မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 March 2010

5 ယောက်ျားပီသနည်း





စပိန်တွေရဲ့ ယောက်ျားပီသနည်း စကားပုံလေး တစ်ခု ဖတ်ရတယ်။ ပျော်ဖို့ကောင်းသလို ၊ စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ ဒါကို ပိုပြီး အထွန့်တတ် စဉ်းစားပြီး အဓိပ္ပါယ်တွေ ကျွန်တော်က လျှောက်ဖွင့်လိုက်တော့ ပိုပြီးတောင်မှ ပျော်ဖို့ကောင်းလာသေး.။

အခု ကျွန်တော်နဲ့ အတူတူ လိုက်ပြီး အထွန့်တတ် စဉ်းစားပြီး တွေးကြည့်ကြရအောင်. . .။

မူရင်းစကားပုံလေးက ဒီလို ဆိုတယ်။

“ ယောက်ျားပီသချင်သူများသည် . . .

၁။ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးများ ထူထပ်စွာ ရှိရမည်။
၂။ အနည်းဆုံး တစ်ကြိမ်တော့ နွားရိုင်း စီးဖူးရမည်။
၃။ အရက်ပြင်းပြင်းများကို သောက်နိုင်ရမည်။

အထက်ပါ အချက်အလက်များထဲမှ အနည်းဆုံး တစ်ချက်နဲ့ ညီသောသူများကိုသာ ယောက်ျားပီသသူများ အဖြစ်သတ်မှတ်သည် ” ဆိုပဲ။

ဒါနဲ့ပဲ ကျွန်တော် စတင် စဉ်းစားမိပါတော့သည်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်လည်း ယောက်ျားပီသချင်သူ တစ်ယောက် မဟုတ်ပါလား။

၁။ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးများ ထူထပ်စွာ ရှိရမည်။

အဲဒီမှာ စပြီးတော့ ခက်တော့တာပါပဲ။ ကျွန်တော့်မှာ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးများက ရှိတယ် ဆိုရုံမျှသာ။ ကျိုးတို့ကျဲတဲပဲ ပေါက်နေကြတယ်။ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေး ထူချင်ရင် ကြက်သွန်နီိကို ထက်ခြမ်းပိုင်းပြီး ပွတ်ရတယ် ဆိုလို့ ပွတ်လိုက်ရတာ အသားနီသာ လန်ထွက်တယ်။ မရ။ များများရိတ်ရင် အမွှေးတွေ သန်လာတယ် ဆိုလို့ ရိတ်လိုက်ရတာ ဓါးရှတာပဲ အဖတ်တင်တယ်။

အာ. . . မဖြစ်သေးပါဘူး။ ဒီနည်းလည်း မကောင်းဘူး။

၂။ အနည်းဆုံး တစ်ကြိမ်တော့ နွားရိုင်း စီးဖူးရမည်။

ဒီနည်းကတော့ မဆိုးလှ ၊ စီးမယ် ဆို စီးလို့ ရနိုင်တယ် ဆိုပြီး နွားရိုင်းကို လိုက်ရှာလိုက်တော့ ကျွန်တော်တို့ မြို့ထဲမှာ ဘယ်လိုမှ နွားရိုင်းက မတွေ့။ နွားရိုင်းမပြောနဲ့ ရိုးရိုးနွားတောင်မှ မရှိ။ နွားတွေ့အောင် ( မှန်တာပြောလို့ မဟုတ်ပဲ ) မြို့ပြင်ထွက် ရှာကြည့်တော့လည်း နွားတော့ တွေ့ပါရဲ့ နွားရိုင်း မဟုတ်။ ဟိုဟိုဒီဒီ မေးကြည့်တော့ မျက်လုံးပြူး ပြကြတယ်။ “ ဒီခေတ်မှာ နွားရိုင်း ဆိုပြီး ဘယ်ရှိပါ့မလဲ ” တဲ့။

ဟိုက်. . .မှားလေပြီ။ မြန်မာနိုင်ငံမှာ နွားရိုင်းရှားတယ် ဆိုပဲ။ ဒီနည်းလည်း အဆင်မပြေလှ။

