မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


02 March 2010

6 အရည်အချင်း ဆိုတာ သမိုင်း


“ သူတပါးက . . .
ကဲ့ရဲ့လာတဲ့အခါ ၊ အပြစ်တင်လာတဲ့အခါမှာ
ရှူးရှူးရှားရှား မဖြစ်ပဲ ခေါင်းကိုညိတ်ပြီး
ပြုံးပြုံးလေး နေနိုင်တာဟာ
“ ခမာ ” ဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံတာပါပဲ "
( တရားတော် )


သမ္မတ အေဘရာဟမ် လင်ကွန်း သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်း သမ္မတတွေအားလုံးကို နိုင်ငံတကာမှ ဝေဖန်ရေးသမားများက အမေရိကန်နိုင်ငံကို ဝေဖန်မှု တစ်ခု ရှိတယ်။ ဒါကတော့. . .

၁။ အမေရိကန်နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်း လူတွေဟာ အလုပ်မရှိ အကိုင်မရှိ နိုင်ငံရဲ့ ထောက်ပံ့စရိတ်ကို ထိုင်စားနေဖို့သာ စဉ်းစားနေကြတယ်။

၂။ အမေရိကန်နိုင်ငံရဲ့ ၃၅ ရာခိုင်နှုန်းက အလုပ်တော့ လုပ်ကြတယ်။ ဒါပေမဲ့ အလုပ်ကို တိုးတတ်ကြိုးစားချင် စိတ်မရှိ။

၃။ အမေရိကန်နိုင်ငံရဲ့ ၅ ရာခိုင်နှုန်းလောက်သော လူများသာ အလုပ်ကို ကြိုးစားချင်စိတ်ရှိတယ်။

ဒီလို အချက်အလက်တွေကြောင့် အမေရိကန်နိုင်ငံဟာ နောက်ထပ် ၁၀ နှစ်လောက်ဆိုရင် ကမူးရူးထိုး ကျဆုံးသွားလိမ့်မယ်လို့ ဝေဖန်သူများက ဆိုကြတယ်။

ကိုယ့်နိုင်ငံကို သူများက ဝေဖန်လာရင် ဘယ်သူမဆိုက လက်မခံနိုင်ပါ။ ဒီလိုပါပဲ အမေရိကန်နိုင်ငံရဲ့ ခေတ်အဆက်ဆက်က သမ္မတတွေကလည်း ဒီဝေဖန်သူတွေရဲ့ စကားကို မှားတယ် ဆိုပြီး သက်သေပြဖို့ နည်းမျိုးစုံနဲ့ ကြိုးစားတယ်။ နိုင်ငံသားတွေကို ထောက်ပံ့မှုတွေ လျှော့ချတယ်။ အလုပ်လုပ်လာအောင် ဆွဲဆောင်တယ်။

ထောက်ပံ့မှုတွေ ၊ ပေးကမ်းမှုတွေ လျှော့ချသောကြောင့် ကြပ်တည်းလာသော လူများ ဆန္ဒပြပွဲများ အကြိမ်ကြိမ် ဖြစ်လာတယ်။ အလုပ်လုပ်စေချင်လို့ မက်လုံးများ ပေးကာ ခိုင်းစေသော်လည်း ခဏမျှသာ ၊ အချိန်တန်လို့ သူတို့ လိုဘ ပြည့်ခဲ့ပြီ ဆိုရင် အလုပ်ထွက်သွားပြန်တယ်။

ခေတ်အဆက်ဆက် သမ္မတများ ဖြစ်ကြသူတို့ကလည်း ခေတ်အဆက်ဆက် မပြောင်းလဲပဲ ဝေဖန်မှုတွေ အပေါ် ထိုဝေဖန်မှု မှားကြောင်း သက်သေပြရန် သူတို့ ကြိုးစားခဲ့ကြတယ်။ သို့သော် မအောင်မြင်။ အမေရိကန် နိုင်ငံဟာ ကမ္ဘာမှာ ဆက်လက်ပြီး ထိပ်တန်းနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေခဲ့တယ်။ နိုင်ငံကလည်း အဆက်မပြတ် တိုးတတ်ခဲ့တယ်။ ဒါပေမဲ့ ဝေဖန်သူတို့ရဲ့ တင်ပြသော ရာခိုင်နှုန်းတွေကလည်း မကျ။

ခေတ်အဆက်ဆက် သမ္မတတွေ ကြိုးစားပေမဲ့လည်း ထိုဝေဖန်မှု အပေါ် ဘယ်လိုမှ လွှမ်းမိုး အုပ်မိုးအောင် မစွမ်းနိုင်ကြ။ ဝေဖန်မှုတွေကို တွန်းလှန်ဖို့ ကြိုးစားရင်း အချိန်တွေ ကုန်လွန်ပြီး သမ္မတတွေလည်း တစ်ယောက်ပြီး တစ်ယောက် ပြောင်းလာခဲ့တယ်။

ဒီအချိန်မှာ သမ္မတသစ် “ ကလင်တန် ” တတ်လာခဲ့တယ်။ သမ္မတဖြစ်ဖြစ်လာခြင်းပဲ ကလင်တန် ဒီကိစ္စကို ကိုင်တွယ်ခဲ့ရတယ်။ သူရဲ့ လေ့လာ စမ်းစစ်မှု အရလည်း အမေရိကန်တွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အလုပ်ကို လက်ကြောတင်းအောင် လုပ်ချင်သူများ မဟုတ် ၊ ထောက်ပံ့ကြေးကိုသာ မျှော်နေသူတွေ ။ ၃၅ ရာခိုင်နှုန်းကတော့ အလုပ်သာ လုပ်တယ် ကြိုးစားချင်စိတ်မရှိ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းသာလျှင် အလုပ်ကို ကြိုးစားလုပ်ကြတယ်။

ဒါကို မျက်မြင်ကိုယ်တွေ့ လေ့လာပြီး ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ဆိုသော ကမ္ဘာပေါ်မှာ ရှိတဲ့ မျက်လုံးပေါင်းများစွာ အတွက် ကလင်တန်က ဖြေရှင်းချက်တစ်ခုကို အံ့သြဖွယ်ရာ ဖွင့်ချပြတယ်။ ထိုဖြေရှင်းချက်လေးက ဒီလို ဆိုတယ်။

“ ကျွန်တော်တို့ အမေရိကန် နိုင်ငံဟာ တိုးတတ်နေတဲ့ နိုင်ငံ တစ်ခုပါ။ ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်လည်း ဖြစ်တယ်။ အခု နိုင်ငံမှာ ၆၀ ရာခိုင်နှုန်းသော လူတွေက အလုပ်မလုပ်ပဲ ထောက်ပံ့ကြေးကို ထိုင်စားပါတယ်။ ၃၅ ရာခိုင်နှုန်းက အလုပ်သာ လုပ်တယ် ကြိုးစားချင်စိတ်မရှိပါဘူး။ ကျန်တဲ့ ၅ ရာခိုင်နှုန်းကသာ နိုင်ငံတိုးတတ်ရေး အတွက် အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။

ကျွန်တော်တို့ နိုင်ငံကို တခြား နိုင်ငံအရပ်ရပ်မှ ဝေဖန်စောင့်ကြည့်နေသူတွေကလည်း ဒီလိုပဲ သုံးသပ် တင်ပြကြပါတယ်။ ဒီအတွက် ကျွန်တော် ပြောချင်တာကတော့ ဒါတွေ အားလုံးဟာ တကယ်ပါပဲ ဆိုတာပါပဲ။ ၆၀ ရာခိုင်နှုန်းက အလုပ်မလုပ်ဘူး။ ၃၅ ရာခိုင်နှုန်းက မကြိုးစားကြဘူး။ ၅ ရာခိုင်နှုန်းကသာ တတ်ကြွ ကြိုးစားကြတယ်။ ဒါ အမှန်ပါ။ ”

ဒီလိုပြောပြီး ဝန်ခံလိုက်တော့ ကမ္ဘာနဲ့ချီပြီး သမ္မတအသစ်ရဲ့ စကားကို စောင့်ကြည့်နေသူတွေ အားလုံး အံ့သြသင့်သွားတယ်။ နိုင်ငံတွင်းက လူတွေကလည်း အံ့သြ ဒေါသထွက်ကြရတယ်။ ဒီမှာ ကလင်တန်က ဆက်ပြောတယ်။

“ ဒါပေမဲ့. . . ကျွန်တော်တို့ နိုင်ငံဟာ ဘယ်တော့မှ ကျဆုံးသွားမှာ မဟုတ်ပါဘူး။ ဘာလို့လည်း ဆိုတော့ လူအများ ဝေဖန်ပြောဆိုနေသလို အလုပ်ကြိုးစား လုပ်နေကြတယ် ဆိုသော ၅ ရာခိုင်နှုန်း နဲ့ပဲ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာမှာ ထိပ်တန်း အမေရိကန်နိုင်ငံဆိုပြီး ဖြစ်အောင် ဆက်လက် လုပ်ဆောင်သွားပါမယ်။

ကျန်တဲ့ အလုပ်မလုပ်သော ၆၀ ရာခိုင်နှုန်း ၊ အလုပ်မကြိုးစားသော ၃၅ ရာခိုင်နှုန်း ဒါတွေက အရေးမပါပါဘူး။ အခု လက်ရှိ အလုပ်ကြိုးစား လုပ်နေကြတယ် ဆိုတဲ့ ၅ ရာခိုင်နှုန်းနဲ့တင် ကျွန်တော်တို့ ကမ္ဘာမှာ အမေရိကန်နိုင်ငံဆိုပြီး ဦးဆောင်ဖို့ လုံလောက်ပါတယ်။ ကျွန်တော်တို့ ဒီအတိုင်းပဲ မပြောင်းလဲပဲ ဆက်သွားပါမယ်။

ကျေးဇူးတင်ပါတယ်။ ”

ဒီလို ကလင်တန် ရဲ့ ဝန်ခံပြောဆိုတယ် ဆိုသော မိန့်ခွန်းအပြီးမှာ ဒီလို ပေါ်တင် ဝန်ခံပြောကြားလိမ့်မယ် မထင်သော ပရိသတ်နဲ့ ကမ္ဘာက စောင့်ကြည့်နေသူတွေ အံ့သြလွန်းလို့ ပါးစပ် အဟောင်းသား ဖြစ်သွားကြပါတော့တယ်။

ဒီအချိန်က စပြီးလည်း အမေရိကန်နိုင်ငံ နိုင်ငံရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက ဘယ်လို ဆိုသော နိုင်ငံတကာရဲ့ ဝေဖန်မှုကိုလည်း တစ်ခါတည်း အဆုံးသတ် သွားစေတော့တာပါပဲ။ အမေရိကန်နိုင်ငံကလည်း ဒီလို အလုပ်ကြိုးစားသော ၅ ရာခိုင်နှုန်းသော လူတွေနဲ့ ကမ္ဘာကို ဆက်လက် ဦးဆောင် လာလိုက်တာ ယနေ့အထိပါပဲ။

၅ ရာခိုင်နှုန်း ဆိုလည်း ၅ ရာခိုင်နှုန်းပါပဲ။ အရေအတွက်က အရေးမကြီးပါဘူး အရည်အချင်းကသာ အရေးပါ ပါတယ်။ အရေအတွက်ဆိုတာ ကိန်းဂဏာန်းတစ်ခုပါ။ အရေအတွက်ဆိုတာက “ သမိုင်း ” တစ်ခုခုကို ကိုယ်စားပြုပါတယ်။ “ သမိုင်း ” ကို ပြောလိုသူတွေက အရည်အချင်းကိုသာ ရေတွက်ကြတယ်။


Source; John Milar ၏ My Country
ကိုဇော် ခံစားတင်ပြသည်။


.
Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

barnay said...

ိကျေးဇူးပဲ ဗျာ ကူးသွားပါတယ် သူငယ်ချင်းတွေကို လည်းဖတ်စေချင်တယ်လေ
5 ရာခိုင်နှုန်းလေးနဲ့ နော် ..

Flower said...

အင်း ၅ရာခိုင်နှုန်းထဲ ပါလို့ရရင်သိပ်ကောင်းမှာဘဲ
ဘယ်လောက်နဲ့ဖြစ်ဖြစ် အလုပ်ဖြစ်ဖို့က အရေးအကြီးဆုံးပေါ့နော်
မှန်လိုက်တဲ့ သမ္မတကြီး ကလင်တန်
လေးစားပါတယ်...

ချစ်ကြည်အေး said...

ကောင်းပါ့၊ လူတွေ ပါးစပ်ပိတ်အောင် လုပ်နည်း...မှတ်သွားတယ်...:)

Anonymous said...

Hello Ko Zaw,

Could you give me direct link to John Milar? I could not find in google.

Tks,
mtt.

Anonymous said...

Hello Ko Zaw,

Could you give me direct link to John Milar? I could not find in google.

Tks,
mtt.

ကိုဇော် said...

ဟလို..mtt ခင်ဗျာ..

ကျနော်က google ကနေ ရှာဖတ်တာ မဟုတ်ပါ။ ဒီက ရှာဖတ်မိတယ် ဆိုရင်လည်း သူ့ဆီက အကြောင်း အချက်အလက်လေးတွေကိုပဲ ယူပြီး ကိုယ်ပိုင် ရေးဟန်နဲ့ပဲ ပြန်ရေးပါတယ်။ အခု John Milar ဆိုတာက ကျနော် ဝယ်ထားတဲ့ စာအုပ်ထဲက ရေးသူ တစ်ဦးပါ။ သူရေးထားတဲ့ အကြောင်းအရာများထဲက အချက်လေး တစ်ခုကို ယူပြီး ကျနော်က ဆင့်ပွားရေးထားတာပါ။ ( စာအုပ်ကို ရေးထားတာက မလေး လိုပါ။ မူရင်း ရေးသူမှာ John Milar လို့ ပါလို့ သူ့နာမည် တပ်လိုက်တာပါ။ )

ကျေးဇူးတင်ပါတယ်။