မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 January 2010

1 ရွှေသံလွင် ဘိုးဘွားရိပ်သာ



ရွှေသံလွင် ဘိုးဘွားရိပ်သာဟာ ၈၈ရပ်ကွက်၊ ကွမ်အမ်သားမင်းသားလမ်း၊ မြို့သစ်ဆိပ်ကမ်း မြို့နယ်မှာ တည်ရှိပါတယ်။ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်နေ့မှာ စတင်ဖွင့်လှစ် ခဲ့တာပါ။ ယခု အခါ အဖိုး၂၀ယောက်၊ အဖွား ၇၀ယောက်၊ ၀န်ထမ်း ၂၂ယောက်နဲ့ လည်ပတ်နေပါတယ်။ အဖိုးအဖွားတိုင်းကို တစ်နှစ်ကို အ၀တ်၂စုံစီ၊ တစ်ဦးချင်းအတွက် ကုတင်၊မွေ့ယာ၊စောင်၊ခေါင်းအုံး၊ ဘီဒို၊ ဖိနပ်၊ ပန်းကန်း၊ ဇွန်း၊ ရေခွက် အစရှိတဲ့ ကိုယ်စီ ပေးထားပါတယ်။

ရိပ်သာဝင်းအတွင်းမှာ အဆောင် ၇ဆောင်ရှိပါတယ်။ အဖိုးတွေအတွက် ၁ဆောင်၊ အဖွားတွေအတွက် ၃ဆောင် ပါဝင်ပါတယ်။ ဘိုးဘွားတွေအတွက် ဘုရားဝတ်ပြုခန်း၊ အပန်းဖြေ တီဗွီကြည့်ခန်းများလည်း ထားရှိပေးထားပါတယ်။ ရာသီအလိုက် ပွဲတော်တွေမှာ ဘိုးဘွားတွေကို အားကစားပွဲ၊ ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပပေးပါတယ်။

ဒီရိပ်သာမှာ အသက် ၆၀အထက်ရှိတဲ့ ဘိုးဘွားများကို အောက်ပါအချက်တွေနဲ့ ညီညွတ်ရင် လက်ခံ စောင့်ရှောက်ပေးပါတယ်။

၁။ ကျန်းမာရေး စစ်ဆေးမှုခံယူပြီး ကူးစက်ရောဂါ၊ အဆုတ်ရောဂါ၊ စိတ်ကျန်းမာရေးချို့တဲ့သူ၊ HIVရောဂါပိုးရှိသူ မဟုတ်ပါမှ လက်ခံပေးပါတယ်။

၂။ ခိုကိုးရာမဲ့၊ စားရေးသောက်ရေး အခက်အခဲရှိသူ ဖြစ်ရပါမယ်။

၃။ အပေါ့၊ အလေး ကိုယ်တိုင် သွားလာနိုင်ရပါမယ်။

ဒီ ရွှေသံလွင် ဘိုးဘွားရိပ်သာမှာ ယခု အသက် အကြီးဆုံး ကတော့ အသက် ၉၉နှစ်ရှိ အဖွားဒေါ်မြကြည် ဖြစ်ပါတယ်။


အဖိုး အဖွားတွေဟာ ...

- မနက် ၅နာရီမှာ အိပ်ယာထကြပါတယ်။

- ၅နာရီခွဲမှာ ဘုရား ကန်တော့ကြပါတယ်။ ပရတ်ကြီး ၁၁သုတ် တစ်နေ့တစ်သုတ်ရွတ်ပါတယ်။

- ၆နာရီခွဲရင်တော့ မနက်စာစားပါတယ်။ အလှူရှင်ရှိရင် ကြာဇံကြော်၊ မုန့်ဟင်းခါး ကျွေးပြီး အလှူရှင်မရှိရင်တော့ ယာဂုပြုတ် ကျွေးပါတယ်။

- ၇နာရီခွဲ အတွင်း ရေချိုး၊ အနားယူနိုင်ပါတယ်။

- ၁၀နာရီခွဲမှာ နေ့လည်စာ ထမင်းစားပါတယ်။

- ၁၂နာရီက နေ့လည် ၁နာရီ အထိက နေ့လည် တစ်ရေးတစ်မော အိပ်ချိန်ပါ။

- ၁နာရီ၁၅မိနစ် ကြေးစည်တီးရင်တော့ တရားထိုင်ရတော့မှာပါ။

- ၁နာရီခွဲကနေ ၂နာရီ အထိ တရားထိုင်ရပါတယ်။

- ၄နာရီ အထိက နားနေချိန်နဲ့ ဧည့်ချိန်ပါ။

- ၄နာရီ၁၅မိနစ်မှာ ညစာ ထမင်းစားရပါတယ်။

- ၄နာရီ ၄၅မိနစ်မှာတော့ ဘုရားခန်းဝင် ၀တ်ပြုရပါတယ်။ ၆နာရီ ၁၅မိနစ်မှာ ပြီးပါတယ်။

- ၇နာရီမှာ တီဗွီကြည့်နိုင်ပါတယ်။ နားနေနိုင်ပါတယ်။

- ည ၉နာရီဆိုရင်တော့ အဖိုးအဖွားအားလုံး အိပ်ရပါတော့တယ်။


ဒါကတော့ အဖိုး အဖွားတွေရဲ့ တစ်နေ့တာ အချိန်ဇယားပါရှင်။


နာတာရှည် အဖိုးအဖွားတွေအတွက် သီးသန့်ထားဘို့ အဆောင်တစ်ခု လိုအပ်နေပါသေးတယ်ရှင်။ စေတနာရှင် အလှူရှင်များကို စောင့်မျှော်နေတယ်လို့ သိရပါတယ်ရှင်။ အလှူရှင်တွေလာရင် အဖိုးအဖွားတွေ အရမ်းပျော် ကြပါတယ်။

ဂရုဏာသက်စရာ ခိုကိုးရာမဲ့ အဖိုးအဖွားတွေကို တတ်နိုင်တဲ့ ပံ့ပိုးမှုလေးတွေ ကျွန်မတို့ပေးကြပါစို့လား။ တစ်ယောက်တစ်လက်နဲ့ ၀ိုင်းဝန်း ကူညီကြပါစို့လားရှင်။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ
http://myathwayyni.mylovecafe.com

( http://savetheaged.ning.com မှ မြသွေးနီ ၏ မူရင်းအတိုင်း ကူးယူဖော်ပြပါသည်။ ကျေးဇူးပါ မြသွေးနီ။ )

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

စာရေးဆရာမ မပြောရဘူး..တွေ့လာတာအကုန် စာပြန်ရေးနိုင်တယ် တော်လိုက်တာ.. ဒီနေ့အလှူအတွက် သာဓုခေါ်ပါတယ်ရှင်.. နောက်ထပ်နောက်ထပ်တွေမှာလည်း လှူနိုင်တန်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်...