တစ်ခါက
အညာက ရွာလေးတစ်ရွာမှာ ဖိုးထောင် ဆိုသူ တစ်ယောက်ရှိတယ်။ သူက အညာသား ဆိုပြီး သူ့ကို နှိမ်မှာကို အရမ်းကို ကြောက်သူ တစ်ယောက် ဖြစ်တယ်။ ဒါကြောင့် ငါက အညာသာ လူလည်ပါကွ ဆိုပြီး အမြဲပြောလေ့ရှိတယ်။
တစ်နေ့တော့ မြို့ကို ရွာက သူကြီးနဲ့ အတူတူသွားဖို့ ကိစ္စ ပေါ်လာတယ်။ ဒါနဲ့ သူကြီးက ပြောတယ်...
“ မင်း မြို့ရောက်ရင် သတိတော့ထားနော်.မြို့သားတွေက အညာသား ၊ တောသားဆိုရင် လှည့်တတ်တယ်ကွ။ ”
လို့ ပြောသတဲ့။ ရွာတွေမှာ လိမ်တာ ၊ ညာတာကို လှည့်တယ် လို့လည်း ပြောတတ်ကြတယ်လေ။ ဒီတော့ သူက..
“ အာ. . သူကြီးရယ် သူများကိုသာ လှည့်လို့ရမယ်။ ကျုပ်ကို လှည့်လို့မရစေ ရဘူး မှတ်ထား။ ”
လို့ ပြောသတဲ့။ ဒါနဲ့ပဲ သူတို့ မြို့ရောက်လာပြီး ထုံးစံ အတိုင်း တည်းနေကြ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တည်းကြတယ်။ နောက်ထပ် နှစ်ရက်လောက်လည်း နေပြီးတော့ ဘုန်းကြီးက ဖိုးထောင် ဆံပင်တွေ ရှည်နေတာကို ကြည့်လို့ မရတာနဲ့ . .
“ ဖိုးထောင် ..ရော့ ပိုက်ဆံ ။ သွား ဆံပင်ညှပ်ချေ။ ”
ဆိုပြီး လွှတ်လိုက်တယ်။ သူ သွာမယ် လုပ်တော့ သူကြီးက သူ့ကို သတိပေးလိုက်သေးတယ်..
“ ဟဲ့ ..ဖိုးထောင် အရာရာ သတိထားနော်။ မင်းက မလည်မဝယ်နဲ့ မြို့သားတွေ မင်းကို လှည့်နေဦးမယ်။ ”
ဒီလိုပြောတော့ ဖိုးထောင်က မခံနိုင်ဘူး။
“ အာ သူကြီးရာ ကြည့်ထားစမ်းပါ။ ဖိုးထောင်ပါဗျာ။ အညာသား လူလည်ပါ။ ဖိုးထောင်ကို ဘယ်တော့မှ မလှည့်စေရဘူး။ ”
ဒီလို ပြောပြီး ထွက်သွားတယ်။ ဒါနဲ့ သူ ဆံပင်ညှပ်ဆိုင်ကို မေးမြန်းပြီးရောက်လာခဲ့တယ်။ ဆိုင်ကို ရောက်တော့ သူ့ရှေ့မှာ တစ်ယောက်ပဲ ရှိတယ်။ ဒီတော့ ဖိုးထောင် ထိုင်စောင့်နေခဲ့တယ်။ ပြီးတော့ သူ ဆံပင်ညှပ်ပြီးတော့ ရင်ကော့ပြီး ဘုန်းကြီးကျောင်းကို ပြန်လာခဲ့တယ်။ သူ့ကို တွေ့တော့ ဘုန်းကြီး နဲ့သူကြီးက..
“ ဟဲ့ ဖိုးထောင် ရင်ဘတ်ကြီး ကော့လို့ ဘယ်လို ဖြစ်လာတာလဲ။ ”
လို့ မေးတယ်။ ဒီတော့ ဖိုးထောင်က ...
“ဟားဟားဟား.. မြို့သားတွေ ဘယ်လောက်လည်လည်ပါဗျာ။ ဖိုးထောင်ကိုတော့ လာလှည့်လို့ မရပါဘူး။ ”
လို့ ပြောတယ်။ ဒီတော့ သူကြီးနဲ့ ဘုန်းကြီးက ...
