မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 January 2010

1 ရှတခဲ့သော နေ့ရက်အကြောင်း

ရှတခဲ့သော နေ့ရက်အကြောင်း

တစ်ခုခုတော့ ပြောချင်တယ်။
ငါ့ကိုယ်ငါ
အထင်တွေကြီးပြီး
အလွမ်းတွေနဲ့
တိတ်ဆိတ်ငြိမ်သက်နေခဲ့ဖူးတဲ့
ညတွေကိုပေါ့။

အခု
မေ့ထားတဲ့
ငါရဲ့ နှလုံးသားကိုရော
ရင်ခုန်သံ မှန်သေးရဲ့လားလို့
မစစ်မိသေးဘူးမဟုတ်လား။
ကိုယ့်ဖာသာ ကာကွယ်ရင်း
ဒိုင်းလွှားတွေကြားမှာ
နှလုံးသားက
ကြွေ.။

နေမယ် ဆိုတဲ့ စိတ်ကူးအိမ်လေး
လျှောက်မယ် ဆိုတဲ့ အိပ်မက် ကမ်းခြေလေး
ပျော်မယ် ဆိုတဲ့ မိသားစု ဘဝလေး
ဖတ်ပြီး ငြင်းခုန်မယ် ဆိုတဲ့ စာအုပ်လေး
မကြိုက်ပဲနဲ့ သိမ်းထားတယ် ဆိုတဲ့ ကဗျာလေး
ကျွန်တော့်နောက်ကို
တကောက်ကောက်လိုက်နေတဲ့
သူ့ ခြေရာလေးတွေ
အခု...
ဝေးပြီ..။

ငါကလည်း
အသုံးမကျ Skill ကျချက်များ
English လို့ရေးတာတောင်မှ
E- lis ဖြစ်ရသေးတယ်။
ငါ့ဘဝကလည်း
ကိုယ့်နှလုံးသားကိုတောင်မှ
အသံထွက် မပီသခဲ့..။

လူညီညီ ၊ မညီညီ
ငါ . . .
နင့်နာမည်လေးတော့ ရွတ်ပါရစေ
ခွင့်ပြုရင်ပေါ့. . ။ ။

ကိုဇော်





Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ဖြစ်မှဖြစ်ရလေ
မှားရေးတတ်သေးလား