မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 January 2010

1 မျှစ်ချဉ်ဟင်း

.

ကျွန်တော် တော်တော် ကြိုက်တဲ့ ဟင်းတစ်ခွက်လည်းဖြစ်တယ်..။
ဒါပေမဲ့....ကျွန်တော် မချက်တတ်ဘူးဗျာ..။

တစ်နေ့....သူငယ်ချင်း တစ်ယောက်က မြို့ထဲက ပြန်လာရင်း မျှစ်ချဉ် ထုပ်ဝယ်လာတယ်..။ မင်းချက်ကွာ..တဲ့ .။ ကျွန်တော့်ကို ပေးတယ်..။ ဒါနဲ့ ကျွန်တော် ကြားဖူးနားဝ အတိုင်း မျှစ်ချဉ် ဆိုတာ ဝက်သားနဲ့ချက်ရတာ လို့ တွေးမိတယ်..။ ဖြစ်ချင်တော့...ဝက်သားက မရှိဘူး..။ ကုန်နေတယ်..။ ညနေဆိုတော့ သွားမဝယ်တော့ဘူး..။

ဒီနေ့တော့ကွာ ...ရှိတဲ့...ငါးရံခြောက်နဲ့ပဲ ချက်မယ်..။ အစမ်းပေါ့လေ...။
နောက်နေ့မှ ဝက်သားဝယ်ပြီး တကယ်ချက်မယ် ဆိုပြီး ကျွန်တော် ငါးရံခြောက် နဲ့ပဲ အားကြိုးမာန်တတ် ချက်တယ်..။ ပျစ်ပျစ်လေးရအောင် ဆန်တောင်မှ လှော်ထောင်းထည့်လိုက်သေးတယ်..။ ပြီးတော့ ကျွန်တော် မြည်းကြည့်တော့ တော်တော် ကောင်းနေတယ်..။ မြည်းကြည့်တဲ့ သူငယ်ချင်းတွေကလည်း တော်တော်ကောင်းတယ်တဲ့...။ အားလုံးကလည်း ပြောကြတယ်...။ အစမ်းချက်တာတောင်မှ ဒီလောက်ကောင်းနေတယ်ပေါ့လေ..။ တကယ်ချက်ရင် ပိုကောင်းမယ်ပေါ့...။

ဒါနဲ့...နောက်နေ့ ကျွန်တော် ဝက်သားဝယ်လာပြီး မနေ့ကလိုပဲ မျှစ်ချဉ် နဲ့ ချက်တာပါပဲ။ ကျွန်တော်က ဘာလုပ်လုပ် အားကြိုးမာန်တတ် တတ်တတ်ကြွကြွ လုပ်တတ်တယ်လေ။ ကျွန်တော် ချက်တာပါပဲ။ ပြီးတော့ ကျွန်တော် မြည်းကြည့်လိုက်တော့ မနေ့က ငါးရံခြောက် နဲ့ ချက်သလောက် မကောင်းဘူး လို့ထင်တယ်..။

ဒါနဲ့...သူငယ်ချင်းတွေကို မြည်းခိုင်းတော့
သူတို့ကလည်းပြောတယ်..။ ဟုတ်တယ်.....မနေ့က ငါးရံခြောက် နဲ့လောက် မကောင်းဘူးတဲ့...။ ကျွန်တော်လည်း အားကြိုးမာန်တတ်ချက်တာပဲလေ။ ဒါပေမဲ့ မနေ့က အစမ်းချက်တာလောက် မကောင်းဘူးဖြစ်နေတယ်..။ ဒီမှာ ...ကျွန်တော် သင်ခန်းစာ တစ်ခုရတယ်...။

ဘဝမှာ လုပ်စရာရှိတာ မှန်သမျှ ဘယ်တော့မှ အစမ်းမလုပ်လေနဲ့။ လုပ်သမျှ ကိစ္စတိုင်းဟာ တကယ်လုပ်တာတွေ ဖြစ်နေသင့်တယ်။ ဒီတော့ ဒီကိစ္စမှာ ကျွန်တော် စကားလေးတစ်ခွန်းရတယ်။ ဆောင်ပုဒ်လေးပေါ့။

“ လူဆိုတာ ငါ ဘာဖြစ်ချင်တယ် ဆိုတာထက် ငါ ဘယ်လို ဖြတ်သန်းခဲ့တယ် ဆိုတာက အဓိကပါ... ဒါ...ကိုယ့်သမိုင်းမှတ်တိုင် တွေပဲ မဟုတ်လား...။”

ဘာပဲ လုပ်လုပ် လုပ်သမျှ ကိစ္စတိုင်းမှာ အားကြိုးမာန်တတ်ဆောင်ရွက်နေသင့်တယ်။


ကိုဇော် ခံစားတင်ပြသည်။

http://zaw357.multiply.com/journal/item/309/309
မှာ 18.5.2009 ကရေးထားတာပါ။

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

PhyoPhyo said...

testing မျှစ်ချဉ်ဟင်း စားချင်လိုက်တာ :) ခင်မင်စွာဖြင့်