“ ဘာဖြစ်ခဲ့လို့လဲ ဖိုးထောင် ”
လို့ မေးတော့ ဖိုးထောင်က...
“ ဆံပင် ညှပ်ဆိုင်မှာလေဗျာ။ မြို့သား ဆံပင်ညှပ်နေတဲ့ သူပေါ့။ သူ ကျူပ်အရှေ့က လူကို လှည့်နေတာ ကျူပ်ကိုယ်တိုင် တွေ့ခဲ့တာပဲ။ ”
“ ဟေ ဘယ်လို လှည့်နေတာလဲ။ ”
“ ဒီလူကို ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းပြီး ဟိုဘက်ကို လှည့်လိုက် ၊ ဒီဘက်ကို လှည့်လိုက်နဲ့ ဆံပင်ကို ကိုက်နေတာလေ။ ”
ဒီတော့ ဘုန်းကြီးရော ၊ သူကြီးရောက “ ဟေ ” ဆိုပြီး ပါးစပ်အဟောင်းသားနဲ့ပေါ့။ ဒီမှာက သူက ဆက်ပြောတယ်။
“ ဘယ်ရမလဲဗျာ..။ ကျုပ်အလှည့်ကျတော့ သူလှည့်လို့ မရအောင် ထိုင်ခုံကြားထဲကို ခြေထောက်ကို ကလန့်ထားလိုက်တာပေါ့။ သူ လှည့်လို့ မရတော့ဘူးလေ။ ”
တဲ့။ ကဲ.. အညာသားဖိုထောင်များ ဘယ်လောက်တောင်မှ လည်သလဲလို့နော်..။
( ဆက်ရေးပါဦးမယ်...အညာသားဖိုးထောင် အခန်းဆက်)အညာက ရွာလေးတစ်ရွာမှာ ဖိုးထောင် ဆိုသူ တစ်ယောက်ရှိတယ်။ သူက အညာသား ဆိုပြီး သူ့ကို နှိမ်မှာကို အရမ်းကို ကြောက်သူ တစ်ယောက် ဖြစ်တယ်။ ဒါကြောင့် ငါက အညာသာ လူလည်ပါကွ ဆိုပြီး အမြဲပြောလေ့ရှိတယ်။
တစ်နေ့တော့ မြို့ကို ရွာက သူကြီးနဲ့ အတူတူသွားဖို့ ကိစ္စ ပေါ်လာတယ်။ ဒါနဲ့ သူကြီးက ပြောတယ်...
“ မင်း မြို့ရောက်ရင် သတိတော့ထားနော်.မြို့သားတွေက အညာသား ၊ တောသားဆိုရင် လှည့်တတ်တယ်ကွ။ ”
လို့ ပြောသတဲ့။ ရွာတွေမှာ လိမ်တာ ၊ ညာတာကို လှည့်တယ် လို့လည်း ပြောတတ်ကြတယ်လေ။ ဒီတော့ သူက..
“ အာ. . သူကြီးရယ် သူများကိုသာ လှည့်လို့ရမယ်။ ကျုပ်ကို လှည့်လို့မရစေ ရဘူး မှတ်ထား။ ”
လို့ ပြောသတဲ့။ ဒါနဲ့ပဲ သူတို့ မြို့ရောက်လာပြီး ထုံးစံ အတိုင်း တည်းနေကြ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တည်းကြတယ်။ နောက်ထပ် နှစ်ရက်လောက်လည်း နေပြီးတော့ ဘုန်းကြီးက ဖိုးထောင် ဆံပင်တွေ ရှည်နေတာကို ကြည့်လို့ မရတာနဲ့ . .
“ ဖိုးထောင် ..ရော့ ပိုက်ဆံ ။ သွား ဆံပင်ညှပ်ချေ။ ”
ဆိုပြီး လွှတ်လိုက်တယ်။ သူ သွာမယ် လုပ်တော့ သူကြီးက သူ့ကို သတိပေးလိုက်သေးတယ်..
“ ဟဲ့ ..ဖိုးထောင် အရာရာ သတိထားနော်။ မင်းက မလည်မဝယ်နဲ့ မြို့သားတွေ မင်းကို လှည့်နေဦးမယ်။ ”
ဒီလိုပြောတော့ ဖိုးထောင်က မခံနိုင်ဘူး။
“ အာ သူကြီးရာ ကြည့်ထားစမ်းပါ။ ဖိုးထောင်ပါဗျာ။ အညာသား လူလည်ပါ။ ဖိုးထောင်ကို ဘယ်တော့မှ မလှည့်စေရဘူး။ ”
ဒီလို ပြောပြီး ထွက်သွားတယ်။ ဒါနဲ့ သူ ဆံပင်ညှပ်ဆိုင်ကို မေးမြန်းပြီးရောက်လာခဲ့တယ်။ ဆိုင်ကို ရောက်တော့ သူ့ရှေ့မှာ တစ်ယောက်ပဲ ရှိတယ်။ ဒီတော့ ဖိုးထောင် ထိုင်စောင့်နေခဲ့တယ်။ ပြီးတော့ သူ ဆံပင်ညှပ်ပြီးတော့ ရင်ကော့ပြီး ဘုန်းကြီးကျောင်းကို ပြန်လာခဲ့တယ်။ သူ့ကို တွေ့တော့ ဘုန်းကြီး နဲ့သူကြီးက..
“ ဟဲ့ ဖိုးထောင် ရင်ဘတ်ကြီး ကော့လို့ ဘယ်လို ဖြစ်လာတာလဲ။ ”
လို့ မေးတယ်။ ဒီတော့ ဖိုးထောင်က ...
“ဟားဟားဟား.. မြို့သားတွေ ဘယ်လောက်လည်လည်ပါဗျာ။ ဖိုးထောင်ကိုတော့ လာလှည့်လို့ မရပါဘူး။ ”
လို့ ပြောတယ်။ ဒီတော့ သူကြီးနဲ့ ဘုန်းကြီးက ...
“ ဘာဖြစ်ခဲ့လို့လဲ ဖိုးထောင် ”
လို့ မေးတော့ ဖိုးထောင်က...
“ ဆံပင် ညှပ်ဆိုင်မှာလေဗျာ။ မြို့သား ဆံပင်ညှပ်နေတဲ့ သူပေါ့။ သူ ကျူပ်အရှေ့က လူကို လှည့်နေတာ ကျူပ်ကိုယ်တိုင် တွေ့ခဲ့တာပဲ။ ”
“ ဟေ ဘယ်လို လှည့်နေတာလဲ။ ”
“ ဒီလူကို ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းပြီး ဟိုဘက်ကို လှည့်လိုက် ၊ ဒီဘက်ကို လှည့်လိုက်နဲ့ ဆံပင်ကို ကိုက်နေတာလေ။ ”
ဒီတော့ ဘုန်းကြီးရော ၊ သူကြီးရောက “ ဟေ ” ဆိုပြီး ပါးစပ်အဟောင်းသားနဲ့ပေါ့။ ဒီမှာက သူက ဆက်ပြောတယ်။
“ ဘယ်ရမလဲဗျာ..။ ကျုပ်အလှည့်ကျတော့ သူလှည့်လို့ မရအောင် ထိုင်ခုံကြားထဲကို ခြေထောက်ကို ကလန့်ထားလိုက်တာပေါ့။ သူ လှည့်လို့ မရတော့ဘူးလေ။ ”
တဲ့။ ကဲ.. အညာသားဖိုထောင်များ ဘယ်လောက်တောင်မှ လည်သလဲလို့နော်..။
ကိုရီးအတွက် အမှတ်တရ
ကိုဇော် တင်ပြသည်။
.
4 ယောက် ရဲ့ ထင်မြင်ချက်:
ဟားဟားးးးးးးးးးးး
တော်တော်လည်တဲ့ အညာသားပဲ ဟိဟိ
ကိုဇော်ရေ...
ကန့်လန့်တိုက်တယ်ဆိုတာ ဒါမျိုးလားဗျ....း)
ခင်မင်တဲ့
ဏီလင်းညို
ဖိုးထောင်ဆိုတာ ကိုဇော်များဖြစ်နေမလား... ကိုယ်တွေ့တွေ ရေးနေတာလားဟင်.. :)
သူလည်ပုံက ကိုဇော်လည်ပုံနဲ့များ ဆင်နေသလားလို့လေ...
Post a Comment