မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 January 2010

3 နှုတ်ဆိတ်ရမဲ့ အချိန်


.

နယူးမင်း စတား သည် ကမ္ဘာစစ်အတွင်းက လေယာဉ်မောင်းသမား ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲများကြားတွင် သူဘယ်ညာ ထက်အောက် ဝေ့ဝဲတိမ်းရှောင်ရင်း ရန်သူတွေ ပစ်လိုက်သော လေယာဉ်ဖျက် ဒုံးယာဉ်များကို ရှောင်တိမ်းနိုင်ရင်း အသက်ဆက်ခဲ့သူ ဖြစ်သည်။ သို့သော် ယခု သူ စစ်တပ် လေယာဉ်မောင်းသမား ဘဝမှ အနားယူရလေပြီ။ သူအသက်က ကြီးမြင့်ခဲ့ပြီ မဟုတ်လား။

ဒါပေမဲ့ လေယာဉ်မောင်းသမား တစ်ယောက် အဖို့ ဘာမှ မလုပ်ပဲနဲ့ သူထိုင်မနေနိုင်။ ဒါကြောင့် အပျော်တမ်း ခရီးသွားပို့ဆောင်ရေးမှာ သူဝင်လုပ်သည်။ ပစ္စည်းပို့သည့် အခါ ပို့ရသည်။ လူပို့သည့် အခါ ပို့ရသည်။ ဘာမှ မလုပ်ပဲ ထိုင်နေတာ ထက်စာလျှင် နယူးမင်း စတား အတွက် စိတ်ဖြေစရာ ဖြစ်ပြီး သူချစ်သော လေယာဉ်နဲ့လည်း လက်ပွန်းတတီး နေခွင့်ရလေသည်။

တစ်နေ့တော့ ... သူ့ လူတစ်စုကို တစ်နေရာသို့ လိုက်ပို့ အပြီး လေယာဉ်မထွက်ခင် သူ့ဆီသို့ ထို အနီးအနားမှ လယ်သမား ဇနီးမောင်နှံ ရောက်လာတယ်။ ထိုအချိန်က လေယာဉ်တစ်ခေါက်စီးခက တစ်ဒေါ်လာ မျှ ရှိသည်။ သူ့ကို တွေ့တော့ လယ်သမားကြီးက ပြောတယ်။

“ ကျွန်တော် လေယာဉ် တစ်ခါမှ မစီးဖူးဘူးဗျ။ လေယာဉ်စီးချင်တယ်။ ဒါပေမဲ့ ပေးစရာ ပိုက်ဆံ တော့ ရှိပါတယ်။ ဒါပေမဲ့ ပိုက်ဆံ မပေးပဲ စီးခွင့်ရမယ် ဆိုရင်တော့ ကျွန်တော် လေယာဉ်လိုက်စီးချင်တယ်။ ဒါကို ခင်ဗျား ခွင့်ပြုမလား။ ”

ထိုသူ့စီးမှ ဒီလို စကားကြားရတော့ နယူးမင်း ရယ်ချင်မိသည်။ ပိုက်ဆံ မပေးပဲ လေယာဉ်စီးချင်တယ်တဲ့။ အခု အပြန်လမ်းမှာ သူ့မှာ ဘာမှ တင်စရာမရှိပဲ လေယာဉ်အလွတ်ပြန်ရမှာ ဆိုတော့ ပျော်စရာ တစ်ခုတော့ ရတာပဲလို့ နယူးမင်း တွေးမိတယ်။ ဒါကြောင့်...

“ ရပါတယ်။ ကျွန်တော် ပေးစီးချင်တယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကျွန်တော့် စည်းကမ်းတွေကိုတော့ လိုက်နာနိုင်ရမယ်။ လေယာဉ်စီးနေတဲ့ အချိန်မှာ ဟိုဟာ ဘာလဲ ၊ ဒီဟာ ဘာလဲ မမေးရဘူး။ လေယာဉ် တတ်လို့ ၊ ဆင်းလို့ ဒီအချိန်မှာ တုန်ခါမှု ဖြစ်ရင် ကြောက်လန့်ပြီး မအော်ရဘူး။ ပြီးတော့ အချင်းချင်း တွတ်တီးတွတ်တာ တွတ်ထိုးနေလို့ မရဘူး။ ဒီလို ခင်ဗျားတို့ ဆီက အသံတစ်ခုခုကို ကျွန်တော် ကြားရရင် ခင်ဗျားတို့ ဆီက ၁၀ ဒေါ်လာ ကောက်မယ်။ ဘာသံမှ ခင်ဗျားတို့ မထွက်ဘူးဆိုရင် တစ်ပြားမှ မပေးပဲ စီးခွင့်ရမယ်။

ဒါကို ခင်ဗျားတို့ သဘောတူရင်တော့ အလကားစီးလို့ရပါတယ်။ ”


ဒီတော့ လယ်သမားကြီးက . . .

“ ကျွန်တော် သဘောတူပါတယ်။ ဒါနဲ့ ကျွန်တော့်ဇနီးကလည်း လေယာဉ်မစီးဖူးတော့ သူ့ကိုလည်း ခေါ်လို့ရမလား ။ ”

နယူးမင်း က သေချာကြည့်ပြီး..

“ ရပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ နှစ်ယောက် စလုံးဆီက ဘယ်သူပဲ အသံထွက်ထွက် ၁၀ ဒေါ်လာ ပေးရမှာနော်။ ”

“ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ပါးစပ် ပိတ်ထားရမှာပေါ့ဗျာ.။ ”

ဒါနဲ့ ခဏနေတော့ နယူးမင်း လေယာဉ်စထွက်ခဲ့တယ်။ လေယာဉ်အထွက် သူတို့ဆီက အသံ မထွက် ။ ပေ ၂၀၀ သို့ အရောက် လေယာဉ်ကို အထက်မှ အောက်သို့ လှန်ပြီး ပျံသန်းလိုက်ပါတယ်။ ထိုနောက် အရှိန်ကို မြှင့်ပြီး ပျံသန်းလိုက်သည်။ သူတို့ဆီမှ အသံမထွက် ။ ထိုအခါ ညာ တစ်ဖက်တည်းကို စောင်းပြီး ဘေးတိုက် ပျံသန်းလိုက်သည် ။ အသံမထွက် ။ နယူးမင်း လှည့်ကြည့်လိုက်တော့ သူတို့ တစ်ယောက်လက် တစ်ယောက် တင်းကြပ်စွာ ဆုပ်ကိုင်ပြီး တိတ်ဆိတ်နေသည်။

ဒါနဲ့ နယူးမင်းက ကောင်းကင်ထက်သို့ ထိုးတတ်ရင်း လိမ်ကာ ယှက်ကာ ပျံသန်းလေသည်။ သူတို့ဆီက အသံ မထွက် ။ ဒါကြောင့် နောက်ဆုံး အနေနဲ့ နယူးမင်း လေယာဉ်ကို အထက်သို့ ထိုးတတ်လိုက်လေသည်။ လေယာဉ်သည် အမြင့်ဆုံးဆိုသော အထက်သို့ ထိုးတတ်သွားသည်။ အရှိန်ကုန်သလို ဖြစ်မှ တဖန် အောက်သို့ ထိုးဆင်းလေသည်။ လေယာဉ်က ပျက်ကျသကဲ့သို့ ဖြစ်သည်။ သို့သော် သူုတို့ဆီက အသံ မထွက် ။

ဒါနဲ့ နယူးမင်း နည်းမျိုးစုံ သုံးပြီး သူတို့ဆီက အသံမထွက်တော့ နောက်ဆုံး သူ လေယာဉ်ကွင်းမှာ ဆင်းလိုက်ပြီး လယ်သမားဇနီးမောင်နှံကို . .

“ ကျွန်တော် တကယ် အံ့သြတယ်ဗျာ။ ခင်ဗျားတို့ ဆီက ဘယ်လို အသံမှ မထွက်ဘူးနော်။ တကယ်တော့ ကျွန်တော် ဒီလို မောင်းရင် လေယာဉ်မှူး အချင်းချင်းတောင်မှ ဖြေးဖြေးဟ လို့ အသံတော့ ထွက်လာတာပဲ။ အခုတော့ ခင်ဗျားတို့ ဆီက အသံ မထွက်ဘူး။ ”

“ ဟုတ်ပါတယ်။ ကျွန်တော်တို့ ရအောင် ထိန်းနိုင်ခဲ့ပါတယ်။ ”

နယူးမင်း က သူတို့ကို သေချာ ကြည့်ပြီး . . .

“ ခင်ဗျားတို့ မှာ ကျွန်တော် လေယာဉ်မောင်းနေတဲ့ အချိန် အသံထွက်ချင်လာတဲ့ အခါများ မရှိဘူးလား။ ”

ဒီအခါမှာတော့ လယ်သမားရော ၊ သူ့ဇနီးရော ပြိုင်တူ ပြောလိုက်ကြတယ်။

“ ရှိပါတယ်။ ဒီအချိန်က ကျွန်တော့်ဇနီး လဲကျသွားတဲ့ အခါပေါ့။ ”

“ ရှိပါတယ်။ ဒီအခ်ျန်က ကျွန်မ ခင်ပွန်း လဲကျသွားတဲ့ အခါပေါ့။ ”

ဒါနဲ့ပဲ လေယာဉ်မောင်းကျွမ်းကျင်သူ နယူးမင်းက ဘဝမှာ မလိုအပ်တဲ့ အချိန်မှာ တိတ်ဆိတ်နေသင့်တယ် ။ လိုအပ်လာရင်တော့ ပေးဆပ်မှု ဘယ်လောက်ပဲ ပေးရ ၊ ပေးရ ဖွင့်ပြောသင့်တယ် ဆိုတာကို လက်တွေ့ သင်ခန်းစာ ရခဲ့ပါတယ်။

ကျွန်တော်တို့ ဘဝမှာရော။ နေရာတကာ ဟောင်ဖွာ ၊ ဟောင်ဖွာ လုပ်နေမိပါသလား။ ပြောသင့်တယ် ဆိုတဲ့ အချိန်မှာ ကျတော့ ပေးဆပ်ရမဲ့ အရင်းအနှီးကို ကြည့်ပြီး နှုတ်ဆိတ်နေမိပါသလား။


source; Jack Canfield & Mark Victor Hansen Dare To win
ကိုဇော် ခံစားတင်ပြသည်။


pdf ဖိုင်ဖြင့် လိုချင်ပါက ဒီမှာ ဒေါင်းပါ။

.
Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဖတ်လည်းဖတ် မှတ်လည်းမှတ်သွားပါတယ် တကယ်စကားမပြောဘဲနေတာ ပိုက်ဆံကုန်မှာစိုးလို့ လား ပေးထားတဲ့ကတိတည်ချင်လို့ လားဆိုတာကို စဥ်းစားနေဆဲပါ

Flower said...

မှတ်သားထားရမှာပေါ့နော်.. မလိုအပ်ရင်တိတ်လေးနေ.. လိုအပ်မှပြော..

Anonymous said...

Good day!This was a really admirable Topics!
I come from roma, I was luck to approach your Topics in yahoo
Also I obtain a lot in your theme really thanks very much i will come daily