မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 January 2010

0 LC တစ်နှစ်ပြည့်ခဲ့ပြန်ပြီ

သြော်...ဘာလိုလိုနဲ့ “ ဖန်တီးနိုင်စွမ်းသော အချစ် ” ဆိုတဲ့ http://lovecreative.ning.com ဆိုက်လေးကို ကျွန်တော် လုပ်လာခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်ခဲ့ပြန်ပြီ။

ဘာမှ မသိခဲ့တဲ့ ကျွန်တော့်အတွက် သိချင်လေးတာလေးတွေ သိလာခဲ့သလို ၊ ခင်မင်ပြီး များပြားလှတဲ့သူငယ်ချင်းတွေနဲ့လည်း ဆုံတွေ့ခွင့်ရခဲ့တယ်။ လူတွေရဲ့ စိတ်ဓါတ်တွေကို အနီးကပ် လေ့လာခဲ့ရသလို ၊ လူတွေရဲ့ ပြဿနာတွေ များစွာကိုလည်း ဖြေရှင်းခဲ့ရတယ်။ ဘာပဲ ပြောပြော ဒီနေ့တော့ LC တစ်နှစ်ပြည့်ခဲ့ပါပြီ။

ဒီတော့ တစ်နှစ်ပြည့် အထိမ်းအမှတ်တွေ့ဆုံပွဲလေး လုပ်ကြပါမည်။ ဒါကိုတော့ ပြည်တွင်းမှာ ရှိနေသော သူငယ်ချင်းတွေ အားလုံး ဆက်လက် အကောင်အထည်ဖော်ကြလိမ့်မယ်။ အစီအစဉ်လေးကိုတော့ ဒီလို ရေးဆွဲထားပါတယ်။
ကျွန်တော်တို့ LC တစ်နစ်ပြည့် အထိမ်းအမှတ် တွေ့ဆုံပွဲ နှင့် ပျော်ပွဲရွှင်ပွဲ ကို
အချိန် - ၁၇ . ၁. ၂၀၁၀ . တနင်္ဂနွေနေ့

( မနက် ၁၀: ၃၀ မှ ညနေ ၃ : 00 ထိ )
၁၀ နာရီ ၃၀ တွင် စတင်လူစုပြီး ၁၁ အတိတွင် စတင်မည်ဖြစ်ပါသည်။

၂ နာရီ ၃၀ တွင် အစီအစဉ်များပြီးဆုံးမှာဖြစ်ပြီး ၃ နာရီ အထိ သူငယ်ချင်း အချင်းချင်း ရင်းရင်းနှီးနှီး လွတ်လွတ်လပ်လပ် ပြောဆို ကြမည်ဖြစ်သည်။
( ထို အချိန်တွေ ပြန်လိုသူများ ပြန်နိုင်ပြီဖြစ်ပြီး ဆက်နေလိုသူများ ဆက်နေနိုင်မည်ဖြစ်သည်။ )
နေရာ - ကန်တော်ကြီး ပုဂံလုံးကျွန်းမှ ရေလယ်ဆောင် ဖြစ်သည်။
( ဆရာဝန် သင်းတိုက်ရှေ့ ဝင်ပေါက်မှ ဝင်ခဲ့မည်ဆိုပါက ကြိုဆိုရေး ထားရှိမည် ဖြစ်ပါသည်။ ရေလယ် ဆောင် ဝင်ဝ တွင်လည်း ကြို ဆိုရေးများ ထားရှိပါမည်။ )
လမ်းညွှန် မြေပုံကတော့ အောက်မှာပါ။




ကားဂိတ် မှတ်တိုင်များမှ သွားနည်း...

ကန်တော်ကြီး ပုဂံလုံးကျွန်းသို့ ဝင်ပေါက်များမှာ
၁- ဗဟန်း ၃ နားကဝင်ပေါက်
၂ - ဦးဝိစာရ နားက ဝင်ပေါက်
၃ - ဆရာ ဝန်သင်းတိုက်ရှေ့ ဝင်ပေါက်
၎ - မျော်စင် ကျွန်း ဝင်ပေါက်နှင့် ကပ်လျှက် ဝင်ပေါက်
နံပါတ် ၁ နှင် ၂ အပေါက်က ဝင်လာပါက ကရဝိတ် ရှိရာ ဘက် တံတား ရှည်ကြီးကို ဖြတ်လျှောက်လာရမည်ဖြစ်ပါသည်။
နံပါတ် ၃ ပေါက် တွင် ကြိုဆိုရေးထားရှိပါမည် .
နံပါတ် ၄ ပေါက်က ဝင်ရောက်မည့်သူများ တံတား အတိုင်းလျှောက်လာ လိုက်သည်နှင့် မကြာ ခင်မှာပဲ ရေလည်ဆောင်ကို မလွဲ မြင်တွေ့နိုင်မည် ဖြစ်သည်။

အစီအစဉ် - ( ၁၀း၃၀ - ၁၁း၀၀ )

*လာရောက်သော မန်ဘာ သူငယ်ချင်း များကို နွေးထွေး ပျူငှာစွာ ကြိုဆိုခြင်း ။
*နေရာ ထိုင်ခင်း ပြသ ပေးခြင်း ။
*LC တစ်နစ်ပြည့် အမှတ်တရ သော့တွဲများပေး ခြင်း ။
( ပွဲစီစဉ်သူများကဆောင်ရွက်ပေးမည်။)
*တက်ရောက်လာသူများမှ မိတ်ဆက်စကားဆိုခြင်း
*မန်ဘာအချင်းချင်း ရင်းနှီးမူပို ရှိစေရန် စီစဉ်ထားသော ( Game 1 )
*နေ့လည်စာ စားသောက်ခြင်း
*သက်တောင့် သက်သာ ဖြင့် ပျော်ရွှင်ဖွယ် စီစဉ်ထားသော ( Game 2 )
*ပျော်ရွှင်ဖွယ် အထူးအစီအစဉ်
( ထို အစီအစဉ်ကို အားပေးရင်း ရေခဲမုန့် ဖြင့် တည်ခင်း ဧည့်ခံမည်ဖြစ်သည်။ )
*LC နှင့် ပတ်သတ်သော မေးခွန်းများ မေးခြင်း နှင့် ဆု များပေးခြင်း
*မန်ဘာများ ယူလာသော အမှတ်တရ လက်ဆောင်များ အချင်းချင်း လဲလှယ်ခြင်း
( အမှတ်တရ လက်ဆောင်လဲလိုသူများ လက်ဆောင်များ ကို ကြိုယူလာရမှာဖြစ်ပါတယ်။)
*ပျော်ရွှင်ဖွယ် အထူး အစီအစဉ် ၂
*ဗလာ မပါ ကံစမ်းမဲ အစီအစဉ်
( ရရှိသော ငွေကြေး ပေါ်မူတည်ပြီး ပိုသမျှငွေတွေကို ဒီနေရာမှာ သုံးမှာဖြစ်ပါတယ် )
*အစီ အစဉ်ပြီးဆုံးခြင်း နုတ်ဆက် စကားဆို ကြခြင်း


ပွဲတက်ရောက်မည့်သူများ ဆက်သွယ်ရန် -

အထက်ပါ အစီအစဉ်များကို ဆောင်ရွက် နိုင်ရန် တစ်ဦးလျှင် ( ၂၀၀၀ ) စီကောက်ခံမည်ဖြစ်ပါသည်။ ငွေထည့်ဝင်ရန် နှင့် တက်ရောက်စာရင်းပေးရန် အောက်ပါ မေးအကောင့်များကို ဆက်သွယ်စေချင်ပါသည်။

- kohein.sfo@gmail.com ( ကိုဟိန်း )
- linnkhine12@gmail.com ( လင်းခိုင် )
- blackdagger.99@gmail.com ( အနက်ရောင် )

LC တွင်လည်း ဝင်ရောက် စာရင်းပေးသွားနိုင်ပါသည်။

အောက်က ပုံလေးတွေကတော့ LC တစ်နှစ်ပြည့်မှာ သူငယ်ချင်းတွေကို အမှတ်တရ ပေးမယ်လို့ စိတ်ကူးထားသော “ အမှတ်တရ သော့ချိတ်လေး ” အတွက် ကျွန်တော် ဆွဲထားသော ဒီဇိုင်းများ ဖြစ်ပါတယ်။ ဘယ်ဟာကို သုံးမလဲတော့ မသိပါဘူး။ သူတို့ ကြိုက်တာ နဲ့ ပြင်ဆင်မှုမှာ အဆင်ပြေတာကို သုံးကြလိမ့်မယ် ထင်ပါတယ်။

အသေးစိတ် အချက်အလက်များကို ဒီနေရာ တွေမှာ သွားဖတ်နိုင်ပါတယ်။

ကိုဇော် ခံစားတင်ပြသည်။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: