မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 March 2010

1 အရာရောက် စကားလုံးများ





365.78 ကို 41.20 နဲ့ စားသော အခါမှာ 8.87815533980582527184466019417 ဆိုတာ ရလာပါတယ်။ ဒါကို အရာရောက် ဂဏာန်းသုံးလုံးဖြင့် ပြပါလို့ ပြောလာတဲ့ အခါမှာ ကျွန်တော်တို့ ဒီလို ရေးပိုင်ခွင့် မရှိတော့ပါဘူး။

ဒါကြောင့် အရာရောက် ဂဏာန်း သုံးလုံးပုံစံဖြင့်သာ ဖော်ပြရပါတော့မယ်။ ဒါကြောင့် ဒသမ နောက်မှာ ဂဏာန်းတွေ အများကြီးဖြင့် ဖော်ပြခွင့် မရှိတော့ပဲ။ အရာရောက် ဂဏာန်း သုံးလုံးဆိုသော ပုံစံဖြင့်သာ ဒသမ နောက်မှာ ဖော်ပြပိုင်ခွင့် ရှိပါတော့တယ်။

~~~~~ @ @ @ ~ ~ ~ ~ ~

ကျွန်တော်တို့ အခု ကျင်လည်နေသော လောကကြီးမှာရော ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ပြုမူကျင့်သုံးနေထိုင်တဲ့ နေရာမှာ အရာရောက်သော စကားလုံးများဖြင့် ပြောဆိုမိကြရဲ့လား။ အပေါ်ယံ လူမှုရေးအရ လူမြင်ကောင်းအောင် ယဉ်ကျေးမှု အရေခြုံပြီးပဲ ပြောနေပါသလား။

ဟိုတစ်နေ့က ဘာရယ် မဟုတ်ပဲ ကလေးတွေ လေ့ကျင့်ပေးတဲ့ နေရာက ကျောင်းကပွဲလေး တစ်ခုကို မထင်မှတ်ပဲ ရောက်သွားတော့ အဲဒီမှာ ကလေးတွေကို ဟာသအဖြစ် ဖျော်ဖြေရင်း ပညာပေးနေတာလေး ကြည့်လိုက်ရတယ်။ အဖြစ်အပျက်လေးကတော့ တိုလွန်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို အတွေးတွေ အများကြီး ပေးတော့တာပါပဲ။

အဲဒီမှာ အရာရောက်သော လုပ်ဆောင်ချက် ၊ စကားအကြောင်းကို “ မင်းနာမည် ဘယ်သူလဲ။ ” ဆိုသော သူနာမည်ကို ကိုယ်က သိအောင် လုပ်ရတဲ့ သရုပ်ဆောင်ကွက်လေး နဲ့ ခပ်ရွှင်ရွှင် သရုပ်ဆောင်ထားတယ်။

လူတစ်ယောက်က လူတစ်ယောက်ကို လှမ်းမေးတယ်။ ခပ်ရိုးရိုးလေးပါပဲ။ နာမည် သိချင်လို့ မေးတာ။

“ May I Know your name, Please ? ”

မင်းနာမည် ဘယ်သူလဲကို အယဉ်ကျေးဆုံးနဲ့ မေးလိုက်တာပါ။ နောက်. . .

“ Can I know your name? ”

“ Can you say, your name ? ”

“ What is your name ? ”

“ Name, please ? ”

“ your name ? ”

“ Name ? ”

ဒီလို ပြလာရာကနေ နောက်ဆုံးတော့ ရှေ့က လူ သုံးယောက်လောက်ကို ဒီလိုပဲ နာမည်တွေ မေးသွားတယ်။ နောက်က လူအလှည့်လည်း ရောက်ရော နာမည်မေးပြီး ရေးမှတ်နေတဲ့ သူက သူ့ပါးစပ်ကနေ ဘာမှ မပြောတော့ပဲ။ နောက်က လူကို မျက်စလေးပဲ ပစ်ပြလိုက်တယ်။

ရှေ့ကလူတွေ အားလုံးကို နာမည်မေးပြီး မှတ်နေတယ် ဆိုတော့ ဒီလူကလည်း ငါ ကို မေးနေတာပါလား ၊ ငါကလည်း နာမည်ကို ပြန်ဖြေရမှာပါလား ဆိုပြီး အလိုလို သိသွားခဲ့တယ်။ ဒါကြောင့် သူက ဘာမှ မေးသံ မပေါ်လာပေမဲ့ သူက အလိုလိုပဲ သူ့နာမည်ကို ဖြေပြီး လျက်သား ဖြစ်သွားတယ်။

ဒီလူလည်း ဖြေပြီးရော ဘေးက လူတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတယ်။ အရမ်းကို ကောင်းတဲ့ Performance Art လေး တစ်ခုပါပဲ။ Seance လည်း မလိုခဲ့ဘူး။ ကျွန်တော့်ကို အတော်အတွေးတွေ ပေးတော့တာပဲ။

လူတွေလည်း တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆက်ဆံနေတဲ့ နေရာမှာ ဘာလို့ အရာရောက်သော စကားများနဲ့ အချိန်ကုန်သက်သာအောင် မပြောနိုင်ရမှာလဲ ၊ တစ်ယောက်နဲ့ တစ်ယောက် ပြုမူပြောဆိုသော အချိန်မှာ ဘာလို့ အရာရောက်သော အမူအရာများနဲ့ အချိန်ကုန်သက်သာအောင် မပြောနိုင်ရမှာလဲ။

ဒါကြောင့် စကားကို လိုရင် လိုသလို ရှည်ရှည် အစတွေ ထုတ်ပြီး ပြောပေမဲ့ မလိုရင် တိုတို ထိထိ မိမိ ပဲ ပြောဖြစ်တော့တယ်။ စာတွေမှာလည်း ညှစ်ပြီးသာ တိုတိုပဲ ရေးမိတော့တယ်။ အမူအရာတွေကို တိုတိုနဲ့ ပြီးပြတ်ဖို့ ထိထိမိမိ ဖြစ်အောင် လေ့ကျင်ယူမိတယ်။ ဒီအထဲမှာမှ စကားလုံးတွေထဲမှာ ထည့်ရေးပြီး ပုံဖော်ရတာ သိပ်တော့ မလွယ်။

ဒါပေမဲ့ ကျွန်တော် အောက်ပါ အတိုင်း စဉ်းစားမိလိုက်သေးတယ်။

ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် ချစ်သူဖြစ်ပြီး ချိန်းတွေ့ကြတယ်။ နောက်တော့ ကောင်လေးက ကောင်မလေးကို . . . အင်း . . အဲ . . ဟို. . အင်း . . မွှေးမွှေးပေးချင်တယ် ( အာဘွား ) ဆိုပါစို့။ ဒါကို

“ ကောင်လေးသည် ကောင်မလေးကို ခွင့်တောင်းကာ မွှေးမွှေးပေးသည်။ ”

လို့ ကျွန်တော် မရေးချင်ဘူး။

ဒီတော့ အထက်က ကလေးတွေ ရဲ့ သရုပ်ပြပွဲမှာ ကျင့်သွားတဲ့ အသံမဲ့ အတိုင်း ကျွန်တော် စာမဲ့လေးနဲ့ ကောင်လေးက ကောင်မလေးကို နမ်းတာကို ဒီလို ဖော်ပြချင်တယ်ဗျာ။



ကောင်လေးသည် ကောင်မလေးနားသို့ တဖြေးဖြေးတိုးလာကာ ကောင်မလေး အနားသို့ အရောက်. . .

“ ဟိုလေ. . ပါးလေးကိုလေ နည်းနည်းလေးတော့ နမ်းချင်တယ် ၊ ခွင့်ပြုမလား . ဟင်။ ”

ဒါဆို ရှက်နေတဲ့ ကောင်မလေးက ခွင့်ပြုပြု ၊ မပြုပြု သူက အာဘွားတယ်ပေါ့ . . . ဟဲဟဲ ထားတော့။ နောက်တစ်မျိုး . . .

“ ပါးလေးကို နည်းနည်း နမ်းချင်တယ်နော်။ ”

“ ပါးလေးကို နမ်းခွင့်ပြုနော်။ ”

“ ပါးကို နမ်းမယ်နော်။ ”

“ နမ်းချင်တယ်။ ”

“ နမ်းမယ်။ ”

“ ရွှတ်. . . ”

ဒါကတော့ စကားပြောသံကို မပါတော့ဘူး။ မြည်သံစွဲ နဲ့တင် ကိစ္စ ပြီးတယ်။ ဒါပေမဲ့ ကျွန်တော်က အသံကို မပါချင်ပဲ သရုပ်ဖော်ချင်တော့. . .ဒီလိုပဲ ရေးချလိုက်တယ်ဗျာ။

*


ဒါကြောင့် အစအဆုံး ပြန်ကောက်ပြီး ရေးရရင် . . . .

ကောင်လေးသည် ကောင်မလေးနားကို တဖြည်းဖြည်း တိုးလာကာ ကောင်မလေး အနားသို့ အရောက်. . .

*

ဘာရယ်တော့ မဟုတ်ပါဘူး။ အချိန်ဆိုတာ တန်ဖိုးရှိတော့လေ အရာရောက်သော စကားလုံးများကို သုံးစွဲနိုင်ဖို့ အတွက်ပါ။

ပျော်ရွှင်ပါစေ
ကိုဇော် ခံစားတင်ပြသည်။


.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

~ဏီလင်းညို~ said...

ကိုဇော်......
အတွဲမရှိတဲ့ အနော်တို့ကျတော့ ဘီသူ့ကို ဘီလို မွှေးမွှေးပေးရမီလဲဟင်င်င်င်င်.......း)))
ခင်မင်တဲ့
ဏီလင်းညို