မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 March 2010

9 သူယောင်မယ်သီး


ဇော်ဂျီတွေဟာ ဇော်ဂျီဖြစ်စေဖို့ နှစ်ပေါင်းများစွာ ဆေးမြစ်တွေတူး ၊ ဆေးတွေစပ် ၊ ဆေးတွေဖော်ပြီး နောက်ဆုံးမှာ သူတို့ ဖိုဝင်ကြတယ်။ ဖိုဝင်လို့ အောင်သွားရင် ဇော်ဂျီ ဖြစ်တော့တာပဲ။

ဇော်ဂျီဖြစ်တာနဲ့ ထိုတောထဲမှာ ရှိနေတဲ့ “ သူယောင်သီး ” ကို သူ့ရဲ့ တောင်ဝှေးနဲ့ ထိုးလိုက်ရင် ဒီအသီးဟာ ကြွေကျလာပြီး တကယ့်လူလို အသက်ဝင်လာတယ်။ ဒီအခါမှာ ဇော်ဂျီတွေဟာ ဒီသူယောင်မယ် လူအတုနဲ့ ပျော်ပါးနေထိုင်တယ်။ နောက်တော့ သူက အလိုမရှိတော့ဘူးဆိုရင် သူ့တောင်ဝှေးနဲ့ ပြန်ထိုးပြီး အသက်နုတ်လိုက်လေ့ရှိတယ်။

ဒီအသီးတွေဟာ အသက်မရှိပဲ မြေပေါ်ကို ပြူတ်ကျပြီး ပုပ်ရင် လူသေတစ်ယောက်လိုပဲ အနံ့ထွက်တယ်လို့ ဆိုတယ်။

ဒါကတော့ ကျွန်တော်တို့ ငယ်ငယ်က အဖွားပြောပြောနေတဲ့ ဒဏ္ဍာရီ ပုံပြင်လေးပါပဲ။ ဒီ သူယောင်မယ် အသီး ရှိလား မရှိဘူးလားဆိုတာလည်း ကျွန်တော်တို့ မမြင်ဖူးတော့ မသိဘူး။ ရှိချင်မှလည်း ရှိမယ်လို့ ထင်ခဲ့တယ်။

အခုတော့ ရှိတယ် ဆိုတာကို ရှာတွေခဲ့ပါပြီ။ အခု အောက်မှ တွေ့နေရတာကတော့ “ ထိုင်း ” နိုင်ငံထဲမှာ ပေါက်ရောက်နေတဲ့ သူယောင်မယ် အပင်မှ သူယောင်မယ် အသီးတွေပါပဲ။ အံ့သြဖွယ်ကောင်းလောက်အောင် မိန်းမတစ်ယောက်ရဲ့ အလှအပများကို ထင်ရှားပေါ်လွင်စွာ မြင်ရပါတယ်။

မဖြစ်နိုင်တာ ကမ္ဘာမှာ မရှိဘူး ဆိုတာ ပိုပြီး ထင်ရှားလာသလိုပါပဲလား။

ပုံများ ထင်ရှားစေရန် ကလစ်နှိပ်ပြီး ကြည့်ပါ။





ကိုဇော် တင်ပြသည်။


.
Share/Bookmark

9 ယောက် ရဲ့ ထင်မြင်ချက်:

ညလင်းအိမ် said...

ဟုတ်တယ်ဗျာ ထူးဆန်းလိုက်တာ...
ဒဏ္ဍာရီလိုပဲ ထင်ထားတာ တကယ်ရှိနေတယ်နော်...

Anonymous said...

Do you have botanical name for it?
I think, it's photoshoped picture because they all look the same.

Flower said...

ကိုဇော်..
သေချာရဲ့လား..
အသီးတစ်ခုဟာ လူနဲ့ချွတ်စွပ်တူတယ်ဆိုတော့
အတော်တော့အံ့သြစရာကောင်းတာဘဲနော်..
သူယောင်မယ်သီးရဲ့ ဇာတ်လမ်းလေးက စိတ်ဝင်စားစရာဘဲနော်..
ကိုဇော်ရော ဇော်ဂျီ မဖြစ်ချင်ဘူးလားမသိ?? :P

Anonymous said...

ကိုဇော်

ဒီပို့စ်ကို ဖတ်ရတာ တော်တော်လေးကို ထူးဆန်းအံ့ဩမိပါတယ်။ မဖြစ်နိုင်ဘူးလို့ ပြောရအောင်လဲ လက်တွေ့မြင်နေရပြန်တော့ မယုံကြည့်နိုင်အောင် ဖြစ်ရတယ်။ဆန်းကြယ်လိုက်ပါဘိနော်။ ဒါပေမဲ့ သူယောင်မယ်သီးတွေက တစ်ခုနဲ့တစ်ခု လက်ပုံ ခြေထောက်ပုံတွေက မတူပြန်ဘူးနော်။ ကျန်တဲ့အသီးတွေလိုပဲ အလုံးမညီတာ ပိန်တာချွန်တာ ကွာသလိုမျိုးထင်တယ်။ မကြားဘူး မမြင်ဘူးတာ အခုလို မြင်ရ ကြားရ သိရအောင် ဗဟုသုတတွေ ဖြန့်ဝေပေးတာ ကျေးဇူးတင်ပါတယ်နော်။နောက်လဲ အခုလိုမျိုးတွေ ဗဟုသုတ ဖြန့်ဝေပေးစေချင်ပါတယ်။

စောင့်မျှော်ဖတ်ရှုလျှက်

စာဖတ်ပရိသတ်

ထား

မြစ်ကျိုးအင်း said...

ပုံထဲမှာ ခြေချောင်းလေးတွေ တစ်ချောင်းခြင်းစီက အစ ရှိနေတယ်ဆိုတော့ ဟုတ်မှဟုတ်ပါ့မလားတောင် ထင်မိတယ်။ တော်တော်လေးကို အသေးစိတ်နိင်တာပါပဲ။

လာဗျာ ကျိုက်ထီးရိုးမှာ တောင်ဝှေ့ သွားဝယ်ရအောင် :)

~ဏီလင်းညို~ said...

ကိုဇော်ရေ...
ကျွန်တော်လည်း....ဒီပုံလေးတွေကို...မေးလ်ရဖူးတယ်....။
ကြာပြီ....၂၀၀၉ နှစ်လယ်ပိုင်းလောက်ထဲကပဲလေ....။
ဟုတ်မဟုတ်တော့ ယုံဖို့ အခုထက်ထိ ဇဝေဇ၀ါဘဲ....း))
အခုခေတ်ကြီးကလေ.....အဟိ....း))
ခင်မင်တဲ့
ဏီလင်းညို

ချော said...

ဝါသနာပါသူတွေက တောင်ဝှေးတောင်
သွားဝယ်ဖို့ ကြံစည်နေကြပြီ
ဒါကြောင့် ၀ါသနာကို တားမရဘူးဆိုတဲ့
ရှေးစကားက တယ်မှန်တာဘဲ..
တင်တဲ့သူကလည်း ၀ါသနာကြီးကြီးနဲ့ တင်ပြီး သွားရေကျတဲ့သူကလည်း
ခွက်ကလေးခံပြီးကို သွားရေကျသွားသတဲ့ .. ဟီဟိ

Anonymous said...

http://www.hoax-slayer.com/nareepol-tree.shtml
ဒီနေရာမှာ ဖတ်ကြည့်ပါဦးဗျာ :)

sexymyay said...

ကျိုက်ထီးရိုးမှာ တောင်ဝှေ့ သွားဝယ်မနေနဲ့ကြာတယ်။ တစ်ပင်လုံးအောက်ကနေလှန်ပြစ်မယ်။ ဟီးဟီး။ နောက်တာ။ Thanks for your sharing.!