မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 December 2009

8 တရုတ် နဲ့ ကုလား ဘာကွာခြား



သေချာတာကတော့ ဤပိုစ့်ဟာ ပြဿနာတတ်နိုင်သော အန္တရာယ်ရှိတဲ့ ပို့စ်ပါ။ ဒါကြောင့် ကူးယူပြီး တဆင့်တစ်နေရာရာ တင်သော သူများ ၊ တဆင့်မေးလ်ကနေပို့သူများ အနေနဲ့ အခု ကျွန်တော် ရေးနေတဲ့ နေရာက စာလေးတွေကိုပါ ထည့်သွင်းစေလိုပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော် ဘလော့နေရာ http://zaw357.blogspot.com လေးကိုပါ မဖြစ်မနေ ထည့်သွင်းပေးစေလိုပါတယ်။

အခု ပထမဦးဆုံး ကျွန်တော် လူတွေရဲ့ အခေါ်ပညတ်ဖြစ်ပေါ်လာတဲ့ ကုလားနဲ့ တရုတ်ဆိုတာကို အရင်းဆုံး ကျွန်တော် သိသလို နားလည်သလို ပြောကြည့်မယ်။ လူမျိုးရေးခွဲခြားလိုခြင်း ကျွန်တော့်မှာ မရှိပါ။ ကျွန်တော် ပြောချင်တာ ၊ ကျွန်တော် ပေးချင်တဲ့ Message က တစ်မျိုးပါ။ ခေါင်းစဉ်ကြောင့် အားလုံးရောထွေး မသွားစေချင်ဘူး။

ဟိုးအရင်တုန်းက မြန်မာနိုင်ငံက အာရှမှာ တိုးတတ်တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့တယ် လို့ ဆိုကြတယ်။ ဒီတော့ တိုးတတ်တဲ့ နိုင်ငံကို သူ့ဘေးမှာ ရှိတဲ့ တခြားမတိုးတတ်သေးတဲ့ နိုင်ငံက လူများက ဝင်ရောက်ပြီး လာရောက်နေထိုင်တယ် ၊ လာရောက် အလုပ်လုပ်ကြရတယ်လို့ ဆိုကြတယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံ ကလည်း အနီးကပ်ဆုံးဆိုတော့ သူတို့တွေက မြန်မာနိုင်ငံကို ကူးလူးလာရောက်ပြီး အလုပ်လုပ် ၊ နေထိုင် စားသောက်ကြတယ်။

ဒီအချိန်မှာ မြန်မာနိုင်ငံက သူတို့ နိုင်ငံတွေထက် တိုးတတ်တဲ့ နိုင်ငံဆိုတော့ သူတို့က ဆင်းရဲသား နိုင်ငံတွေပေါ့။ တိုးတတ်တဲ့ နိုင်ငံဆိုပေမဲ့ အခုလို လူဝင်မှုကြီးကြပ်ရေးတွေကလည်း ဘာမှ မရှိလေတော့ နိုင်ငံနယ်နိမိတ်ဆိုတာကိုလည်း ဒီလိုပဲ ဖြတ်သန်းဝင်ရောက်ပြီး လာရောက်လုပ်ကိုင် စားသောက်ကြတယ်။ ပထမဦးဆုံး ဝင်ရောက်သူတွေက အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်က လူတွေဆိုတော့ အားလုံးက အသားမဖြူကြဘူး။ မည်းမည်းလေးတွေ . ။ ဒီတော့ မြန်မာနိုင်ငံသားတွေနဲ့ မတူဘူးပေါ့။ ဒီတော့ မြန်မာနိုင်ငံသားတွေက သတိထားမိတယ်။

“ ဒီလူတွေက ဘယ်က လူတွေလည်းကွ။ ငါတို့ မြန်မာနိုင်ငံသားတွေ မဟုတ်တာတော့ သေချာတယ်။ ဘယ်က လာတာလဲ။ ”

“ မသိပါဘူးကွာ။ ငါတို့ နိုင်ငံအနောက်ဖက်ကနေ မြစ်ကို ရေးကူးပြီးလာကြတဲ့ သူတွေပေါ့။ သူတို့ဆီမှာ အဆင်မပြေကြလို့ ထင်တယ်။ ဒီမှာ လာလုပ်စားကြတာကွ။ ”

“ အေးလေ.။ အဆင်မပြေလို့ လာလုပ်စားတော့လည်း စားပါစေကွာ။ သူတို ဘာလူမျိုးလည်း မသိတော့ ဘယ်လို ခေါ်ရမလဲ ။ သူတို့ လူမျိုးကို။ ”

“ သြော်..မင်းကလည်းကွာ။ သူတို့ဖာသာ ဘာလူမျိုးဖြစ်နေပစေပေါ့။ ငါတို့ နိုင်ငံသားမှ မဟုတ်တာ။ သူတို့ ဒီလိုပဲ ငါတို့ နိုင်ငံကို “ ရေကူးပြီးတော့ လာကြတာ ” ဆိုတော့ ဒီလူတွေကို “ ကူးလာ ” လို့ ခေါ်မယ်ကွာ။ ”

ဒါနဲ့ပဲ ကျွန်တော်တို့ မြန်မာနိုင်ငံက မဟုတ်ပဲနဲ့ တခြားနိုင်ငံ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်က ပထမဦးဆုံး ဝင်ရောက်လာတဲ့ လူတွေကို လူတွေ အားလုံးက ရေကူးပြီး ဝင်လာကြတဲ့သူ ဆိုပြီး “ ကူးလာ ” လို့ ခေါ်ခဲ့ကြပါတယ်။ အဲဒီအချိန်က စပြီး သူတို့ကို “ ကူးလာ ” “ ကူးလာ ” လို့ ခေါ်ကြရင်းနဲ့ ကာလရွေ့လျောသွားတော့ “ ကူးလား ” “ ကူလား ” နောက်ဆုံးတော့ ယနေ့ “ ကုလား ”လို့ ဖြစ်လာခဲ့တာပါပဲ။ ဒါကြောင့် ယနေ့ အသားမည်းမည်းတွေဖြစ်ပြီး မူလပထမ အိန္ဒိယ နဲ့ ဘင်္ဂလာဒေ့ရှ်ကနေ ဝင်ရောက်လာသူတွေကို ကျွန်တော်တို့ “ ကုလား ” လို့ ခေါ်နေကြတာပါ။

ဒါနဲ့ပဲ မြန်မာနိုင်ငံကို “ ကူးလာ ” တွေ ဝင်ရောက်ပြီး နှစ်အနည်းငယ်ကြာတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ “ ချိုင်းနား ” ကနေပြီးတော့လည်း လူတွေ ဝင်ရောက်ပြီး အလုပ်လာလုပ်ကြ ၊ နေထိုင်စားသောက်ကြပါတယ်။ ဒီအချိန်မှာ ချိုင်းနား ကလည်း အလွန်မွဲနေသော နိုင်ငံတစ်ခုပါ။ ဒီတော့ မြန်မာနိုင်ငံသားတွေက တစ်ခု ဖြစ်ကြပါလေရော။

“ ဟ.. .ဒီလူတွေက တစ်မျိုးပဲကွ။ ဘာဖြစ်လို့ အရင်လူတွေ “ ကူးလာ ” တွေလို ရုပ်တွေ မဟုတ်ဘူးကွ။ သူတို့က အသားမမည်းဘူးနော်။ ငါတို့ထက်တောင်မှ အသားဖြူနေသေးတယ်။ အသားလည်း ဖြူတယ် ၊ နာခေါင်းလည်း မကြီးဘူး ၊ ပြီးတော့ မျက်လုံးလည်း မပြူးဘူး.၊ သူတို့က ပိုတောင်မှ မှေးနေသေးတယ်။ ”

“ အေးလေ..သူတို့က ငါတို့ နိုင်ငံရဲ့ အရှေ့ဘက်က ဝင်လာတာလို့ ပြောတာပဲ။ အရင်က “ ကူးလာ ” တွေက အနောက်ဘက်က ဝင်တာလေကွာ။ ဒါကြောင့် မတူတာပေါ့။ ဒါကြောင့် နိုင်ငံ မတူတော့ သူတို့ မျက်နှာတွေလည်း မတူကြတာပေါ့။ ”

“ ဒါဆို သူတို့ကရော ဘာနိုင်ငံသားတွေလို့ ခေါ်မှာလဲ။ ”

“ ဟ လွယ်ပါတယ်ကွ။ ရေကူးပြီးလာလို့ “ ကူးလား ” ၊ အခု တစ်ယောက်ကတော့ အရင်လို လူတွေ ရုပ်မှ မဟုတ်တာ. ။ သူတို့ ရုပ်တွေက သပ်သပ်စီတွေလေကွာ။ ဒါကြောင့် သူတို့ရုပ်က တစ်ရုပ်သပ်သပ်ဆိုတော့ “ တရုပ် ” လို့ ခေါ်မယ်ကွာ. ”

“ အေး. . ကောင်းတယ်။ သူတို့ လူမျိုးက “ တရုပ် ” မှတ်ထားဦးမှ. . ။ ”

ဒီလိုနဲ့ပဲ ။ “ တရုပ် ” ကနေပြီး ကာလရွေ့လျောလာတော့ “ တရုတ် ” ဖြစ်လာတာပါပဲ။ ဒါနဲ့ပဲ မြန်မာနိုင်ငံမှာ “ ကုလား ” နဲ့ “ တရုတ် ” ဆိုပြီး ဖြစ်လာတာပါ။ ဒီတော့ ကျွန်တော်ကလည်း မြန်မာနိုင်ငံထဲမှာ ခေါ်နေတဲ့ အတိုင်းပဲ “ ကုလား ” “ တရုတ် ” လို့ ခေါ်ပြီး ဒီစာကိုရေးလိုက်တာပါ။

ကျွန်တော် အဓိက ရေးချင်တာက ဒီလူလို လူမျိုးရေး နာမည်တွေ မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်အခြေအနေနဲ့ ကျွန်တော်လေ့လာမိတာလေး တင်ပြချင်တာပါ။ အဓိက ကတော့ “ စိတ်ဓါတ်အင်အား ” ပါပဲ။ ဒါလေးကို ကျွန်တော်ရေးပြလိုက်လို့ တစ်ခုခု ရရှိသွားပြီး အတွေးလေးတွေ ရမယ် ၊ ပြုပြင်နိုင်မယ် ဆိုရင် “ဗမာ ” “ ကုလား ” “ တရုတ် ” “ ကရင် ” “ ကယား ” “ ရခိုင် ” “ ရှမ်း ” အစရှိသဖြင့်ပေါ့ဗျာ အားလုံးအတွက် ပိုမို တိုးတတ်ကောင်းမွန်လာလိမ့်မယ် လို့ ယူဆမိပါတယ်။ ဒါကြောင့် လူတွေ အားလုံး စိတ်ဓါတ်ကို အခြေခံပြီး ကျွန်တော် ရေးလိုက်တာပါ.။

ကိုဇော်



ကျွန်တော် ငယ်ငယ်က ဟိုဟိုဒီဒီ စဉ်းစားမိတတ်တဲ့ အချိန်မှာ ကျွန်တော် ဖေဖေ့ကို တစ်ခု မေးဖူးတယ်။ ဒါကတော့ အထက်ပါ ခေါင်းစဉ်မေးခွန်းလေးပါပဲ။

“ ဖေဖေ . . ၊ တရုတ် နဲ့ ကုလား ဘာကွာခြားလဲ။ ”

ဒီတော့ ဖေဖေက . .

“ အတူတူပဲလေ သား။ လူတွေပဲလေ။ အားလုံးက ခြေ ၂ ချောင်း ၊ လက် ၂ ချောင်းနဲ့ လူတွေပါပဲ။ ”

“ အင်းလေ.. ။ ဒါပေမဲ့ သူတို့မှာ ဘာတွေ ထူးခြား ရှိလဲ သားသိချင်တာ.။ ”

“ သြော်..ဒီလိုလား။ ”

ကျွန်တော် ခေါင်းငြိမ့်ပြတော့ ဖေဖေက နက်နက်ရှိုင်းရှိုင်းပြုံးတယ်။ ပြီးတော့. .

“ ဖေဖေ ပြောရင် သားယုံမလား မသိဘူး။ ဖေဖေလည်း ဖေဖေ့အဖေ ( ကျွန်တော့်အဖိုး ) ကို ဒီလိုပဲ မေးဖူးတယ်။ ”

“ ဒီတော့ ဘာပြောလဲ ဖေဖေ။ ”

“ အံ့သြစရာပဲ သားရယ်။ ဖေဖေ့ဖေဖေ (ကျွန်တော့်အဖိုး) ကလည်း သူလည်း သူ့ဖေဖေ ( ကျွန်တော့်အဘိုး = ကျွန်တော့်အဖိုးရဲ့ အဖေ ) ကို မေးဖူးတယ်။ ”

တဲ့။ ပြဿနာက မထင်မှတ်ပဲ ကြီးသွားတယ်။

“ ဒီတော့ အဘိုးက ဘာပြန်ပြောလဲ ဖေဖေ။ ”

“ သားဘိုးဘိုးက ဘာမှ ပြန်မပြောဘူးတဲ့။ သူက သားဖိုးဖိုးကို အလုပ်နဲ့ပဲ ပြန်ပြီး သက်သေပြတယ် . တဲ့။ ”

“ ဟုတ်လား။ ဘယ်လို အလုပ်နဲ့ သက်သေပြတာလဲ ဖေဖေ။ ”

“ အင်း. .၊ ဖေဖေ့ဖေဖေ . . . သားအဖိုး ပြောပြသလိုပဲ သားကိုလည်း ပြောပြမယ်။ ”

“ ဟုတ်ကဲ့.။ ”

ဒါနဲ့ပဲ ဖေဖေက ဟိုးအရင် အချိန်ကို ပြန်မြင်ယောင်ပြီး ပြောပ်ါတော့တယ်။

“ အဲဒီနေ့ က သားဖိုးဖိုးက သားဘိုးဘိုးဆီကို သွားပြီး “ ဖေဖေ တရုတ်နဲ့ကုလား ဘာကွာခြားလဲ ” လို့ မေးတယ်တဲ့။ ဒီတော့ သားဘိုးဘိုးကလည်း ဘာမှ မကွာဘူးလေကွာ လူလူချင်း အတူတူပဲ။ ဒါပေမဲ့ တစ်ခုပဲ ကွာတယ်။ ဒါက ဘာလဲဆိုတော့ သူတို့ရဲ့ “ နေထိုင်မှု စိတ်ဓါတ် ” ပဲ လို့ ဖြေတယ်။

ဒီတော့ သားဖိုးဖိုးကလည်း ဘယ်လို နေထိုင်မှု စိတ်ဓါတ် လဲလို့ ထပ်မေးတယ်။ ဒီတော့ သားဘိုးဘိုးက ဒါကတော့ ပါးစပ်က ပြောလို့မရဘူးသားရ။ လက်တွေ့ပြမှ ရမှာ လို့ ပြောတယ်။ သားအဖိုးက အရင်က ကြက်ခြံတွေ အများကြီးပဲ မွေးထားတာလေ။ ဒါကြောင့် သူ့မှာက တပည့်တွေ အများကြီး ရှိတယ်။ နောက်နေ့ကျတော့ သူ့ခြံထဲက အလုပ်သမားတွေထဲက တရုတ်တစ်ယောက်နဲ့ ကုလား တစ်ယောက်ကို ခေါ်ပြီး သူ့ဂိုထောင်ထဲမှာ ရှိနေတဲ့ သုံးထပ်သားပြား အဟောင်းကြီးတွေ တစ်ယောက်ကို သုံးချပ်စီ ပေးလိုက်တယ်။

ထူးခြားတာက ဒီသုံးထပ်သားပြားတွေက တစ်ဖက်က အရမ်းလှနေသလောက် ၊ တစ်ဖက်က လုံးဝ မကောင်းဘူး။ ဘာလို့လဲဆိုတော့ သုံးထပ်သားတစ်ဖက်မှာ ဖော်မီကာ ကပ်ထားပြီး ကျန်တဲ့ တစ်ဖက်က နံရံကနေခွာယူထားတာ ဖြစ်တော့ မျက်နှာပြင်က မလှပတော့ဘုး။ ကျိုးပဲ့မနေပေမဲ့ မျက်နှာပြင်က ခြစ်ရာ ၊ ဖျက်ရာတွေနဲ့လေ။ ဒါပေမဲ့ ဘိုးဘိုးကပေးတော့ သူတို့လည်း ပျော်ပြီးတော့ ယူသွားကြတာပေါ့။ ဒီမှာ ဘိုးဘိုးက ဖိုးဖိုးကို မျက်စပစ်ပြတယ်။

