မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 March 2010

2 ငါးသလောက်ကိုသွေးမတတ်အောင်ချက်နည်း



တော်တော်များများသည် ငါးသလောက်ဟု ကြားလျင်ပင် သွေးတတ်ချင် ကြတာသဘာဝလို ဖြစ်နေပါတယ်။ ငါးသလောက်စားပြီး တကယ်လည်း သွေးတတ်ကြပါတယ်။ သွေးတတ်ခြင်း၏ အဓိကတရားခံမှာ ငါးသလောက်တွင် ပါသောတက်ကြောကြောင့် ဖြစ်ပါတယ်။ တက်ကြောမှာ ငါးသလောက်၏ အကြေးခွံအောက်၊ အသားနှင့်ကြားတွင် တည်ရှိသော အလွှာဖြစ်ပါတယ်။ ထိုတက်ကြောကို ဖယ်ပြီးချက်ပါက သွေးတက်ဆိုတောင် မတက်နိုင်ပါ။

လုပ်ပုံလုပ်နည်းမှာ ငါးသလောက်ကို အကြေးခွံထိုးပြီး ခေါင်းကို ဇက်ရင်းနားက ကပ်ပြီး ဖြတ်လိုက်ပါ။
ခေါင်းပိုင်းကို ခဏဖယ်ပြီး ကိုယ်လုံးပိုင်းဖြတ်လှီးထားသော ဇက်ရင်းအပေါ် တစ်ဖက်တစ်ချက်မှာ အပ်ချည်ကြိုး ဖြူဖြူလေးလို ခပ်ပြားပြား ဖြူဖြူလေးကို တွေ့ပါလိမ့်မယ်။ အဲဒါဟာတက်ကြောပါပဲ။ အဲဒီတက်ကြော နှစ်ချောင်းလုံးကို ဖယ်ထုတ်ပြီး ချက်စားစား၊ ကြော်စားစား၊ ပေါင်းစားစား၊ ကင်စားစား သွေးမတက်နိုင်တော့ပါ။


သူငယ်ချင်းတစ်ယောက် ပို့ပေးပါတယ်။



http://zaw357.multiply.com/journal/item/705 မှာ 21.10.2009 က ရေးထားတာပါ။
.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

~ဏီလင်းညို~ said...

ကိုဇော်ရေ.....
ဖတ်ရင်းနဲ့တောင် ငါးသလောက်ဟင်းနဲ့ ဆွဲချင်လာပြီ....ဟီးးးး
ခင်မင်တဲ့
ဏီလင်းညို

ဂျူနို said...

ဒီလို ဆိုရင် သွေး မတက်ဘူးပေါ့။ မှတ်သွားပါတယ် ကိုဇော်ရေ။ ငါးသလောက် ဇက်ဖြတ်ပြီး ဒီတက်ကြောကို ဆွဲထုတ် ကြည့်လိုက်အုန်းမယ်။:))

မအယ်