မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 March 2010

1 မျက်စိလေးတော့ ဖွင့်ကြည့်ပေးပါ

.


ဖြစ်စဉ် (၁)

အာရစ္စတိုရယ် ဆိုသော ဂရိ တွေးခေါ်ပညာရှိကြီးကို နိုင်ငံတိုင်းက လူတွေ များစွာက လေးစားကြတယ် ။ ဥရောပ နိုင်ငံတွေမှာ ဆိုရင် အာရစ္စတိုရယ် ပြောသော စကားများကို ဘုရားတစ်ဆူလိုကို ကိုးကွယ်တတ်ကြပါတယ်.။ ဒါပေမဲ့ ဒီလို ပညာရှိကြီး အာရစ္စတိုရယ်မှာ သွက်သွက်ခါအောင် လွဲနေသော အချက် တစ်ချက် ရှိပါတယ်.။

ဒါကတော့ မိန်းမတွေရဲ့ သွားအရေအတွက်သည် ယောကျာ်းတွေရဲ့ သွားအရေအတွက်ထက် နည်းတယ် ဆိုသော အချက်ပါပဲ..။ ဒါကို အာရစ္စတိုရယ်က သူ သေသောအထိ ဒီလိုပဲ လက်ခံသွားပါတယ်.။ တကယ်ဆို သူ့မိန်းမ ပါးစပ်ကို ဖြဲပြီး ကြည့်ရုံမျှဖြစ်ပင် အဆင်ပြေသွားနိုင်ပါသည်..။ သူ မလုပ်ဖြစ်ခဲ့ပဲ.. သူ့ ပညာရှိသမိုင်းတွင် အမှားတစ်ခုကို ချန်ခဲ့လေတော့သည်.။



ဖြစ်စဉ်(၂)

တစ်ခါက...

သူခိုးတစ်ယောက်ဟာ သိပ္ပံပညာရှင် တစ်ယောက်ရဲ့ အိမ်ကို ဝင်ခိုးပါလေရော..။ ဒါပေမဲ့ ဒီအချိန်မှာ သိပ္ပံပညာရှင်ကြီးက တီထွင်မှု တစ်ခု အောင်မြင်သွားတဲ့ အချိန် ဖြစ်နေတယ်.။ သိပ္ပံပညာရှင်ကြီး အောင်မြင်သွားတာ “ မိုက်ခရိုချစ်ပ် ” လေး တစ်ခု..။ ဒီအချိန်မှာ သိပ္ပံပညာရှင်ကြီး ပြောနေတာကို အချင်းချင်း ကြားလိုက်ရတယ်.။ ဒီချစ်ပ်လေးဟာ ဒေါ်လာ ၃ သန်းကျော်တန်တယ် ဆိုပဲ.။ ဒီမှာ သူခိုးဟာ ကျန်တာတွေကို ခိုးဖို့ ဆိုတာထက် သူဘာမှ မစဉ်းစားနိုင်တော့ဘူး.။

ဒီချစ်ပ် ကို သူဘယ်နေရာမှာ ရောင်းလို့ရမလဲ ဆိုတာလဲ မသိဘူး.။ ဒီအချိန်မှာ သူ သိလိုက်တာ ကတော့ သူ ဒီချစ်ပ်လေးကို ခိုးမယ် ဒါပါပဲ.။ ဒါနဲ့ ခိုးရော ဆိုပါတော့လေ.။ သူက သာမာန်သူခိုးဆိုတော့ လျှိုဝှက် ခလုပ်တွေကို သူ မသိဘူး..။ ဒါနဲ့ သူလည်း ယူပြီးရော အချက်ပေးခေါင်းလောင်းသံတွေ ကြားရပါလေရော.။ ဒီတော့မှ သူ အသက်လုပြေးရတယ်.။ ဒါပေမဲ့ ရဲတွေရော ၊ လုံခြုံရေးတွေရော ချက်ချင်း ရောက်လာတယ်.။

ဒီတော့ သူ အောက်ဆင်းပြေးလို့မရတော့ဘူး.။ သူ အထက်ကို တတ်ပြေးတယ်.။ နောက်တော့ ဘေးချင်းကပ်လျက်က တိုက်တွေဆီကို ပြေးတယ်.။ သူ့နောက်ကလည်း ရဲတွေ ၊ လုံခြုံရေးတွေ လိုက်လာကြတယ်.။ နောက်တော့ သူ ပွင့်နေတဲ့ ပြူတင်းပေါက်မှ တဆင့် အခန်းတစ်ခန်းထဲကို ဝင်လိုက်တယ်.။ အခန်းထဲရောက်မှ သူသိလိုက်တာက ဒါဟာ စာကြည့်တိုက်ကြီး.။ စာအုပ်တွေ သိန်းနဲ့ချီပြီး ရှိနေတယ်.။ ပြီးတော့ ကျမ်းတွေ ဆိုတော့ စာအုပ်တွေကလည်း အထူကြီးတွေ.။

သူခိုး ဒီအခန်းထဲ ဝင်သွားသလိုပဲ အနောက်ကနေ ရဲတွေ ၊ လုံခြုံရေးတွေ လိုက်ဝင်လာ ကြတယ်.။ ဒီမှာ သူခိုးက နောက်ကလိုက်လာသူတွေ လွယ်လွယ်လိုက်လို့ မရအောင် စာအုပ်စင်တွေကို သူတွန်းလှဲပစ် လိုက်တယ်.။ ဒီတော့ စာအုပ်တွေ ရှုပ်ပွသွားတယ်.။ ဒီနောက်မှတော့ သူခိုးကို ဘယ်လိုမှ ပြေးမလွတ်တော့ပဲ ဖမ်းမိသွားတယ်.။ ဒီမှာ သူခိုးကို စစ်မေးတာပေါ့လေ.။ သူ...ခိုးသွားတဲ့ ချစ်ပ်လေးအကြောင်း ..။ ဒီမှာ သူခိုးက တစ်ခွန်းပဲ ပြောတယ်.။

“ ဟုတ်တယ်ဗျာ..။ ကျွန်တော် ခိုးမိတယ်.။ ဒါပေမဲ့ ခင်ဗျားတို့ နောက်က လိုက်လာလို့ ကျွန်တော် ကြောက်ကြောက်နဲ့ စာအုပ်တစ်အုပ်ကြားမှာ ဖွတ်ထားလိုက်တယ် ။ ဘာစာအုပ်လည်းတော့ မမှတ်မိတော့ဘူး.။ ဒါပေမဲ့ ကျွန်တော် မှတ်မိလိုက်တာ တစ်ခုကတော့ စာမျက်နှာ ၂၃၃ နဲ့ ၂၃၄ ကြားမှာပဲ.။ ”

သူခိုးကလည်း ဒီလိုပြောတော့ သူနောက်ကလိုက်လာတဲ့ ရဲတွေ ၊ လုံခြုံရေးတွေ “ ဟာ ” ခနဲ့ ဖြစ်သွားကြတယ်.။ မိုက်ခရိုချစ်ပ် ဆိုတာ သေးသေးလေးလေ.။ လက်မလက်သည်းခွံလောက်လေးပဲ ရှိနေတာ.။ စာကြည့်တိုက်ထဲက စာအုပ်တွေက ကျမ်းကြီးတွေ စာမျက်နှာပေါင်း ၅၀၀ ကျော်တွေချည်း.။ စာအုပ်ပေါင်းက သိန်းပေါင်းများစွာ ရှိနေတယ်.။ ဘယ်လိုလုပ် ဒီချစ်ပ်လေးကို ရှာရမလဲ.။ အားလုံးလက်မှိုင်ကျသွားတယ်.။

ဒီအချိန်မှာ ရဲတွေထဲက ရဲသားငယ်လေး တစ်ယောက်က စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး ကြည့်လိုက်တယ်.။ နောက်တော့ ရုတ်တရက် သူခိုးဘက်ကို လှည့်ပြီး သူခိုး မျက်ခွက်ကို လက်သီးနဲ့ ထိုးချလိုက်တယ်.။ နောက်တော့ သူ စကား တစ်ခွန်းပဲ ပြောလိုက်တယ်.။

“ သူခိုး...မင်း လူလိမ်ပဲ..။ မင်း လိမ်နေတာ ငါ သိတယ်..။ မင်း ဘယ်မှာ ဖွက်ထားလဲ.။ ချစ်ပ် လေး ထုတ်ပေးပေတော့..။ ”

ဒီအချိန်မှာ သူခိုးဟာ ဘာမှ မပြောတော့ပဲ ရဲသားလေးကို အံ့သြသလို မျက်လုံးတွေနဲ့ စိုက်ကြည့်နေပြီး သူ့ပါးစပ်ထဲမှာ ဖွက်ထားတဲ့ ချစ်ပ်လေးကို ထုတ်ပေးပြီး အဖမ်းခံလိုက်တယ်.။ ဒါပေမဲ့ သူ သိချင်တာကိုတော့ မေးသွားတယ်.။

“ ကျွန်တော်လိမ်နေတာကို ခင်ဗျားက ဘယ်လိုလုပ်သိနေတာလဲ..။ ”

ရဲသားလေး ဘာမှ ပြန်မပြောခဲ့ပါ.။ နောက်တစ်နေ့ သူ့ကို ရဲမင်းကြီးက တွေ့ဆုံမေးမြန်းတော့မှ သူက ဒီလိုပြောပြပါတော့တယ်.။

“ ဒီလိုပါဗျာ.။ ကျွန်တော်က သူများပြောတာထက် ၊ သူများတွေ စိတ်ထဲမှာ ထင်နေတာထက် ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့ ကြည့်လိုက်လို့ပါ.။ တကယ်တော့ စာအုပ်ကို ယုလိုက်ပါ..။ စာမျက်နှာ ၂၃၃ နဲ့ ၂၃၄ ဆိုတာ စာမျက်နှာ ကြား မဟုတ်ပါဘူး.။ ကျောချင်းကပ် စာမျက်နှာတွေပဲ ဖြစ်ပါတယ်.။ ဒါကို ကျွန်တော်လည်း အရင်ကတော့ မသိပါဘူး..။

ဘေးမှာ များပြားလှတဲ့ စာအုပ်တွေထဲကမှ စာအုပ်ကို ယူကြည့်လိုက်တာပါ.။ ဒီလောက် လွယ်ပါတယ်.။ ဒါပေမဲ့ လူတွေကတော့ မယူကြည်ပဲနဲ့ သူများပြောတာနဲ့ တင် ယုံပြီး စိတ်ပျက်သွားပါတော့တယ်.။ ဒီမှာ မှားကြတာပါပဲ.။ တကယ်ဆို မျက်စိလေးနဲ့ ကြည့်လိုက်ရုံပါ..။ ”


ထိုရဲသားလေးသည် နောင်အခါမှာ နိုင်ငံကျော် ရဲသား ၊ အထူး စုံထောက် တစ်ယောက် ဖြစ်လာခဲ့ပါတယ်.။

စာဖတ်သူရော..။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်မျက်စိလေးနဲ့တော့ အနည်းဆုံး တစ်ကြိမ်လောက်တော့ ကြည့်ဖြစ်အောင် အရာရာကို ဖွင့်ကြည့်ပေးပါ.။ အရာရာဟာ သင်ထင်ထားတာနဲ့ အလွန်ကွာခြားနေတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်.။


ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/700 မှာ 19.10.2009 က ရေးထားတာပါ။

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

မင်းမောင် said...

တခြားသူတွေcomment ပေးတာ မပေးတာတော့မသေချာဘူး ''ချော ''ကတော့.......
ဟဲဟဲ......သေချာတယ် ကိုဇော်ေ၇့