မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 January 2010

0 လွမ်းပေမဲ့.......လေ



လွမ်းပေမဲ့.......လေ


ကြည့်လှည့်ပါဦး..ချစ်သူ..
လွမ်းတတ်လွန်းတဲ့..
ငါ့..ရင်ဘတ်ထဲကိုလေ....။

ခုတော့...
Online ပေါ်က ငါ့ Gtalk လေးလည်း..
အမြဲတမ်း ဝါပြီး Idle ဖြစ်နေပေါ့.....။

ခုတော့...
ငါ့ကဗျာတွေလည်း အားပေးသူမဲ့...
တိတ်တဆိတ် ကွဲကြေနေပေါ့.....။

ခုတော့...
ငါ့ HP လေးလည်း အသံတွေတိတ်..
Battery တောင်မှ အားမသွင်းရတော့....။

ခုတော့...
ငါ့ Blog တွေကို Editor မရှိ..
တတ်ကြွခြင်းမဲ့ ငါရေးနေခဲ့ရပေါ့....။

ခုတော့...
ရင်ဘတ်ထဲက နှလုံးသားလည်း..
လွမ်းရလွန်းလို့ မခုန်နိုင်တော့.....။

ခုတော့....
ငါ....
ကိုယ့်ကိုယ်ကိုယ်တောင်မှ အံ့သြ..
အလွမ်းတွေနဲ့ မောနေခဲ့....။

ခုတော့....
အလွမ်းမျက်ရည်နဲ့...
ကလေးတွေလို ငိုကြွေးလို့..
ချစ်သူပြန်လာမယ်ဆိုရင်တောင်မှ...
ငါလေ...အံကြိတ်ခံပါ့မယ်...
မငိုဘူး...
ချစ်သူ ခလုတ်ငြိမှာစိုး.............။ ။

ကိုဇော်

http://zaw357.multiply.com/journal/item/243/243 မှာ 2.5.2009 က ရေးထားတာပါ။

.


Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: