မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 January 2010

0 Trust Me




“ ငါ မင်းကို ကူညီနိုင်တယ်။ ”

“ ဘယ်လို ကူညီနိုင်တာလဲ။ ”

“ ငါက ဗြိတိသျှ အစိုးရရဲ့ လူလေ။ ငါ့ကို ယုံပါ။ ”

“ ယုံရမယ်။ နာမည်တောင်မှ မသိတဲ့ ဟာကို ဘယ်လို ယုံရမှာလဲ။ ”

“ အခု မင်းသိတာတွေ ပြောပြလေ။ ”

“ ကျွန်မ ပြောပြပြီးလို့ သိချင်တာ သိပြီးရင် ကျွန်မကို နှုတ်ပိတ်မှာ မဟုတ်လား။ ”


“ Trust Me !! , Trust Me !! ”


ဒီစကားလေးတွေကတော့ ဂျိန်းစ်ဘွန်းဇာတ်ကားတွေထဲက ကျွန်တော် အကြိုက်ဆုံး Golden Eye ဇာတ်ကားထဲက ဘွန်းနဲ့ မင်သမီးကို ဖမ်းထားတဲ့ အချိန် သူတို့နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ပထမဆုံး စတင်တွေ့သော အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ပြောသော စကားလေးတွေထဲက အနည်းငယ်လေးပါ။

ဒါပေမဲ့ ဒီစကားလေးတွေထဲမှာ စဉ်းစားစရာလေးတွေ ပါတယ်။ Trust Me !! လို့ လူတစ်ယောက်ကို ပြောတိုင်း ကိုယ်နဲ့ တွေ့တဲ့ သူတွေက ယုံသွားပါသလား။ မဟုတ်သေးပါ။ အခု ဒီဇာတ်ကားထဲမှာလည်း မင်းသမီးက ဘွန်း ကို မယုံသေးပါ။ သူ့ဆီက သိချင်တာတွေကို အယောင်ဆောင်ပြီး တစ်ဖက်လှည့်နဲ့ သူ့ကို အယုံသွင်းမေးပြီး သိရင်ရရင် သူ့ကို လုပ်ကြံမယ် ဆိုပြီး ထင်နေတာပါ။ ဒါကြောင့် သူ ဘွန်း ကို မယုံပါ။

ဒီလို ကိုယ့်ကို မယုံတာကို ဘွန်းက သူ့ကို ယုံကြည်လာအောင် Trust Me !! , Trust Me !! , Trust Me !! , Trust Me !! , Trust Me !! , Trust Me !! ဆိုပြီး အကြိမ်ကြိမ် အော်နေပါသလား။ ဘွန်း လုပ်ပြတာ တစ်ခုပါပဲ။ မင်းသမီး ယုံကြည်လာအောင် သူလုပ်ပြတာပါ။

ဒီမှာ တစ်ခုရှိတာက ဘွန်းက မင်းသမီး ယုံကြည်အောင် ဦးစားပေး လုပ်တာတော့လည်း မဟုတ်ပါဘူး။ ဘွန်း သူလုပ်သင့်သော ၊ သူတာဝန်များကိုသာ ကျေပွန်စွာ ဆောင်ရွက်သွားခြင်းသာ ဖြစ်ပါတယ်။ အမှန်တရား ကို ၊ ကောင်းရာ ကောင်းကြောင်းကို လုပ်နေသော သူတစ်ယောက် အတွက် Trust Me !! Trust Me !! ဆိုပြီး ဘယ်သူ့ကိုမှ အကြိမ်ကြိမ် အော်နေစရာ မလိုပါ။

လူတစ်ယောက် လုပ်နေသော အလုပ်မှာ သူရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုပေါ် မူတည်ပြီး Trust Me !! ဆိုသော စကားကို ပြောနေစရာ မလိုပဲ အလိုလို ယုံကြည်မှု ဆိုတာ ဖြစ်လာရတာပါပဲ။ ဒီလိုပါပဲ . . .၊ ဘယ်လိုပဲ Trust Me !! Trust Me !! ဆိုပြီး အော်ဟစ်နေပါစေ သူ့ရဲ့ လုပ်ရပ်တွေက မကောင်းနေခဲ့ရင်လည်း သူ့ကို လူတွေ မယုံကြည်ကြတာ ဆန်းတော့ မဆန်းပါဘူး။

ဂျိန်းစ်ဘွန်းကားတွေကို ကြည့်ရင် ကျွန်တော် သူ့ငယ်ချင်းတချို့က အားကျတယ်တဲ့။ ဘာလို့လည်း ဆိုတော့ မင်းသမီးတွေ အများကြီးတဲ့ တွဲရလို့တဲ့။ အဲ..သူဆိုလိုချင်တာ မိန်းကလေးတွေနဲ့ တွဲရလို့လည်း သူကြိုက်တာပါတယ်ပေါ့လေ။ ဒါကတော့ သူ အမြင်ပေါ့လေ။

ဒါပေမဲ့ ဂျိန်းစ်ဘွန်း ဇာတ်ကားတွေမှာ ဒီထက် လှပတဲ့ စကားလုံးတွေ ရှိနေပါသေးတယ်။ ဂျိန်းစ်ဘွန်းမင်းသားတွေသာ ပြောင်းသွားမယ်။ ဂျိန်းဘွန်းဇာတ်ကားတိုင်း မပြောင်းလဲပဲ အမြဲတမ်းပါနေတဲ့ စကားလေးတွေတော့ ရှိတယ်။ တကယ်ကို ကောင်းမွန်လှပါတယ်။

“ Don't make it personal. ”

“ Bond, come back alive.”


ဒီစကားလေးကိုတော့ ဘွန်းတို့ ဌာန အကြီအကဲ M က အမြဲ ပြောနေကြ စကားလေးတွေပါ။ လုပ်ငန်းနဲ့ ပုဂ္ဂိုလ်စွဲ မရောနှောစေဖို့ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ရဲ့ လက်အောက် ငယ်သားတစ်ယောက်ကို လုပ်ငန်းတစ်ခုမှာ အသက်မရှုံးစေချင်တဲ့ အထက်လူကြီး တစ်ယောက်ရဲ့ မြင့်မြတ်သော စိတ်ထားများကို မြင်ရပါတယ်။

ဘယ်နေရာမှာ မဆို ကိုယ်က အထက်လူကြီးဆိုရင်လည်း အောက်လက်ငယ်သားများကို ဂရုစိုက်တတ်ဖို့ ၊ ကိုယ့်ကို လေးစားယုံကြည်လာအောင် ဆိုပြီး Trust Me !! Trust Me !! ဆိုကာ အထပ်ထပ် ပြောနေစရာ စာတန်းတွေ ကပ်ပြနေစရာ မလိုပါဘူး။ လုပ်ရမှာက တစ်ခုထဲပါ။

ကိုယ့်ကို သူများက ယုံကြည်စေချင်ရင် Trust Me !! လို့ ပြောမနေပါနဲ့။ ကောင်းမွန် မှန်ကန်သော စိတ်ဓါတ်လေးနဲ့ အကျိုးရှိရာကို လုပ်ပါ။ သင့်ကို လူပေါင်းများစွာ ယုံကြည်လာပါလိမ့်မည်။


source; Jame Bond ဇာတ်လမ်းတွဲ Golden Eye မှ
ကိုဇော် သင့်တင့်သလို ကောက်နုတ်တင်ပြသည်။


.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: