ကဗျာသက်သေ....
နှလုံးသား...
တဒိတ်ဒိတ်ခုန်နေတိုင်း
ကိုယ့်သွေးထဲမှာ
သူ..သာစီးမျောနေခဲ့....။
သူနဲ့ပဲ တွေ့ချင်နေတယ်......။
သူ့အသံပဲ ကြားချင်နေတယ်......။
သူ့စာပဲ ဖတ်ချင်နေတယ်.......။
သူ့အကြောင်းပဲ တွေးနေချင်တယ်.....။
သူ့အတွက်ပဲ ရေးချင်နေတယ်.....။
ဒါပေမဲ့...........
ရင်မဖွင်ပြတတ်တဲ့..
ကိုယ့်အားနည်းချက်ကြောင့်
ဒါတွေ....သူမသိပါ....။
ကိုယ်..သူ့ကို
ရင်ထဲက စကားတွေ ပြောစရာရှိတိုင်း
ကဗျာလေးတွေ ရေးတယ်...၊
သူ..သိပါစေ....
ကိုယ့်ကဗျာတွေက....
အချစ်သက်သေ......။
ကိုဇော်
မှတ်ချက်။ ။ ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ..သို့....။
http://zaw357.multiply.com/journal/item/353/353 မှာ 23.5.2009 ကရေးထားတာပါ။
0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment