မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 January 2010

1 I will see.

၁၇ ရာစုနှစ်က အောင်မြင်ကျော်ကြားသော ဘုရင် တစ်ပါးအကြောင်းကို ကျွန်တော် သတိရတယ်။ ဒီဘုရင်ကို သတိရတယ် ဆိုတာထက် ဒီဘုရင်ရဲ့ စကားလေးကို ကျွန်တော် ပိုပြီး သတိရနေတာပါ။ သူပြောနေကြ စကားလေးက. . . .

“ I will see. ”

တဲ့။ သူ ဘယ်လို အချိန်မျိုးမှာ အဓိက ထားပြီး ပြောတယ် ထင်ပါသလဲ။ သူက ကိစ္စကြီးငယ် ရှိသော အခါမှာ ညီလာခံခေါ်ယူပြီး သူ့ရဲ့ အကြံပေး အရာရှိများ ၊ သူ့ရဲ့ မှူးကြီးမတ်ရာများကို ခေါ်ယူတိုင်ပင်ပါတယ်။ ဒီလို အချိန်ဆိုရင် သူက သူ့ရဲ့ အကြံပေး အရာရှိများ ၊ သူ့ရဲ့ မှူးကြီးမတ်ရာများ ပေးသော အကြံများကို တစ်ယောက်ချင်း နားထောင်ပါတယ်။ သူနားထောင်ပုံကလည်း ဘယ်လိုမှ နားလည်သဘောမပေါက်သော ခံစားချက် မျက်နှာနဲ့ နားထောင်ပါတယ်။ တစ်ယောက်ချင်းစီ သူ့ကိုပေးသော အကြံဥာဏ်တွေကို သူနားထောင်ပြီးသော အခါမှာ သူပြောတဲ့ စကားလေးက တစ်ခွန်းတည်းပဲ ရှိပါတယ်။ ဒါပေမဲ့ ဒီစကားလေးနဲ့ပဲ သူက ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီစကားလေးက. . .

“ I will see. ”

ပေးသမျှအကြံဥာဏ်တွေ အတွက် သူ့ဆီက ကြားရတဲ့ စကားက “ I will see. ” လေးပဲ ဆိုတော့ အားတတ်သရော ပြောရတဲ့ သူတွေ အဖို့ အခံရခက်စေပါတယ်။ အကြံဥာဏ်များ ပေးပြီးတော့လည်း သူက ဘယ်လိုမှ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြလေ့မရှိပါဘူး။ သူ့ဖာသာ ဘယ်လိုမှ နားမလည်နိုင်သော ၊ ဆုံးဖြတ်ရခက်သော မျက်နှာပေးဖြင့် ညီလာခံကို အဆုံးသတ်သွားလေ့ရှိတယ်။ ဒီမှာ အကြံပေးသူတွေရလိုက်တာ တစ်ခုတည်း။ ဒါက “ I will see. ”

နောက်နေ့မှ သူက သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို သက်ဆိုင်သူ တစ်ဦးချင်းစီကို ခေါ်ပြီး သင့်တော်သော သူ့ရဲ့ ဆုံးဖြတ်ချက်များကို ညွှန်ကြားလေ့ရှိပါတယ်။ ဒါနဲ့ပဲ သူဟာ စစ်အောင်နိုင်သူ ၊ တိုင်းပြည်ကို ကောင်းမွန်စွာ ဂရုစိုက်နိုင်သော ဘုရင်တစ်ပါး ဖြစ်လာခဲ့ပါတယ်။ သူများပေးသော အကြံကို “ Oh. . I see. ” ဆိုပြီး ပြောတတ်သူတွေ ထက်တော့ သူက အရာရောက်ခဲ့ပါတယ်။ သူ့ရဲ့ အာဏာနယ်ပယ်လည်း လွန်စွာမှ ကျယ်ပြန့်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့စကားကြားရသူတွေကတော့ မခံချိမခံသာ ဖြစ်စေခဲ့တာ အမှန်ပါ။ သို့သော် အချိန်ကို နောင်တစ်ချိန်မှာတော့ အလွန်မှ ချင့်ချိန်တွက်ချက်တတ်သော ဘုရင်တစ်ပါး အဖြစ်ကျော်ကြားခဲ့ပါတယ်။

မှတ်ချက်။ ။ အရင်က ဖတ်ခဲ့ဖူးသော စာဖြစ်ပြီး အခု source မရှိသောကြောင့် ထိုဘုရင် နာမည်ကို သမိုင်းကြောင်း အားနည်းသော ကျွန်တော် မဖော်ပြနိုင်သေးပါ။


ကိုဇော် တင်ပြသည်။


.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

I will see Ko Zaw, Thanks