ဒီအခွေလေးရဲ့ ဒီဇိုင်နာ နဂါး က ဒီလို ပြောတယ်ဗျာ။
“ ဒီသီချင်းခွေလေးကို ရတနာမြိုင်တေးသံသွင်းက ဖြန်ချိတာဖြစ်ပြီး ၊ တစ်ခွေကို ၂၀၀၀ကျပ်နဲ့ ရောင်းချပါတယ်ဗျ........။ ဒီခွေမှာ ထူးခြားတာတွေကတော့ CD ချပ်ကို စင်င်္ကာပူမှာ ရိုက်နှိပ်တာဖြစ်တာရယ်၊ CD ချပ်အောက်ခံမှာ ဒီဇိုင်းထည့်ထားလို့ နိုင်ငံခြား စတိုင်လေး လုပ်ထားတာရယ်၊ စာမျက်နှာ၂၄မျက်နှာပါ ကာလာရောင်စုံ သီချင်းစာအုပ်လေးကို ရှယ်လုပ်ပြီးထည့်ပေးထားတာရယ်၊ ကိုဟဲပုံကို A4 အရွယ် အလှဓာတ်ပုံ ထည့်ပေးထားတာရယ် ( ဒီပုံမှာ ကိုဟဲရဲ့ ဂျီမေးအကောင့်လည်းပါတယ်ဗျ)၊ တစ်ခုလုံးခြုံပြောရင် ခွေအရည်အသွေးကို နိုင်ငံခြားအဆင့်မှီ လုပ်ထားတာတွေကြောင့် မူရင်ခွေကိုဝယ်ယူ အားပေးချင်းဖြင့် ဂီတလောက အဒွန့်ရှည်အောင် ကူညီနိုင်ကြပါစေဗျာ.......။ ဒီခွေမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေ အားလုံး ၃နှစ်ကြာ အကောင်းဆုံး ပုံဖော်ထားလို့ သူငယ်ချင်းတို့လည်း သဘောကျလိမ့်မယ်လို့ ထင်ပါတယ်ဗျာ.............
(ဒီဇိုင်နာနဂါး) ”
အခု သီချင်းစာအုပ်လေးကတော့ ဖြန့်ဖို့ သဘောတူညီမှု ရထားလို့ ကျွန်တော် တင်ပေးလိုက်ပါတယ်။
သီချင်းစာအုပ်ကို ဒီနေရာ မှာ သွားယူပါ။
(ဒီဇိုင်နာနဂါး) ”
အခု သီချင်းစာအုပ်လေးကတော့ ဖြန့်ဖို့ သဘောတူညီမှု ရထားလို့ ကျွန်တော် တင်ပေးလိုက်ပါတယ်။
သီချင်းစာအုပ်ကို ဒီနေရာ မှာ သွားယူပါ။
ကိုဇော်
ဟဲလေး - အချစ်ဝဂာင်္ပါ
ကျွန်တော်တို့ရဲ့ မာတီက “ ကိုနေရောင် ” ကပဲ ရေးတာပါ။ ဒီအခွေမှာ ဒီအပုဒ်လေး မပါရင် အသက် မဝင်ဘူးလို့ တောင်မှ ပြောလို့ရပါတယ်ဗျာ။ ကျွန်တော် လည်း အရမ်းကြိုက်တဲ့ သီချင်းပါ။ စာသားတွေကို ထိမိရင် ကြွေကျသွားနိုင်တယ်။ လန်းတယ်ဗျာ။
အကြီးကြီး ချဲ့ကြည့်ချင်ရင် ဒီနေရာ ကို နှိပ်ပါ။
ကိုဇော် ခံစားတင်ပြသည်။
.
1 ယောက် ရဲ့ ထင်မြင်ချက်:
ကျမ လည်းအမှီလိုက် လိုက်ဦးမယ် ကိုဇော်ဇော်ရေ
Post a Comment