မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 January 2010

0 အခက်အခဲတွေအကြောင်း


.
တစ်ချို့တွေက..

အခက်အခဲကို အကြောင်းပြုပြီး..
ဦးကျိုးတယ်....။
တစ်ချို့တွေက...
စံချိန်ချိုးတယ်...။
(ဝီလျံအာသာဝဒ်)
................................................................................................................................



အဲဒီနေ့က

ကျွန်တော်နဲ့ ကျွန်တော့်မန်နေဂျာ Ms.Ng နေ့ခင်း ထမင်းစားချိန်ပြီး အလုပ်ပြန်ဝင်တော့ ထူးထူးဆန်းဆန်း ကျွန်တော်တို့ အားနေတယ်..။ ကျွန်တော်တို့ Lab မှာ စမ်းသပ်စရာတွေနဲ့ စစ်ဆေးစရာတွေ ပြီးစီးနေတဲ့ အချိန် ၊ ဒီလို အချိန်မှာ ကျွန်တော်နဲ့ သူ အကြောင်းအရာ တစ်ခုခုဆွေးနွေးဖြစ်တယ်..။ အချစ် ၊စီပွားရေး ၊ လူမှုရေး ၊ အလုပ် ၊ စိတ်ဓါတ် ၊ KFC ၊ McDonald ....အစုံပါပဲ။ ပြောရင်းနဲ့ ပညာရေးဘက်အကြောင်း ရောက်သွားတယ်။ သူက မလေးရှားပညာရေးကို ဒီလို ရှင်းပြတယ်..။

“ ဒီလိုလေ...မလေးရှား အဓိက စီးပွားရေးကို ချုပ်ကိုင်ထားတာက တရုတ်တွေလေ..။ ဒါကြောင့် မလေးရှားအစိုးရက မလေးရှားပညာရေးကို တရုတ်တွေကြီးစိုးလို့မရအောင် ချုပ်ကိုင်ထားတယ်။ ငါတို့တရုတ်တွေ အတွက် Scholarship ကို ၄၀% ၊ ၅၀% ပဲပေးတယ်။ မလေးတွေကျတော့ ၇0 % ၊ ၈၀% ပေးတယ်။


ဒီလိုပဲ..ငါတို့ အထက်တန်းကနေ တက္ကသိုလ်တတ်ဖို့ ၊ တက္ကသိုလ်မှာ လိုင်းကောင်းကောင်းရဖို့ ဥပမာ - အင်္ဂျင်နီယာ ဆိုပါတော့။ မလေးတွေရဲ့ အမှတ်နဲ့ ငါတို့ တရုတ်တွေရဲ့ အမှတ်နဲ့ မတူဘူး။ မလေးတွေက အင်္ဂျင်နီယာ လိုင်းအတွက် အမှတ် ၃၈၀ လောယက် သတ်မှတ်ထားရင် ၊ ငါတို့ တရုတ်တွေအတွက် ၄၅၀ လောက် သတ်မှတ်ထားတာ။ ဒါကြောင့် မလေးတွေက နည်းနည်း ကြိုးစားလိုက်ရင် အင်္ဂျင်နီယာ ဖြစ်လာနိုင်ပေမဲ့ ငါတို့ တရုတ်တွေကျတော့ တော်တော်ကြိုးစားမှ အင်င်္ဂျင်နီယာ ဖြစ်လာကြတယ်လေ။


ဒါပေမဲ့ ဒီလိုဖြစ်နေတာကို ငါက ကြိုက်တယ်။ နင်စဉ်းစားကြည့် ၊ တကယ်ဆိုရင် မလေးတွေက Scholarship များများ ၊ အမှတ်နည်းနည်း နဲ့ လွယ်လွယ် ပညာတတ်ဖြစ်လာနိုင်တယ်လေ။ ဒါပေမဲ့ တကယ်တော့ ဒီလိုဖြစ်မလာဘူး။ လွယ်လွယ်လွန်းလို့ မလေးတွေက ငါတို့ အေးဆေး နည်းနည်း ကြိုးစားလိုက်တာနဲ့ ဖြစ်ပါတယ် ဆိုပြီး ကြိုးစားကြတယ်။


ငါတို့ တရုတ်တွေကျတော့ အော် ငါတို့ အရမ်း ကြိုးစားမှ ရမှာပါလားဆိုပြီး ကြိုးစားကြတယ်။ ဒါကြောင့် ငါတို့ တရုတ်တွေ တိုးတတ် အောင်မြင်တယ်။
မလေးတွေကျတော့ အောင်မြင်မှုကို လွယ်လွယ်ရတော့ သူတို့ မကြိုးစားချင်တော့ဘူး။ တကယ်လို့ ငါတို့ တရုတ်တွေကို မလေးတွေနဲ့ တန်းတူ အခွင့်အရေးပေးမှာတောင်မှ ငါကြောက်တယ်။ ဒါဆိုရင် ငါတို့ တရုတ်တွေ ကြိုးစားချင်စိတ် ရှိတော့မှာ မဟုတ်ဘူးလို့လည်း စဉ်းစားမိတယ်။ ”


သူ့ဆီက ဒီစကားကြားရပြီး ကျွန်တော် ဆက်စဉ်းစားမိတယ်။ ကျွန်တော်တို့ြုမန်မာနိုင်ငံသားတွေ ၉၀% လောက်က ပြောနေကျ စကားတစ်ခွန်း ကျွန်တော်ကြားဖူးတယ်။

“ ဟာ...မြန်မာနိုင်ငံမှာ ပညာတတ်တော့ ဘာလုပ်ရမှာလဲ။ ပညာတတ်တော့ လည်း တတ်တဲ့ ပညာနဲ့ မြန်မာနိုင်ငံမှာ ဘာလုပ်စားလို့ ရလို့လဲ။”


စကားလေးပါ။ ကျွန်တော် ဒီစကားကို တစ်ခါမှ မပြောဖူးပါ..။ ကျွန်တော့် သူငယ်ချင်းတွေကိုလည်း အခု ဒီစာဖတ်နေတဲ့ သူငယ်ချင်းတွေကိုလည်း ဒီစာကိုဖတ်ပြီးတဲ့ နောက် မပြောစေချင်ပါ။

ဟုတ်ပါပြီ....မြန်မာနိုင်ငံမှာ ပညာနဲ့ ဘယ်လိုလုပ်စားမလဲ ဆိုတဲ့ မေးတဲ့သူတွေကို ကျွန်တော် ပြန်မေးပါရစေ။ ကိုယ်ကရော ကိုယ်သင်ခဲ့တဲ့ ပညာကို မတကယ်တတ်ရဲ့လားလို့ပါ။ ကိုယ်ကိုယ်တိုင် ကရော တကယ်လေ့လာရဲ့လား။

ဘယ်သူ့ကိုမှ လက်ညှိုးထိုးမနေပါနဲ့ သူငယ်ချင်း။ တကယ်တော့ ကိုယ်ကိုယ်တိုင်ကိုကမပြည့်ဝ ခဲ့ လို့ပါ။ ဘယ်သူက ဘာတွေပိတ်ထားလို့ပါ။ ဘယ်စနစ်ကြီးက မကောင်းလို့..။ ဒီမှာ ဘာအခွင့်အရေးမှ မရှိလို့။ည ဘယ်သူတွေက မတရားလုပ်နေလို့ ၊ ဒီလို ကိုယ်ပြောင်းလဲလို့မရတဲ့ ကိစ္စတွေကိုပြောရင်းနဲ့ အချိန်အကုန် ခံမနေပါနဲ့။ ကျွန်တော်တို့မှာ ရွေးခြယ်ပြောပိုင်ခွင့် မရှိပါ။ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိတာက ဒီလို အခက်အခဲတွေကြားကနေ ဖောက်ထွက်နိုင်ဖို့ပါ။

စကားပုံ တစ်ခု ရှိသေးတယ်...။

“ အပူ နဲ့ ဖိအား က အဖိုးတန် စိန်တွေကို ဖြစ်လာစေနိုင်တယ်...။ ” တဲ့...။

ဖြစ်ပေါ်နေတဲ့ အခက်အခဲကို ခွန်အား အဖြစ် အသုံးချပြီး ကျော်လွှားဖို့ပဲ ကျွန်တော်ကတော့ ကြိုးစားစေ ချင်တယ်။ လောကမှာ လူနှစ်မျိုး နှစ်စားရှိပါတယ်။

၁) အခက်အခဲ နဲ့တွေ့တိုင်း ကြောက်ရွံနောက်ဆုတ်အရှုံးပေး တတ်တဲ့ လူစား
၂) အခက်အခဲ နဲ့တွေ့တိုင်း ယှဉ်ပြိုင်ကျော်လွှား အနိုင်ယူတတ်တဲ့ လူစား

ကဲပါ.....သူငယ်ချင်း။ ကျွန်တော်တို့ ဒုတိယ အမျိုးအစားထဲမှာ ပါကြရအောင်။

ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/364/364
မှာ 27.5.2009 ကရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: