မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


28 January 2010

0 USB လုံခြုံရေး


သင့်မှာ ကွန်ပျူတာ တစ်လုံး ရှိနေမယ် ဒါမှ မဟုတ် သင့်မှာ USB Memory Stick (Pan Drive ) လေးတစ်ခု ရှိနေတယ်
ဆိုပါတော့ ဒါဆိုရင်တော့ ဒီဆော့ဝဲလ်လေး လိုလာပါပြီ။

ဘာလို့လဲ ဆိုတော့ Anti - Virus ဆိုတာတွေက သေးငယ်သော ဗိုင်းရပ်စ်တွေ ၊ ဗိုင်းရပ်စ် အသစ်တွေကို ချက်ချင်းမဖမ်းပေးနိုင်ပါဘူး။ အဘွားအိုကြီး မှုန်မှုန်မွှားမွှားနဲ့ အပ်ပေါက်ထိုးနေသလိုမျိုး သူတို့လည်း ချက်ချင်း မမြင်နိုင်ဘူး။ ဒီတော့ ကျွန်တော်တို့ ဒီအဘွားကြီးကို မျက်မှန် တပ်ပေးရမယ်ဗျ။

ဒီမျက်မှန်ကတော့ USB ပေါက်မှာ USB Stick လေး ထိုးလိုက်တာနဲ့ ချက်ချင်းစစ်ပေးတဲ့ ဆော့ဝဲလ်လေးပါပဲ။ သူသာ စက်ထဲမှာ ရှိနေပါစေ။ အပြင်က လာတပ်တဲ့ USB Stick မှာ ဗိုင်းရပ်စ် ပါလာပါက သူချက်ချင်း အကြောင်းကြားတယ်။

အောက်က ပုံလေးကတော့ ဗိုင်းရပ်စ် မရှိပါဘူးဆိုပြီး အစိမ်းရောင်းနဲ့ ပြတာပါ။ တကယ်လို့ ရှိနေတယ် ဆိုရင်တော့ ဒီအစိမ်းရောင်နေရာလေးမှာ အနီရောင်နဲ့ ပြပြီး “ ဟေ့ကောင် Anti - Virus အိပ်ငိုက်မနေနဲ့ ၊ ထပြီး သတ်တော့လို့ အလိုလို ခေါ်ပြောပါလိမ့်မယ်။ ” ဒါဆိုရင် ကိုယ့်စက်ထဲက Anti - Virus နဲ့ ဖမ်းပြီး Delete လုပ်လိုက်ရုံပေါ့ဗျာ။


ပြောပြီး ကြော်ငြာနေရတာ မောတယ်။ ပိုက်ပိုက်လည်း ရဝူးရယ်။

ကျွန်တော်လည်း တင်ပေးမယ် တင်ပေးမယ်နဲ့ နောက်ကျနေတယ် အဟီး ။ ကိုယ်ကတော့ ကိုယ်စက်မှာ သုံးနေတာ ဟုတ်လို့..။ စိတ်မဆိုးကြနဲ့ အခု ရပြီပဲ ၊ ယူတော်မူကြပါကုန်လော့ ဒီနေရာ မှာလေ။

မှတ်ချက်။ ။ ကွန်ပျူတာ နဲ့ ပတ်သတ်တာတွေ ရေးပါ ရေးပါ လို့ တဂျီဂျီ ပူနေသူတွေ အတွက်ပါ။ အခု နောက်ပိုင်း သိပ်မရေးချင်မိဘူးဗျ။ ကိုယ့်ထက် သိသူ ၊ တော်သူ ။ တတ်သူတွေလည်း အများကြီးဆိုတော့လေ။ ဒါပေမဲ့ စိတ်ပါရင် ပါသလို တင်ပေး ၊ ပြောပေးပါ့မယ်။

ကိုဇော် တင်ပြသည်။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: