မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 January 2010

3 သုည

သုည

ငါဟာ သုည တစ်လုံးပါ။
ငယ်ငယ်ရွယ်ရွယ်
မတော်မတည့် စိတ်ကူးတွေ ဝါးနေမိရင်း
ငါက ငါဖာသာ
သုည ဖြစ်ချင်လာခဲ့တယ်။

ငါဟာ သုည တစ်လုံးပါ။
ရာဇဝင်တွေ တောင်တောင်အီအီနဲ့
မိုးတွေ ပြိုနေတုန်း
ငါက ကိုယ့်ဖာသာကိုယ်
ထုပ်ပိုး ခပ်လုံးလုံးပဲ နေလာခဲ့တယ်။

ငါဟာ သုည တစ်လုံးပါ။
“ ကကြီး ” ပါဆိုနေမှ
ဟိုဘက်ကကြည့်ပြီး “ ယပက်လက် ” တဲ့. .
ဘေးကနေကြည့်ပြီး “ ငသတ် ” တဲ့. . .
ဘေးတစ်ဖက်က ထပ်ကြည့်ပြီး “ ဒဒွေး ” ပါကွာ.တဲ့.။
ဒီလိုလူတွေ ကြားမှာ
ငါက သုညတစ်လုံးပါပဲ။

ငါဟာ သုည တစ်လုံးပါ။
ငြင်းစရာ မရှိရင်
ရုက္ခစိုး ဘာလို့
ရုပ်ဆိုးတာလဲ ငြင်းကြတယ်။
စုန်းမ ဆိုတာ
ဘာတွေ ဆုံးသွားလို့လဲ ငြင်းကြတယ်။
မယ်သီတာ ဆိုတာ
“ သီတာ ” ဆိုတာ “ ရေ ” ဆိုတော့
“ မယ်ရေ ” လားလို့ ငြင်းကြတယ်။

ငါဟာ သုည တစ်လုံးပါ။
ငြင်းစရာမရှိရင်
မင်းက သုည ဟုတ်လား ???
ငါတို့ကြည့်တာကတော့
မင်းက “ ဝလုံး ” ပဲလို့
စကားကို စပြီး ငြင်းကြတယ်။

ငါဟာ သုည တစ်လုံးပါ။
ကိုယ့်ဖာသာကိုယ်
ပတ်လည်ရိုက်နေတတ်တဲ့
“ ဝလုံး ” လည်း မဟုတ်ပါ။
“ ဝလုံး ” ဆိုတာ
အပေါ်ကနေ လက်ဝဲရစ် ဆွဲခြစ်ရတယ်။

ငါဟာ သုည တစ်လုံးပါ။
“ သုည ” ဆိုတာ
အောက်ခြေကနေ လက်ယာရစ်
ဆွဲခြစ်ပြီးမှ အောက်ခြေမှာ ဆုံးတယ်။
ကိုယ့်အစ နှစ်စ
ကိုယ့်ဖာသာ ဖိထားရင်း
ငါ့ဖာသာ လိပ်ပြာလုံတယ်။

ငါဟာ သုည တစ်လုံးပါ။
ငါ့မှာ
အပေါင်းလက္ခဏာလည်း မရှိဘူး။
ငါ့မှာ
အနုတ်လက္ခဏာလည်း မရှိဘူး။

ငါဟာ သုည တစ်လုံးပါ။
ငါ့ကို
တန်ဖိုးမရှိဘူးလို့ ဆိုတယ်။
သူတို့ပဲ
ငါ့ကို
နောက်မှာပေါ်ရင် ပျော်ပြီး
အရှေ့မှာ ပေါ်ရင် အော်တယ်။
ငါကတော့ ဒါက ဒါပါပဲ။

ငါဟာ သုည တစ်လုံးပါ။
ငါ့ဖာသာပဲ စစ်မှန်ချင်တယ်
ဘာလို့လည်းဆိုတော့
ငါဟာ သုည တစ်လုံးပါပဲ။ ။

ကိုဇော်


.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

သုညဟာ ဘာမှမရှိတာကိုတော့လက်မခံချင်ဘူး ကိုဇော်ရေ..။
သုည ဟာ ကိန်းဂဏန်းတွေထဲမှာ တန်ဘိုးအရှိဆုံးနဲ့ ထူးခြားတဲ့ဂုဏ်ရည်တွေအရှိဆုံး ဂဏန်းတစ်ခုလို့ ကျွန်မထင်တယ်။ သူဟာ သူကသာသုညပေမယ့် အခြားကိန်းဂဏန်းတွေရဲ့ တန်ဘိုးကိုလည်းမြှင့်တင်ပေးနိုင်တဲ့သူပါ။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ
http://myathwayyni.mylovecafe.com

liberty said...

ုကောင်းလိုက်တဲ. စာသားလေးဗျာ ဘာတဲ.
“ သုည ” ဆိုတာ
အောက်ခြေကနေ လက်ယာရစ်
ဆွဲခြစ်ပြီးမှ အောက်ခြေမှာ ဆုံးတယ်။
ကိုယ့်အစ နှစ်စ
ကိုယ့်ဖာသာ ဖိထားရင်း
ငါ့ဖာသာ လိပ်ပြာလုံတယ်။
ှမှန်တယ်ဗျာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ
ဘယ်လောက်ပဲ ၇ာထူးရှိရှိ လိပ်ပြာ မလုံနိုင်တဲ.လူတွေ အများသား ဗျာ နော်ကိုဇော်

PhyoPhyo said...

ကောင်းလိုက်တဲ့ကဗျာ ..