မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 January 2010

6 ဟဲလေး ၏ Old Service သီချင်းခွေအသစ် ( နားထောင်ရန် )



ဟဲလေး ၏ Old Service သီချင်းခွေအသစ် ( နားထောင်ရန် )



ဒါကတော့ ဟဲလေးအတွက် ကျွန်တော်တို့ရဲ့ “ ဒီဇိုင်နာ နဂါး ” က နေပြီး ဆွဲပေးထားတဲ့ ဒီဇိုင်းလေးပါပဲ။ မြန်မာတွေကို တိုးတတ်စေချင်တယ် ၊ တိုးတတ်စေချင်တယ် အော်မနေပါနဲ့ဗျာ။ ကိုယ်တစ်ယောက်တည်းကပဲ စလိုက်ကြရအောင်။ ကျွန်တော် အခု ဒီသီချင်းတွေ သူငယ်ချင်းတွေ နားထောင်ရအောင် ဘယ်လောက်တောင် အချိန်ကုန်သွားခဲ့တယ် ထင်ပါသလဲ။ ကျွန်တော်တောင်မှ ဒီလောက် အချိန်ကုန်သွားရင် ဒီအခွေကို ဖန်တီးတဲ့ ဖန်တီးရှင် “ ဟဲလေး ” ဆိုရင် ဘယ်လောက်တောင်မှ အချိန်ကုန်မလဲဗျာ။ သူ ဒီအခွေကို ဖြစ်အောင် ၃ နှစ်လုပ်ခဲ့ရတယ် လို့ ဆိုပါတယ်။

သူ့ရဲ့ ၃ နှစ်တောင်မှ ဖန်တီးထားတာကို ကျွန်တော်တို့ မူရင်းအခွေလေးတွေ ဝယ်ပြီး အားမပေးသင့်ဘူးလားဗျာ။ နိုင်ငံခြားက ထွက်တဲ့ ဗီဒီယိုတွေ ၊ ဆော့ဝဲလ်တွေ ကို ကော်ပီဝယ်ပါဗျာ။ ကိုယ့်မြန်မာအချင်းချင်း တိုးတတ်စေချင်တယ်ဆို..။ လူတစ်ယောက်ရဲ့ ဖန်တီးမှုကို အားပေး လက်ခံသော မြင့်မြတ်တဲ့ စိတ်ထားလေးနဲ့ မူရင်းခွေလေးကို အားပေးပါလားဗျာ။

ကိုဇော်



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မှတ်ချက်။ ။ သီချင်းများ တစ်ခါတည်းတင်လိုက်ရသောကြောင့် တချို့သီချင်းများ မပေါ်ရင် Refresh လုပ်ကြည့်ပါ။ ကျွန်တော် အားလုံးစမ်းပြီးမှ တင်လိုက်တာပါ။ ကွန်ကြောင့် ပျောက်နေတတ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၀၁) ဟဲလေး - စက္ကထရီ
ဒီသီချင်းလေးကတော့ အခွေထွက်ထွက်ပြီး ၃ ရက်အတောအတွင်းမှာကို ပေါက်ခဲ့တယ် ဆိုတဲ့ သီချင်းလေးပါ။ ကျွန်တော်လည်း ကြိုက်တယ်။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၀၂) ဟဲလေး - ဒဏ်ရာမဲ့ အနာ


ဒီသီချင်းလေးကတော့ အရင်က “ ဂရေဟမ် ” ဆိုထားဖူးပါတယ်။ အခုတော့ “ ဟဲလေး “ က ပြန်ဆိုထားတာဆိုတော့ ဘာများကွာ မလဲ ယှဉ်နားထောင်သင့်တာပေါ့ဗျာ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၀၃) ဟဲလေး - ခေတ်ကာလ သားသမီးများ

ယနေ့ခေတ်ကို သရော်ထားတဲ့ သီချင်းလေးပါ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၀၄) ဟဲလေး - ခိုနားရာ


သီချင်းအေးအေးလေးနဲ့ ဟက်ထိစေမဲ့ သီချင်းပေါ့။ ချစ်သူနဲ့ ဝေးသွားတဲ့ အခါမှာ ကိုယ့်ကလည်း သူ့အတွက် ခိုနားရာ ၊ သူ့ကိုလည်း ကိုယ့်အတွက် ခိုနားရာဆိုတဲ့ သီချင်းလေးပါ။ အဓိပ္ပါယ် တော်တော် ကောင်းတဲ့ သီချင်းလေးဗျာ။ တေးရေးကို လေးစားတယ်ဗျာ။






~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၀၅) ဟဲလေး - တစ်သက်စာတစ်မျက်နှာ


ခံစားချက် ရှိသူတွေ နားမထောင်သင့်တဲ့ သီချင်းပေါ့ဗျာ။ ဘာလို့လဲ ဆိုတော့ မျက်ရည်မဆယ်နိုင်မှာ စိုးလို့ ကျွန်တော်တောင်မှ သတိရသွားသေးတယ်။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၀၆) ဟဲလေး - အိုးဆားဗစ် (ဝါရင့် သမ္ဘာရင့် )

သီချင်းခွေရဲ့ Title သီချင်းလေးပါ။ ခေတ်ကာလကို သရော်ထားတဲ့ သီချင်းလေးလို့ မြင်မိပါတယ်။ တတ်တတ်ကြွကြွဆိုထားတဲ့ “ ဟဲလေး ” ရဲ့ အသံကိုလည်း နားထောင်ကြည့်ပါဦး။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၀၇) ဟဲလေး - မင်းကိုငါချစ်တယ် ( ဆာဒါငဲယိုး )


ဒီသီချင်းလေးကတော့ ကိုရီးယား သီချင်းလေးကို မူပြောင်းထားတာပါ။ သိတယ် မလား..။ ကိုရီးယားလို ဘယ်လို ပြောတယ် ဆိုတာ “ မင်းကို ငါ ချစ်တယ်။ ” တဲ့ဗျာ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၀၈) ဟဲလေး - ဂွတ်နိုက် ( နှုတ်ဆက်ညလေး )


ချစ်သူနဲ့ ခွဲခွာခါနီးမှာ နှုတ်ဆက်တဲ့ သီချင်းလေးပေါ့။ လွမ်းတတ်သူများ လက်ကိုင်ပုဝါ ဆောင်ထားပါ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၀၉) ဟဲလေး - အင်တာဗျူး


ဒါကတော့ ဟဲလေးရဲ့ စတိုင်လ်အသစ် ဆိုပေါက် အသစ်နဲ့ သီချင်းလေးဆိုပါတော့..Mood အသစ်ပေါ့ဗျာ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၀) ဟဲလေး - အချစ်ဝဂာင်္ပါ


ကျွန်တော်တို့ရဲ့ မာတီက “ ကိုနေရောင် ” ကပဲ ရေးတာပါ။ ဒီအခွေမှာ ဒီအပုဒ်လေး မပါရင် အသက် မဝင်ဘူးလို့ တောင်မှ ပြောလို့ရပါတယ်ဗျာ။ ကျွန်တော် လည်း အရမ်းကြိုက်တဲ့ သီချင်းပါ။ စာသားတွေကို ထိမိရင် ကြွေကျသွားနိုင်တယ်။ လန်းတယ်ဗျာ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၁) ဟဲလေး - မိသဝေထိုး


ဒီနေ့ခေတ်က မိန်းကလေးတွေ အကြောင်းကို ဆိုထားတဲ့ သီချင်းလေးပါ။ ရသ တစ်မျိုး ခံစားရတာပေါ့လေ။






~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၂) ဟဲလေး - ပျော်ရင်ပြီးတာပဲ


ဝေးသွားကြရတော့မယ် ဆိုတဲ့ အခါမှာ ချစ်သူကို ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးချင်တဲ့ သူတွေ အတွက်ပေါ့ဗျာ။







ကိုဇော် ခံစားတင်ပြသည်။

.
Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

for No. 2 song, Graham version is better.

Flower said...

နားတော့ထောင်ချင်ပါရဲ့... ခက်တာက ဘာမှကို မကြားရတာပါ.. ကျော်ခွပြီး ၀င်ရလို့ထင်ပါတယ်..ဟဲလေးရဲ့ သီချင်းလေးတွေကို သဘောကျပါတယ်.. (လန်ဒန်မြေပဲယို)က လွဲလို့ပေါ့နော်..... :)

Anonymous said...

ရှယ်ပဲကွာ.. ဟဲလေးနဲ့ ဘာတော်တာတုံး။
များကြီးပဲ တစ်ဝနားထောင်ရပြီ။း)

ကိုဇော် said...

အဲ...ဘာတော်ရမှာတုန်း..။
ဘာမှ မတော်ဘူးလေ။
မုရင်းလေး ဝယ်သုံးစေချင်လို့ ကြော်ငြာပေးလိုက်တာပါ။

Unknown said...

အစ်ကိုရေ
ဒီမှာသူငယ်ချင်းတစ်ယောက်နဲ့အသဲအသန်ငြင်းနေလို့ပါ
သူငယ်ချင်းက ဟဲလေးကိုမွတ်စလင်ဘာသာတဲ့
ကျွန်တော်က ဗုဒ္ဓဘာသာဝင် ဆိုပြီးငြင်းနေတာ
ဟဲလေးရဲ့ profile လေးပဲဖြစ်ဖြစ်
ဒါမှမဟုတ် ဂျာနယ်တွေမှာဟဲလေးအကြောင်းအင်တာဗျူးရှိရင်
ပါခဲ့တဲ့ဂျာနယ်နဲ့နာမည်နဲ့လလေးကို
့harmlockk@gmail.com ကိုမေးလ်လေးပို့ပေးပါလားဗျာ
ကျေးဇူးတင်ပါတယ်...

လသာည said...

အခုမှ ဒီသီချင်းပိုစ်ကို တွေ့လို့ လာနားထောင်သွားတယ်။
လသာညလည်း ဟဲလေးသီချင်းတွေ ကြိုက်တယ်။ အိုးဆားဗစ်နဲ့ အင်တာဗျူးကို နားထောင်ပြီး ရယ်မိတယ်း)))