မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 January 2010

1 Youtube မှ အလွယ်ဆုံး ဒေါင်းရအောင်

အရင်က ကျွန်တော် Youtube မှ ဒေါင်းလုဒ်နည်းတွေ တင်ပေးဖူးပါတယ်။ ဒါပေမဲ့ မလုပ်တတ်ဘူး။ အဆင်မပြေဘူးဆိုလို့ အခုနည်းကို ထပ်ပြောပြတာပါ။ လွယ်လွန်းတော့ ကျွန်တော်လည်း မကြိုက်ပါ။ ဒါကြောင့် မသုံးဖြစ်တာ ကြာပြီ။ အခုတော့ ဆော့ဝဲလ်နဲ့ မဒေါင်းချင်သူများ ၊ ကျွန်တော်ပေးထားတဲ့ တဆင့်ခံ ဆိုက်ကနေ မဒေါင်းချင်သူများ ၊ ဒီလူတွေ အားလုံး အောက်က အတိုင်း လိုက်လုပ်ကြည့်ပါ။ လွယ်ပါတယ်။ လွယ်လွန်းတော့ ကျွန်တော်ကတော့ မကြိုက်ဘူး.တကယ်ပြောတာ။

www.youtube.com ကို အောက်ပါ အတိုင်းသွားလိုက်ပါ။


ဒါဆိုရင် Youtube ကို ရှာဖို့ Search Box ပေါ်လာပါလိမ့်မယ်။ ဒီ Search Box မှာ ကိုယ်ရှာချင်တာကို ထည့်လိုက်ပါ။ ကျွန်တော်ကတော့ Y Wine ဆိုပြီး ရှာလိုက်ပါတယ်။


ဒါဆိုရင် အောက်မှာ ဝိုင်ဝိုင်းနဲ့ ပတ်သတ်တဲ့ သီချင်းတွေ ကျလာပါလိမ့်မယ်။ ဒီအထဲက ကိုယ်ကြိုက်တဲ့ သီချင်းကို ထပ်ရွေးပြီး ကလစ်လိုက်ပါ။ ဒါဆိုရင် ဒီလို Youtube ကြည့်ဖို့ အကွက်ပေါ်လာပါလိမ့်မယ်။



ဒါဆိုရင် Browser က Address Bar မှာ သူ့ရဲ့လိပ်စာပေါ်လာမှာပါ။ အောက်က အတိုင်းပေါ့။



ဒီလိုပေါ်လာတဲ့ Address Bar မှာ အခု ကျွန်တော် အနီရောင်နဲ့ ရေးထားတဲ့ နေရာ www. နဲ့ youtube ကြားမှာ အခုလိုပဲ အနီရောင်နဲ့ ရေးထားတဲ့ အတိုင်း abc လို့ ထပ်ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ အောက်က ပုံလေးအတိုင်းပေါ့။

ဒါဆိုရင် နောက်ထပ် စာမျက်နှာ တစ်ခုပြောင်း သွားပါလိမ့်မယ်။ ဒါဆိုရင် ဒီစာမျက်နှာရဲ့ အောက်ကို ကြည့်လိုက်ပါ။ အောက်မှာ ဘယ်လို ပုံစံနဲ့ ကိုယ် ဒီသီချင်းကို ဒေါင်းချင်တာလဲ ဆိုပြီး မေးပါလိမ့်မယ်။

  • Download as MP4

  • Download as MP3

  • Download as 3GP

  • Download as FLV
ဆိုပြီး မေးပါလိမ့်မယ်။ ဒါဆိုရင် ကိုယ်ကြိုက်တဲ့ သီချင်း ပုံစံနဲ့ ဒေါင်းလို့ရပါပြီ။ ကိုယ်ကြိုက်တဲ့ ပုံစံကိုသာ နှိပ်လိုက်ပါ။ ဒါဆို ဆက်ပြီး ဒေါင်းဖို့ Box ကျလာပါလိမ့်မယ်။ အောက်က ပုံလေး အတိုင်းပေါ့.။


အဆင်ပြေကြပါစေဗျာ။



pdf ဖိုင်ဖြင့် လိုချင်သူများ ဒီနေရာ ကနေ ဒေါင်းပါ။


ကိုဇော် တင်ပြသည်။
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

ဇွန်မ said...

Youtube မှ အလွယ်ဆုံးဒေါင်းဖတ်သွားတယ် တကယ် လွယ်လွယ်လေးပဲနော် ကျေးဇူးတင်ပါတယ်