မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 January 2010

0 စွန့်လွှတ်လိုက်ပြီ


စွန့်လွှတ်လိုက်ပြီ

မြင်ကတည်းက
ငါ့နှလုံးက ' ပါ '
မင်းအကြည့်မှာ ကျဆုံး
မင်းမျက်လုံးက
ခေါ်တောတစ်သောင်းအား
မင်းက “ ခေါ်တောကုလား ” လား။

သတိထားမိတော့
ငါ့နှလုံးသားကို
တစစ ဝါးမျို
တစစ သိမ်းပိုက်နယ်ချဲ့
မင်းဟာ ကိုလိုနီ လက်သစ်
ငါ့နှလုံးသား နယ်မြေတွေကို
သိမ်းပိုက်သွားတဲ့ “ ကိုလိုနီ ” စစ်စစ်။

မင်းမျက်နှာထားမှာ
ငါလဲပြိုကျ
မင်းမျက်ခုံး တွန့်ချိုးမှာ
ငါ လှုပ်မရ
မင်းငါ မျက်နှာ အမူအရာမှာ
ငါ တွန့်ဆုတ်နေရ
မင်းဟာ “ ဖက်ဆစ် ”
ငါ့နှလုံးသားကို ဖျစ်ညှစ်တယ်။

ငါ့နှလုံးသား အပင်လေး
သူ့နေရာတွေ တစစဖုံးအုပ်
ငါ့နှလုံးသားကို
ထိမိရာမှာ တစစ စား
ငါ့နှလုံးသားလည်း ဆန်ကာကျအောင်
နင်ဟာ “ ခြ ”
တစစ စားတယ်။

သူ့ကိုလည်း ကိုယ်က ကိုက်မရ
သူကပဲ ကိုယ့်ကို ကိုက်တတ်ပြီး
သူက ကိုက်ရင်
ချက်မှာ ဆေးထိုးရတတ်တဲ့
နင်ဟာ “ ခွေးရူး ”
နေမြင့်လေ ငါ့ကို
အရူးအမူး ဆွဲတယ်။

နှလုံးသားထဲမှာ
နင့်ကို အမြစ်လေးတွယ်မိတာနဲ့
နင်ဟာ တစစကြိးထွား
ငါ့နှလုံးသားကို အုပ်စိုးထားတဲ့
နင်ဟာ “ ကင်ဆာ ”
ငါ့နှလုံးသားကို
ဝါးမြိုတယ်။

တစ်နေ့ မမြင် မတွေ့ရရင်ပဲ
စိတ်ထဲမှာ တရှိုက်ရှိုက်
ဘဝလေးက မှောင်မှောင်မိုက်
ရင်ထဲမှာ တလှိုက်လှိုက်
နှလုံးသားက ခုန်ခုန်ခိုက်
နင်ဟာ
ငါ့အတွက် “ Heart Attack ”

မတွေ့ရရင်လည်း
ရင်မှာပူ
တွေ့ပြန်ရင်လည်း
ရင်မှာဆူ
နင်ဟာ
ငါ့နှလုံးသားအတွက် “ မီး ”
နှလုံးသားကို
တလျှံလျှံ ငြီးစေတယ်။

မမြင်ရတော့လည်း
နင့်ကို မြင်ချင်
တွေ့နေရတော့လည်း
နင့်ကို ပိုင်ဆိုင်ချင်
နင်ဟာ “ လောဘ ” တွေကို
ပေါက်ဖွားရာ မြေဧရိယာ
ငါနှလုံသား တစစ နာတယ်။

ဟိုစကားပြောတော့လည်း
မနာလိုချင်
ဒီလူနဲ့ စကားပြောတော့လည်း
မနာလိုချင်
နင်ဟာ
“ အတ္တ ” တွေကို ဖြစ်ပေါ်စေတဲ့သူ
ဒါကြောင့်
ရင်ပူတယ်။

သြော်...
ငါ့ ချစ်သူ....
ငါ့ ချစ်သူ....
ဒီလို ချရေးကြည့်တော့မှ
နင်က...
ခေါ်တောကုလား ၊ ကိုလိုနီ
ဖက်ဆစ် ၊ ခြ
ခွေးရူး ၊ ကင်ဆာ
Heart Attack ၊ မီး
လောဘ ၊ အတ္တ
ဒီလိုတွေ ဖြစ်နေပါရောလား။

နင့်မှာ ကောင်းကွက်
ငါ ရှာ မတွေ့တော့ပါလား။
ဒါကြောင့် . . .
ချစ်သူရေ....
နင့်ကို
စွန့်လွှတ်လိုက်ပြီ။

ကိုဇော် 

17.1.2010

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: