မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 January 2010

0 သူငယ်ချင်း ဆိုတာ လက်တစ်ကမ်း




သူငယ်ချင်းတို့ရဲ့ အရောင်က အဖြူရောင်တဲ့....
ချစ်သူတို့ရဲ့ အရောင်က ပန်းရောင်လေ...

အဖြူရောင်မှာ ပန်းရောင် ဖြစ်စေဖို့...ရဲရင့်မှု ဆိုတဲ့...အနီရောင် ထည့်ပေးရမယ်လေ...။


ကျွန်တော်တို့ ငယ်ငယ်က ခေတ်စားခဲ့တဲ့ စကားလေးတစ်ခုပါ...။


ကျွန်တော် လက်မခံပါ။
သူငယ်ချင်းဆိုတာ အဖြူရောင်ပဲ ကောင်းပါတယ်။ တချို့ ရှိကြပါတယ်။ သူငယ်ချင်းဖြစ်ပြီးမှ ချစ်သူ ဖြစ်သွားကြတာတွေ ကျွန်တော် မနှစ်သက်ပါ။ တကယ်တော့ ဘဝမှာ “ သူငယ်ချင်းဆိုတာ လက်တစ်ကမ်းပါပဲ။ ” အနီးဆုံးမရောက်သလို ၊ အဝေးဆုံးမှာလည်း ရှိမနေတဲ့ သူတွေပါ။

ချစ်သူဆိုတာကတော့ ကိုယ်နဲ့ အနီးဆုံး လက်တစ်ကမ်းမဟုတ်တော့ပါဘူး။
ကိုယ်နဲ့ အနီးကပ် ဖြစ်သွားပြီ။ ဒီလို အနီးကပ်လူတွေဟာ ဝေးကွာပြီ ဆိုရင်လည်း လက်တစ်ကမ်းမဟုတ်ဘူး။ ပြန်မဆုံနိုင်တော့လောက်အောင်ကို ဝေးကွာတတ်တယ်။

ဒါကြောင့် ကျွန်တော့်ဘဝမှာ သူငယ်ချင်းပေါင်းများစွာ ရှိခဲ့ပါတယ်။
သူတို့နဲ့ ကျွန်တော်ဟာ လက်တစ်ကမ်း အကွာအဝေးကနေ ရှေ့ကို နီးစပ်ဖို့ တိုးဖို့ ဘယ်တုန်းကမှ မကြိုးစားဖူးပါ။ သူငယ်ချင်းလို့ ခေါ်ပြီးမှ ချစ်သူ အဆင့်တတ်ဖို့ဆိုတာ ကျွန်တော် ဘယ်လိုမှ လိပ်ပြာ မသန့်နိုင်ပါ။ ဒါကြောင့် သူငယ်ချင်းလို့ ကျွန်တော် ခေါ်ဆိုသူတွေကိုလည်း ကျွန်တော် ရိုးစင်းစွာ ဆက်ပါတယ်။ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ တူတူခင်မင်လာခဲ့သော ကျွန်တော့်သူငယ်ချင်း တွေကတော့ ပြောပါတယ်။

“ နင်နဲ့ ပေါင်းရတာ စိတ်ရှင်းတယ်။ ငါ့ကို ဘယ်တော့ ရည်းစား စကားပြော
မလဲ ဆိုပြီး စိတ်တင့်နေစရာ မလိုဘူး။ ”

တဲ့။
ဒါကြောင့် သူငယ်ချင်းလို့ ကျွန်တော်ခေါ်တဲ့ သူများအာလုံးကို ကျွန်တော် အဖြူရောင် သက်သက်သာ ခင်မင်ဆက်ဆံခဲ့ပါတယ်...။ တကယ်တော့ သူငယ်ချင်းဆိုတာ လက်တစ်ကမ်းအကွာအဝေးပါပဲ။ သူငယ်ချင်းတွေအတွက် ဘယ်အချိန်ပဲ ဖြစ်ဖြစ် လိုအပ်နေတဲ့ အချိန်မှာ အဖြူရောင်သက်သက်နဲ့ လက်တစ်ကမ်းအကွာမှာ ရှိနေမှာပါ။

ခင်မင်စွာဖြင့်
ကိုဇော်


http://zaw357.multiply.com/journal/item/406/406 မှာ 19.6.2009 ကရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: