မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 January 2010

0 ဂြိုဟ်သား

.
ကျွန်တော် နှစ်ပေါင်းများစွာ စဉ်းစားလာတဲ့ ကိစ္စတစ်ခု ဖြစ်တယ်။
တစ်နေ့တော့ အမေရိကန် NASA ကနေပြီး ဂြိုဟ်သားတွေရဲ့ ယာဉ်ပျံပျက်တစ်စင်းကို ရထားတယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရတယ်။ ဒီယာဉ်ပျံထဲမှာလည်း ဂြိုဟ်သား တစ်ယောက်ပါလာသေးတယ်တဲ့။ ကျွန်တော် ဓါတ်ပုံကို အပြေးအလွှားကြည့်လိုက်တော့ နှစ်ပေါင်းများစွာ ကျွန်တော် စဉ်းစားလာတဲ့ ကိစ္စ အဖြေ ကိုသွားတွေ့တယ်..။

သတ္တဝါတွေဟာ ဥာဏ်ဖွင့်ဖြိုးလာတာနဲ့ အတူ ကိုယ်ခန္ဓာက သေးငယ်သွားတတ်တယ်။ သတ္တဝါတွေထဲမှာ ခန္ဓာကိုယ် နဲ့ယှဉ် ဦးနှောက် အကြီးဆုံး သတ္တဝါက “ လူ ” လေ..။

ဒီလိုပဲ လူထဲမှာမှ အားကစားလိုက်စားတာ မဟုတ်ပဲ။ ပုံမှန်လူဆိုရင် ဦးနှောက်ကို အသုံးချတာ များတဲ့လူဟာ ခန္ဓာကိုယ်ကို အသုံးချတဲ့လူထက် ခန္ဓာကိုယ် ဖွံဖြိုးမှု နည်းတယ်လေ။

အခု ကျွန်တော် မြင်နေရတဲ့ ဂြိုဟ်သားတွေကလည်း ဒီလိုပဲ။ သူတို့ ခန္ဓာကိုယ် နဲ့ ဦးနှောက်မှာ ခန္ဓာကိုယ်က မြင်မကောင်းအောင် သေးကွေးပြီး ဦးနှောက်က အဆ မတန်ကြီးထွားနေတယ်လေ။

ဒါကြောင့် ကျွန်တော် စဉ်းစားမိတာ။ ဦးနှောက် ကို အသုံးချတာ များတဲ့သူတွေဟာ အားကစား လိုက်စားမှု နည်းရင် ခန္ဓာကိုယ်သေးကွေးနေတတ်တယ်လို့လေ။ ဒါပေမဲ့ ခန္ဓာကိုယ် ကြီးပြီး ဥာဏ်ထက်တတ်တဲ့ သူတွေလည်းရှိကြမှာပါ။ အင်မတန် နည်းပါတယ်။ သေချာတာ တစ်ခုကတော့ ခန္ဓာကိုယ်သေးငယ်တိုင်းလည်း ဥာဏ်ကြီး ရှင် မဟုတ်ကြတာပါပဲ။

ကျွန်တော်ကတော့ အားလုံးကို ဂြိုဟ်သားတွေလို ဥာဏ်ကြီးရှင်တွေ ဖြစ်စေချင်တာပါပဲ။ ခန္ဓာကိုယ်ထွားထွား ကြီးကြီးမားမားတွေဆိုတာက ကျောက်ခေတ် မှာကျန်ခဲ့ပြီလေ။ အားလုံးကို ဦးနှောက် အလုပ်လုပ်စေချင်တယ်ဗျာ။

ကိုဇော်

http://zaw357.multiply.com/journal/item/310/310 မှာ 18.5.2009 မှာ ရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: