မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 January 2010

2 တယ်လီဖုန်းအော်ပရေတာ




ကျွန်တော်တို့ စက်ရုံ Receptionist ရဲ့ တယ်လီဖုန်းအော်ပရေတာ ရုတ်တရက် အလုပ်ထွက်သွားလို့တယ်လီဖုန်း အော်ပရေတာ မရှိတာ တစ်ပတ်လောက်ရှိပြီ။

တစ်နေ့တော့ ကျွန်တော့်သူငယ်ချင်း Ahyee က တယ်လီဖုန်းအော်ပရေတာ အသစ်ရောက်နေပြီတဲ့။ နေ့လည် ကျွန်တော်အားတော့ ဖုန်းလှမ်းဆက်လိုက်တော့ ဖုန်းခေါ်သံ အဆုံး “ Hello ” ဆိုတဲ့ အသံနဲ့တင် အရည်ပျော်သွားနိုင်တယ်။ တော်တော်သာယာတယ်ဗျာ..အသံက။ ကျွန်တော့်အလုပ်က Order တွေ ၊ Supplier တွေ ၊ QC Report တွေအတွက် သူက တဆင့် အပြင်ကို ဖုန်းခေါ်ရလေ့ရှိတယ်။ ကျွန်တော့်တို့ ဖုန်းတွေက Intercom တွေလေ။ ဒါနဲ့ သူ့ကို ကျွန်တော် လိုအပ်တဲ့ ဖုန်းတွေ ၊ ခေါ်ပေးရမဲ့ စာရင်းတွေ ပြောပြလိုက်တယ်။

ဒါပေမဲ့... သူ့ကို ကျွန်တော် မမြင်ဖူးသေးပါ။ နောက်နှစ်ရက်လောက်အထိ ကျွန်တော် အလုပ်က မအားသေးဘူး။ ဒါကြောင့် Upstairs ကိုလည်း မသွားဖြစ်သေး။ ကျွန်တော့်စိတ်ကူးထဲမှာတော့ သူ့အသံကြားလိုက်ရကတည်းက တယ်လီဖုန်းအော်ပရေတာ တစ်ယောက်ကို အလုပ်ခန့်မယ်ဆိုရင် ဆိုပြီး အရည်အချင်းတွေ စီချနေမိတယ်။

  • ပညာအရည်အချင်း ၊ 
  • ရုပ်ရည် ၊ 
  • အသက်အရွယ် ၊ 
  • မျက်နှာအမူအရာ ၊ 
  • နေပုံထိုင်ပုံ ၊ 
  • သွားတာလာတာ စတာတွေ ကျွန်တော် စဉ်းစားနေမိတယ်။

ဒီလိုနဲ့ ...

ဒီနေ့ ကျွန်တော် အလုပ်နည်နည်းအားတော့ Monthly Summary တွေ Upstairs ကိုပို့ရင်း Receptionist က တယ်လီဖုန်းအော်ပရေတာ ကို ကြည့်လိုက်တော့ ကျွန်တော် တော်တော်အံ့သြသွားတယ်။ ပြီးတော့ ကျွန်တော့် စိတ်ကူးထဲက တယ်လီဖုန်း အော်ပရေတာ ကိုလည်း အားနာသွားတယ်။

အသားညိုညို ၊ ပုပုဝဝ ၊ မလှမပ ပေမဲ့ ဖော်ရွှေသော အပြုံး ၊ ချိုသာသော အသံတွေ သူမမှာ ရှိတယ်။ တကယ်တော့ ဟုတ်တာပါပဲ။ တယ်လီဖုန်းအော်ပရေတာ ဆိုတာ တယ်လီဖုန်းထဲကနေ အသံနဲ့ပဲ အလုပ်လုပ်ရတာလေ။ ချိုသာသော အသံရှိရင် ရပါပြီ။ ချိုသာစွာပြောဆိုတတ်ရရင် ရပြီလေ။

တကယ်လို့ ပညာတွေတတ် ၊ ရုပ်လေးချောနေပြီး စကားပြောတာက ဝါးလုံးကွဲကြီးကို ကတ္တရာလမ်းမပေါ် ဒရွတ်တိုက်ဆွဲသွားသလို အသံနဲ့ ဆောင့်ကြီး အောင့်ကြီးပြောရင် လန့်သွား နိုင်တယ်လေ။ ဟုတ်တယ် ၊ တယ်လီဖုန်းအော်ပရေတာ ဆိုတာ အသံချိုသာစွာပြောတတ်ဖို့လိုတယ်။

ကျွန်တော့်အတွေးမှားသွားတယ်။

“ ဒီလိုပါပဲ။ ချစ်သူ / အိမ်ထောင်ဖက် ဆိုတာလည်း ရုပ်ကလေးလှရုံ ၊ ပညာတတ်ရုံ ၊ ပိုက်ဆံတွေ ရှာနေနိုင်ရုံနဲ့ မပြည့်စုံသေးပါဘူး။ အပြောအဆို ဆိုတာလည်း လိုအပ်ပါသေးတယ်။  သူ့အသံလေးက ချိုသာနေဖို့ လိုပါသေးတယ်။ အသံကြားရင် စိတ်ချမ်းသာဖို့ လိုတယ်။”

မှတ်ချက် ။ ။ ကမ္ဘာမြေရဲ့ တစ်နေရာက ကျွန်တော့်ချစ်သူ သို့ ရည်ရွယ်ရေးတာပါ။ တယ်လီဖုန်းအော်ပရေတာ လို အသံချိုဖို့ လိုတာ သူ့ကိုလည်း သိစေချင်တယ်။


ကိုဇော် 

ခံစားတင်ပြသည်။

http://zaw357.multiply.com/journal/item/289/289
မှာ 13.5.2009 ကရေးထားတာပါ။

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

မှန်တာပေါ့ရှင်.. အသံလေးကြားယုံနဲ့ စိတ်ဝင်စားသွားတဲ့ဇာတ်လမ်းတွေမှ အများကြီး.. ကိုဇော်လဲဖြစ်ဖူးတယ်ထင်ရဲ့ :)

Angelhlaing(May everybody be happy and healthy! said...

အသံရဲ့ စွဲဆောင်မှုကြောင့် ဇတ်လမ်းတွေ တော်တော်များများ ကြားဖူးတယ်အကို...
အဲဒါလဲ ကုသိုလ်တစ်မျိုး...