မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


29 March 2010

4 သတိရနေစေတဲ့ အရာများ





ကျွန်တော်တို့ဘဝမှာ ဝမ်းနည်းကြေကွဲ နေရတဲ့အခါ ဖြေသိမ့်နိုင်စေဖို့ ပြန်စဉ်းစားရင် သတိရနေစေတဲ့ အရာများစွာ အမြဲတမ်း ရှိနေပါတယ်။ ကြုံခဲ့ဖူးတဲ့ ချီးမွမ်းသံများ ၊ ရရှိခဲ့ဖူးသော နှစ်သက်ဖွယ်ရာ အချိန်လေးတွေ ၊ ပြန်တွေးမိရင် စိတ်ဓါတ်တွေ တတ်ကြွလာစေတတ်တဲ့ အတိတ်က ဖြစ်ရပ်တွေ ၊ ဒီအဖြစ်အပျက်များက ကျွန်တော်တို့ စိတ်ဝိညာဉ်ကို အမြဲပြန်လည် အားဖြည့်ပေးနိုင်သော သတိရနေစေတဲ့ အရာများကို မိမိဖာသာ ပြန်လည် ရှာတွေ့နိုင်ပါတယ်။

လူတိုင်းမှာ သတိတရ ပြန်တွေးကြည့်မယ် ဆိုရင် ပြန်လည် မတွေးမိ ၊ မစဉ်းစားနိုင်လောက်အောင် ကောင်းကျိုးပြု အရာများ ချို့တဲ့မနေကြပါ။ စိတ်ညစ်ကြေကွဲမှု ဆိုသော အရိပ်မည်းကြီး ဖုံးလွှမ်းခံရသူဟာ ဝမ်းမြောက် ဝမ်းသာစွာ မရှိနေနိုင်ပါ။ သို့သော် စိတ်ပျက် ဝမ်းနည်း အားငယ်နေတဲ့ အချိန်မှာတောင်မှ ဝမ်းမြောက်ဝမ်းသာစွာ ဖြစ်စေနိုင်တဲ့ သတိရနေစေသော အရာများ ရှိနေပါသေးတယ်။ ဘယ်လိုပဲ အဖြစ်အပျက်ဆိုးများစွာ ကြုံနေရပါစေ သတိတရ ဝမ်းမြောက်စရာ တစ်ခုခုတော့ ရှိနေပါတယ်။ အရင်က မိမိကိုယ်တိုင် ဝမ်းမြောက်ကြည်နူးစေခဲ့တဲ့ သတိရနေစေတဲ့ အရာများကို ပြန်လည် သတိရပြီး ပြန်လည် တတ်ကြွစေနိုင်ပါတယ်။


ထိုအရာများက ဘယ်တော့မှ အိုမင်းခြင်း မရှိနိုင်သော အရာများသာ ဖြစ်ပါတယ်။ အချိန်ပေါင်းများစွာ ကျော်လွန်ဖြတ်သန်းသွားပါစေ သူတို့ကတော့ အိုမင်းခြင်း မရှိပါဘူး။ ထိုအရာများက မိမိ တန်ဖိုးထားခဲ့သော အိပ်မက်များ ၊ နှစ်သက်မိသော လက်ဆောင်များ ၊ ပြန်လည် သတိရနေတတ်သော အမှတ်တရ ဖြစ်ရပ်များ ၊ မေတ္တာတရားများ ၊ ခင်မင်ရင်းနှီးသော ပန်းပွင့်လေးများ ၊ နှစ်ပတ်လည် လက်ဆောင်များ အစရှိသော သတိရစေနိုင်သော အရာများက မိမိကို စိတ်ပျက် ဝမ်းနည်းကြေကွဲနေမှုမှ ပြန်လည် အားပေး ဆွဲခေါ်သွားပါလိမ့်မယ်။

Source; Patience Strong ၏ Something to Remember
ကိုဇော်
29.3.2010. – 6.07 PM




.
Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

မြစ်ကျိုးအင်း said...

မိဇော်လည်း အတွေးတွေများနေပုံပဲ အညို့လိုပဲ အိမ်ထောင်ရက်သား ချပေးလိုက်အုံးမှပဲ။။။

Unknown said...

အမှတ်တ၇တွေကတော့အများကြီပါဘဲ..
ပျော်စ၇ာတွေကော..စိတ်ညစ်စ၇ာတွေကော
ဒါပေမဲ့ ...ပျော်စ၇ာအမှတ်တ၇တွေကိုဘဲ
ပိုစဉ်းစားလိုက်တယ်

Flower said...

မိဇော် နင်ငယ်ငယ်က စာအုပ်တွေကြားမှာ ညှပ်ညှပ်ထားတဲ့ ပန်းခြောက်တွေရော သိမ်းထားတုန်းဘဲလား
လမ်းပေါ်မှာ ကြွေကျနေတဲ့ ခရေရွက်တွေကို ချစ်လှချည်ရဲ့ဆိုပြီး
အခြောက်ခံပြီး အ၀တ်ကြားထဲ ညှပ်ထားတတ်တုန်းဘဲလား..
:) :)

မြသွေးနီ said...

သတိရစရာတွေက ပြောရရင် ကုန်နိုင်ဖွယ်မရှိပါဘူးနော်။ ဘ၀တွေက သတိရစရာ အဖြစ်အပျက်တွေကနေ လွတ်ကင်းလို့ကို မရနိုင်ပါလားဟေ..။