၃။ အရက်ပြင်းပြင်းများကို သောက်နိုင်ရမည်။

ဒါနဲ့ပဲ. . . .အဟဲ။

ဒါကြောင့်မို့ ယောက်ျားတွေ အရက်သောက်တယ် ဆိုတာ အလကား သောက်တာတော့ မဟုတ်ဘူး။ ( အေးလေ . . သူပြောမှလား၊ ပိုက်ဆံပေးသောက်တာပေါ့၊ ) အရက်သောက်တယ် ဆိုတာ စပိန်စကားပုံထဲက ယောက်ျားပီသနည်း ထဲက ပထမအချက် နဲ့ ဒုတိယအချက်ကို လိုက်နာချင်ပေမဲ့ မလွယ်ကြလို့ တတိယအချက်ကို ယောက်ျားပီသစေရန် ရည်ရွယ်ပြီးများ လိုက်နာနေကြတာလားလို့ ပေါက်ပေါက်ရှာရှာ တွေးမိတာလေးပါ။

ဟုတ်မဟုတ်ကတော့ ကိုရီး { ကိုကြီး } ၊ ကိုတိုးကြီး ၊ ကိုစိုးမိုးဃ် ၊ ကိုကျော်ဆက် ၊ ကိုဏီလင်းညို ၊ ကိုမြစ်ကျိုးအင်း သူတို့ကို မေးကြည့်ရမှာပါပဲ။ သူတို့က သောက်အား ကောင်းတယ်လေ။ ( ဟီး..ဒီလိုပဲ ဖွတာ.။ ပါဝင်ချင်သူများ နာမည်စာရင်းပေးကြပါကုန်။ )

အရင်ကတော့ ကျွန်တော်လည်း ဘယ်ရလိမ့်မလဲ။ ဒီလိုခြေ ၊ ဒီလို ကွင်းမှာ ဆို ကစားအား အတော်ကောင်းခဲ့တာဗျ။ အခုတော့ စိတ်ဖြတ်ထားလို့ ကစားသမားဘဝက အနားယူထားတာပါ။ သိုင်းသမားတွေ စကားနဲ့ ပြောရရင် ရွှေခွက်နဲ့ လက်ဆေးပြီး သိုင်းလောက ကနေ အနားယူထားတာဗျာ။

ဒါကြောင့် အခုတော့ အချက် သုံးချက်စလုံးနဲ့ မညီနိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် ယောက်ျားမပီသဘူးရယ်လို့ ဝိုင်းပြောမှာ စိုးလို့ နောက်ထပ် စကားပုံလေးတွေ လိုက်ရှာထားနေရတော့တယ်။

တော်ပါသေးရဲ့ တွေ့ပေလို့... “ လက်တင် ” စကားပုံလေး တစ်ခု က ဒီလို ဆိုတယ်ဗျ..။

မျှော် . . . . .

ပျော်ရွှင်ကြပါစေ။
ကိုဇော် ခံစားပုံဖော်သည်။


.

Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

လက်တင် စကားပုံဆိုတော့
လက်ပေါ်တင်ရင်ကြီးလာတာကိုပြောတာလား

သူရိန် said...

ကောင်းတယ်ဗျာ။ အဲဒီသုံးမျိုးထဲမှာ အောက်ဆုံးကဟာ
ကျနော်လုပ်နိုင်တယ်။ ယောက်ျားပီသသွားပြီး ဟေ့

သူရိန်

Flower said...

ဟားဟားဟား
ကောင်းလိုက်လေ ..ဖတ်ပြီး အော်ရယ်မိတယ်..
နွားရိုင်းမရှိပေမဲ့ ကျွဲရိုင်းရှိတယ်လေ စီးမလား
ချင်းပြည်နယ်မှာလဲနွားနောက်ဆိုတာရှိတယ်.. သူ့စီးလဲ ဖြစ်ပါတယ်..
သောက်တတ်တဲ့သူချင်းချင်းတော့ တယ်သိကြပါလား..
ယောက်ျားပီသဖို့ သောက်ကြတယ်ထင်ပါ့...

~ဏီလင်းညို~ said...

ကိုဇော်ရေ...
ဟမ်......ဒီလိုချည်းလားဟ.....
နေနှင့်ဦး....နောက်ကျမှ ကိုယ့်အလှည့်လာမည်....း))
ဒါဘဲ....
ခင်မင်တဲ့
ဏီလင်းညို

ဖိုးသား said...

နှာခမ်းမွေးတော့ရှိဘူးဗျ.........ခြေသလုံမွေးတောင်သန်အောင်ကြက်သွန်သုတ်နေရတာ---ဟီးဟီး-နွားရိုင်းတော့စီးဘူးဘူးဗျနွားလှည်းစီးဘူးရင်ကောပီသလားတော့မသိဘူး--------အင်းနောက်ဆုံအချက်ကတော့ပြည့်စုံဆုံးလေးအချက်ပေါ့ဗျာ