မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 December 2009

1 ဒီလိုလူတွေရှိလို့ ကျွန်တော် အသက်ရှင်နေတာ (၁)


သဘောတူလား သားလေး။ ”

ဆရာဝန်ကြီးက ကလေးလေးကို သေချာ နားလည်အောင် ရှင်းပြပြီး မေးတယ်။ ဒီတော့ သူက စိတ်ထဲမှာ တစ်ခုခုကို လုံးဝ ဒုံးဒုံးချလိုက်ရသလိုနဲ့ ဆရာဝန်ကြီးကို ကြည့်၍ သက်ပြင်းလေးချပြီး သဘောတူကြောင်း ခေါင်းငြိမ့်တယ်။

“ ဟုတ်ကဲ့ ၊ သဘောတူပါတယ် ဦး။ ”

ဆရာဝန်ကြီး လို့တောင်မှ မခေါ်တတ်သေးတဲ့ အရွယ် ၊ သူ့အသက်က အခုမှ ၆ နှစ်။ ဒါပေမဲ့ သူက အလွန် ထူးဆန်းသော သွေးကင်ဆာ ရောဂါကို ဖြစ်ခဲ့ပြီး ဓါတ်ကင် ကုသနေစဉ် ထူးဆန်းစွာပဲ သူရဲ့ ခန္ဓာကိုယ်ထဲက ဒီသွေးကင်ဆာကို ကုသနိုင်သော ပဋိဇီဝဆဲလ်များ ထွက်လာပြီး သူ့ဖာသာ ပြန်လည် အလိုလို ကောင်းမွန်လာသူ တစ်ယောက်ဖြစ်သည်။

အခုတော့ သူနဲ့ သွေးသား တူသူ သူ့ရဲ့ အစ်မအရင်းကလည်း သူ့လိုမျိုး သွေးကင်ဆာ ဖြစ်လာခဲ့တယ်။ သို့သော် သူ့ခန္ဓာကိုယ်ထဲကလို ပဋိဇီဝဆဲလ်များ ထွက်ပေါ်လာနိုင်ခြင်း မရှိ။ ထိုကလေးမကို ကုသရန် တစ်ခုတည်းသော နည်းလမ်းမှာ သွေးကင်ဆာကို မိမိခန္ဓာကိုယ်ထဲမှာ အလိုလို ခုခံရင်း ထွက်ပေါ်လာသော သူ၏ ခန္ဓာကိုယ်ထဲက ပဋိဇီဝဆဲလ်များဖြင့်သာ ပြန်လာ ကုသနိုင်ပါလိမ့်မယ်။

ဒါကြောင့် တစ်ခုတည်းသော နည်းလမ်းအရ ဆရာဝန်ကြီးတွေက သူ့ကို နားလည်အောင် ရှင်းပြပြီး သူ့ဆီမှာ သွေးကို သူ့အစ်မထံသို့ သွင်းပြီး ပဋိဇီဝဆဲလ်များ ရှင်သန် ကြီးထွားစေခြင်းဖြင့် ကုသရန် ကြိုးစားကြခြင်း ဖြစ်သည်။ သူ့သွေးဖြင့် ပဋိဇီဝဆဲလ်များကို ရှင်သန်စေရန် အစပြုပေးလိုက်သော သဘောမျိုး ဖြစ်သည်။ ပဋိဇီဝဆဲလ်များအစပြု ရှင်သန်နိုင်ပြီဆိုရင် သူ့ဖာသာ ပြန်လည် ကောင်းမွန်လာအောင် ခန္ဓာကိုယ်က ဆက်လက် လုပ်ဆောင်သွားလိမ့်မယ်။

အခုတော့ သူ့ဆီက သဘောတူကြောင်း ရတော့ ဆရာဝန်တွေက သူ့လက်မောင်းကနေ သွေးကို ပိုက်လေးနဲ့ အောက်က သွေးအိတ်ထဲကို ဖောက်ထုတ်နေတုန်း သူက သူ့လက်ကနေ တစ်စက်စက်ကျနေတဲ့ သွေးတွေကို ကြည့်ပြီး မျက်နှာက သွေးဆုတ်သွားတယ်။ နောက်တော့ ဆရာဝန်ကြီးကို တစ်ချက်လှမ်းကြည့်ပြီး မေးလိုက်တယ်။

ဦး. . . ကျွန်တော်က အခု တစ်ခါတည်း သေသွားတော့မှာလား ဟင် ”

သူ့ဘေးနားက ဆရာဝန်တွေ ဘာပြောရမှန်း မသိဖြစ် သွားတယ်။ သူက အရမ်းငယ်တော့ ဆရာဝန်တွေ ပြောတာကို နားမရှင်းဘူး ဖြစ်သွားတယ်။ သူ့ဆီက သွေးတချို့ထုတ်ပြီး သူ့အစ်မမှာ သွေးအလျင်ထည့်ပြီး ကုသပေးမယ် ဆိုတာကို ဆရာဝန်တွေက သူ့ကိုနားလည်အောင် မပြောပြတော့ သူက သူ့ဆီက သွေးတွေ အားလုံးကို ထုတ်ပြီး သူ့အစ်မ ခန္ဓာကိုယ်ထဲကို ထည့်ပြီး သူ့အစ်မ အသက်ကို ကယ်မယ်လို့ ထင်နေတာ။ ဒီလို သေသေချာချာ နားမလည်တာတောင်မှ သူများ အသက်အတွက် ကိုယ့်အသက်ကို မကြည့်ပဲ ခေါင်းငြိမ့်ရဲခဲ့တယ်။

သေချာတယ်။ ဒီလို လူတွေ ရှိနေလို့ ကျွန်တော် အသက်ရှင်နေတာ။



Source ; Chicken Soup For The Soul
ကိုဇော် ခံစားတင်ပြသည်။



Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

VERY NICE