘက်က လူတစ်ယောက် မြစ်ထဲမှာ လှိုင်းထအောင် ရေကူးလိုက်ခြင်းက ကမ္ဘာတစ်ဖက်ခြမ်းမှာ ဒီရေတွေ ဖုံးလွှမ်းသွားနိုင်တယ်။ ”

“ ကမ္ဘာတစ်ဘက်က လူတစ်ယောက် လက်ခုပ်တီးလိုက်တာမှာ ကမ္ဘာတစ်နေရာမှာ တောင်တွေ ပြိုကျသွားနိုင်တယ်။ ”

ငယ်ငယ်က ဒီလိုလေးတွေ ကြားဖူးတာမှာ တအံတသြ နားထောင်ခဲ့ရပေမဲ့ ကြီင်္းလာလို့ ပထဝီရဲ့ သဘောတရားလေးတွေ သိလာတော့ တကယ်ကို ဖြစ်နေနိုင်တယ် ဆိုတာ သိလာရတယ်။ ဒါ သက်ရောက်မှု တွေလေ။

ဒီကြားထဲ သူငယ်ချင်း တစ်ယောက် ကြားခဲ့ရတာလေးကို တဆင့်ပြန်ပြောတော့ ပိုပြီး အတွေးကို ပွားစေခဲ့တယ်. . .

အိမ်နားမှာ ညီအစ်ကို နှစ်ယောက် ဆော့နေရာကနေ ရန်ဖြစ်ကြတယ်။ အမေက ဘေးမှာ ရှိနေပေမဲ့ ဘာမှ မပြောဘူး။ ရန်ဖြစ်ရာကနေ အစ်ကို လုပ်တဲ့ အကြီးက ညီလုပ်သူကို ဆဲလိုက်တယ်။ ရိုင်းရိုင်းဆိုင်းဆိုင်း စရိုက်တွေ ဆိုတော့ သူတို့ထုံးစံပဲပေါ့။

“ ငါ --- မသား။ ”

တဲ့။ ဒီတော့ အမေလုပ်သူက “ ဟဲ့. . ဘာလို့ ဆဲတာလဲ။ ” ဆိုပြီး မဆုံးမပဲ။ သားအကြီးကို ဆုံးမတဲ့ စကားက ကဗျာ မဆန်ပေမဲ့ တွေးစရာပါလာတယ်။

“ နင်က နင့်ညီကို ဒီလိုပြောတော့ . . နင်က “ မအေ---- ” ပေါ့။ ”

တဲ့။ ကျွန်တော် ဟာ ခနဲ ဖြစ်သွားတယ်။ ကောင်းလိုက်တဲ့ ဥပမာလေးပဲ။ လူတွေဟာ ကိုယ့်ကပဲ သူများကို ပြောချင်နေတာ။ သူများကို ပြောလိုက်တဲ့ ရိုင်းစိုင်းတဲ့ စကားက ကိုယ့်ကို ဘယ်လို ပြန်ပြီး သက်ရောက်တယ် ဆိုတာကို မစဉ်းစားမိကြဘူး။ ကိုယ်ကပဲ ဖိပြောလို့ ကိုယ်အနိုင်ရပြီ ထင်တတ်ကြတယ်။ ကိုယ်ပြောသမျှ စကားမှာ ကိုယ့်အတွက် သက်ရောက်မှုတွေ ရှိတယ်။

မလှပပေမဲ့ ဒီဥပမာလေးကို ကျွန်တော် နှစ်သက်တယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဒီနေ့ မနက်.....

အလုပ်သိမ်းခါနီးမှ. . . . အရင်က ထုတ်ထားတဲ့ Memo တစ်စောင်က အခုမှ Active ဖြစ်ပါတယ်လို့ ပြောပါတယ်။ ဘာလို့လဲ ဆိုတော့ အလုပ်မှာ တရုတ်မ တစ်ယောက် အသစ်ဝင်လို့ ဖြစ်တယ်။

ဒီအတွက် သက်ရောက်မှုက နောက်ဆိုရင် အခု ကျွန်တော် လုပ်နေသော ညဆိုင်း စာရင်းတွေကို လုပ်စရာ မလိုတော့တာပဲ။ အသစ်ဝင်တဲ့ တရုတ်မကတော့ ညဆိုင်းမှာ လာမလုပ်ပါ။ ညဆိုင်းမှာ စူပါတွေနဲ့သာ သူ့ဖာသာ ဆက်လက် လည်ပတ် သွားပါလိမ့်မယ်။ ဒါကလည်း အရင်က ကိုယ်က တောင်းဆိုမိတာ။

ဒီတော့ ကျွန်တော်က ထိုင်နေရတော့မှာတော့ မဟုတ်ပါ။ ဒါကြောင့် လူတောင်းထားသော စူပါ ၄ ယောက်ထဲမှာမှ ကျွန်တော် အလုပ်က ဘယ်ကို ရောက်မယ် မှန်း မသိ။ အခု Store နေရာမှာပဲ ဆိုရင် နေ့ဆိုင်းပြောင်းရရုံသာ။ Marketing ဆိုရင်တော့ စူပါ သွားလေရာ ကားတစ်စီးနဲ့ ရွေ့လျားခြင်းပေါ့။ ထုတ်လုပ်ရေးဘက် ဆိုရင်တော့ တောကျတဲ့ စက်ရုံဆီကို ပြောင်းရပြီ။

ဒါကြောင့်. . . . . . . . . . . . . . .

မရေရာ မသေချာတဲ့ လောကကြီးမှာ ဘယ်အရာမှ မတည်မြဲပါဘူး။ ဒါကြောင့်လည်း ကျွန်တော် အားလုံးကို ခံယူနိုင်စွမ်းရှိစွာ နဲ့ပဲ အရာရာ ပြင်ဆင်ထားပါတယ်။ ဒီအတွက် ကျွန်တော် အားရင် အားသလို စာတွေ ဆက်တိုက်ရေးခဲ့တာပါ။ ကျွန်တော့်ကို ခင်မင်စွာ Comment ပေးခြင်း ၊ မပေးခြင်း ကျွန်တော် စောင့်မနေပဲ ကျွန်တော် ရေးလို့ရသလောက် စာတွေ ဆက်တိုက် ရေးသွားခဲ့ပါတယ်။

ကျွန်တော် အချိန်ရှိသလောက် အစွမ်းကုန် ကြိုးစား ရေးခဲ့ပါတယ်။

အခုတော့ ညဆိုင်းလို အေးချမ်းစွာ ကျွန်တော် စာရေးနိုင်တော့မယ် မဟုတ်တော့ပါ။ အချိန်လုရင်းနဲ့ပင် ဒီစက်ရုံမှာပဲဆို ကျွန်တော် စာရေးဖို့ အချိန် ခက်သွားပါတော့မည်။ ဒါဆို တစ်နေ့ တစ်ပုဒ်တောင်မှ တင်နိုင်ဖို့ မလွယ်။ ဒါပေမဲ့ ရက်ခြားတော့ ကျွန်တော် ဆက်ရေးလို့ ရပါသေးတယ်။

ထုတ်လုပ်ရေးဘက်ကို ဆိုရင်တော့ တောကျတဲ့ နေရာမို့ ကျွန်တော့် အင်တာနက် ဝါယာလက်က မိဖို့ မလွယ်တော့ပါ။ ဒါဆိုရင်တော့ ကျွန်တော် ဘလော့လေးကိုပါ နှုတ်ဆက်ရပါတော့မယ်။ မရေးချင်လို့ မဟုတ်ပါ . . . ရေးမဖြစ်တော့လို့ပါ။ တစ်ပတ်တစ်ပုဒ်တောင်မှ တင်မိဖို့ မလွယ်။


ဒါကြောင့် ကျွန်တော် တင်သမျှကို စိတ်ဝင်တစား ဖတ်ပေးသော စာဖတ်သူ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်။

* ကျွန်တော့်ကို ချစ်သော
* ကျွန်တော့်ကို မုန်းသော
* ကျွန်တော့်ကို ဘယ်လိုမှ မနေသော


စာဖတ်သူများ ၊ ရေးဖော်သူငယ်ချင်းများ ၊ ခင်မင်ရသူများကို ဘာမှ မသေချာသော လောကကြီးမှာ သေချာစွာ ကျွန်တော် ကြိုတင်စွာ နှုတ်ဆက်သွားပါတယ်။

အခြေအနေ အရ ဖြစ်နိုင်ခဲ့ရင်တော့ ကျွန်တော် ရတဲ့ အချိန်လေးမှာ
စာတွေ ရသလို ဆက်တင်ပါ့မယ်။ မဖြစ်နိုင်ခဲ့ပြီ ဆိုရင်တော့. . . . .

“ ကမ္ဘာတစ်ဖက်က မျက်စောင်းလေးပဲ ထိုးလိုက်တာပါ။ ဒါပေမဲ့. . . ကမ္ဘာတစ်ဖက်က ကျွန်တော့် ဘက်မှာတော့ဗျာ. . . .

အ . . .လဲ . . . လဲ. . . အ . . .ကွဲ . . . ကွဲ . . .။ ”


*** စာဖတ်ကြသူ သူငယ်ချင်းများ ပျော်ရွှင်ပါစေသား။ ***


ခင်မင်လေးစားစွာဖြင့်
ကိုဇော်
( 22.3.2010 - 12.17 PM )

.


Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

ချစ်ကြည်အေး said...

ဟယ် ဘယ်လိုဖြစ်တာတုန်း ခုတလော အဲဒါမျိုးတွေပဲ ကြားနေရပါလား....စာရေးတာကိုတော့ မရပ်ပါနဲ့ဟယ်...အကြမ်းခြစ်ထားပြီး ကော်နက်ရှင်ကောင်းရင် ကောင်းသလို တင်လေ...တပတ်မှာ ပိတ်ရက်တော့ ရှိမယ် မဟုတ်လား...စိတ်မကောင်းအောင် မလုပ်ပါနဲ့အေ....

bravo said...

ကျနော် ဒီိပို့(စ်)လေးဖတ်ရတာ ကျေးဇူးပါ
ကျနော်လည်း တစ်ခါတစ်လေ ရိုင်းရိုင်းစိုင်းစိုင်းတွေ
ပြောမိတယ်ဗျ
နောက်ပြင်ဆင်ရဦးမယ်

violet said...

အေးလေ မိဇော်၇ယ်
ညည်းကလည်းအေ
ညည်းကလည်း အဲလိုပြောတော့ တို့တွေက ဘယ်စိတ်ကောင်းမှာလဲလို့..
အခွင့်ရတာနဲ့ ပိုစ့်တွေတင်ပေါ့..
တစ်ပတ်စာစုထား..
ညည်းကရေးစရာပေါပါတယ်အေ..
ဘယ်နေရာရောက်ရောက် ရေးထားစမ်းပါ..
စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့
မိညိုတို့မိမြစ်တို့လဲဘယ်စိတ်ကောင်းမှာတုန်း..
သူတို့ အဖွဲ့ဝင်လျှော့ပြီဆိုပြီးလေ..
အားမလျှော့နဲ့... ဘယ်နေရာရောက်ရောက် စာရေး..

မိချော

မြစ်ကျိုးအင်း said...

စိတ်မကောင်းဖြစ်ရတယ် မိဇော်ရေ ။ အင်တာနက်နဲ့ ဝေးနေလည်း တွေးမိသမျှကို မှတ်စုနဲ့သာအတိုချုပ်ပြီး မှတ်ထားပေါ့။ ရတဲ့အချိန်တင်ပါလေ။
အဟောင်းဆုံး ပို့စ်ကနေ စပြီး တစ်နေ့တစ်ပုဒ် ပြန်တင်ရင် တနှစ်လောက် တင်လို့ရပါတယ်။ ကာယကံရှင်မရှိရင်တောင် ရှင်သန်နေအုံးမှာပါ။
ဒါက အဆိုးဆုံးကို ပြောပြတာပါ။
အရင်လောက်အချိန်မပေးနိင်တာ တခုပဲ ဖြစ်လာနိင် မှာပါ။ အညိုသိရင်လည်း စိတ်မကောင်း ဖြစ်ရမှာ။
သူကလည်း အယ်တဲ ငယ်တတ်တယ်။

အမည်မဲ့ said...

အဆင်ပြေပါစေရှင်။
အားတဲ့အချိန်ရေးလို့ရတာပဲလေ။
၂၄ နာရီအလုပ်လုပ်နေရတာမှမဟုတ်တာပဲ။
အားတဲ့အချိန်လေး Word ထဲရေးပြီးသိမ်းထားပေါ့။
လိုင်းတတ်လို့ရချိန်လေးမှာတင်ပါလား။
အားပေးနေပါ့မယ်...။

Only U said...

အဆင်ပြေပါစေ...သူငယ်ချင်းရေ။
နင်ဖြစ်ချင်တာတွေ တစ်နေ့ဖြစ်လာမှာပါ။
အားတင်းထားနော်။

Unknown said...

ပုစွန်ခြောက်ကိုလည်းကြိုက်တယ်
ပုစွန်ခြောက်ဥပမာကိုလည်းကြိုက်တယ်..
ဘယ်နားေ၇ာက်ေ၇ာက်စာလေးတွေဆက်ေ၇းနေစေချင်ပါတယ်ဗျာ

~ဏီလင်းညို~ said...

ကိုဇော်......
ဒီလိုပဲလေဗျာ.......
ကျွန်တော်ဆိုလည်း အဲ့သလိုပါပဲ.......
ရေးချင်လို့သာရေးနေတာပါ.....
ကွန်ပျူတာနဲ့ ရေးချိန်၊ စက်သုံးချိန်က တစ်နေ့ သုံးလေးနာရီလောက်ပဲလေ......အိမ်ပြန်ရောက်မှကိုးးးး
အလုပ်ထဲမှာ ပဲ ဆယ့်နှစ်နာရီလုံးလုံးပဲလေ.....။
အလုပ်ထဲမှာလည်း ထိုင်နေ၇တာသိပ်မရှိတော့ ကင်တင်းဆင်းတဲ့အချိန်စာအုပ်လေးနဲ့ ရေးရတာပါဗျာ......။
ရေးချင်ရင် ဖြစ်လာမှာပါ......။
ပျော်အောင်နေလေ......း))
ခင်မင်တဲ့
ဏီလင်းညို