ဒါနဲ့ ၁၀ ရက်လောက် ကြာတော့ ဘိုးဘိုးက ဖိုးဖိုးကို ခေါ်ပြီး သူ့တပည့် တရုတ်နဲ့ ကုလား အိမ်ကို သွားလည်တယ်။ ဒီတော့ သူတို့တွေက ဘိုးဘိုးဆီက ရထားတဲ့ သုံးထပ်သားကို သူတို့ အိမ်ထဲက အခန်းလုပ်ပြီး ကာထားကြတယ်။ နှစ်ယောက်စလုံးလည်း အတူုတူပဲ။ ဒါကို ဘိုးဘိုးက ဖိုးဖိုးကို “ သေချာကြည့်နော်.။ ” လို့ တိုးတိုးကပ်ပြောသတဲ့။ ဒီတော့ ဖိုးဖိုးလည်း ဘာမှန်းမသိပေမဲ့ ကာထားတဲ့ သုံးထပ်သားကို သေချာ ဂရုစိုက်ပြီး ကြည့်လာခဲ့တယ်။
တစ်အိမ်စီမှာ ခဏတဖြုတ်နေပြီးတော့ ဘိုးဘိုးနဲ့ဖိုးဖိုး ပြန်လာခဲ့ကြတယ်။ နေညိုညို လမ်းလျှောက်ပြန်လာရင်း ဘိုးဘိုးက ဖိုးဖိုးကို မေးတယ်။

“ ဘယ်လိုလဲ. သား။ ဘာတွေ တွေ့ခဲ့လဲ ၊ ဘာတွေများ သတိထားမိလဲ။ ”

“ အင်း. . ဖေဖေပေးထားတဲ့ သုံးထပ်သားပြား ၃ ပြားလုံးကို နှစ်ယောက်စလုံးကတော့ သူတို့အိမ်မှာ အခန်းဖွဲ့ထားတာပဲ။ ”

“ အေးလေ. .။ ဒီလို အခန်းဖွဲ့ထားတာမှာ သားက ဘယ်လို မြင်လိုက်လဲ။ ”

“ ထူးခြားတာ တစ်ခုပဲ မြင်လိုက်တယ် ဖေဖေ။ ”

“ ပြောပါဦးကွ။ ”

“ ထူးခြားတာက သူတို့ သုံးထပ်သားကို ကာထားတာချင်းမတူတာပဲ..။ ”

ဒီတော့ ဘိုးဘိုးက ဘာမှ မပြောဘူး။ ပြုံးတယ်..၊ ဆက်ပြောလို့ ခေါင်းဆက်ပြတယ်။

“ ဟုတ်တယ်. .။ ကုလားကြီးအိမ်မှာက သုံးထပ်သားကို လှနေတဲ့ အကာသားကို အပြင်မှာ ထားပြီး ကာထားတယ်။ မလှတာကို အထဲမှာ ထားတယ်။ တရုတ်ကြီးအိမ်မှာ ကျတော့ မလှတဲ့ အကာသားကို အပြင်မှာထားပြီး ကာထားတယ်။ လှတာကို အထဲမှာ ထားတယ်။ ဒါပဲ သားက မြင်တယ်။ ”

“ ဟုတ်တယ်. . သား။ ဒီလို မြင်တာနဲ့တင် ငါ့သားက တော်တော် တော် နေပြီ။ ဒီလိုတောင်မှ လူတွေက မမြင်တတ်ဘူးကွ။ သားမေးတဲ့ တရုတ်နဲ့ ကုလား ဘာကွာခြားလဲ ဆိုတာ ဒီနေရာမှာ ကွာသွားတာပဲ။ ဒီလိုပါပဲ ။ လူတွေမှာလည်း ဒီလိုပဲ ။ သူတို့နေထိုင်ပုံတွေက သူတို့ရဲ့ စိတ်ဓါတ်ကို ဖော်ပြကြတယ်။

တကယ်ဆို ငါ့သားစဉ်းစားကြည့်လေ။ ကိုယ်နေထိုင်ရာ နေရာလေးကို အသန့်ဆုံး ၊ အရှင်းလင်းဆုံး ၊ အသပ်ရပ်ဆုံး ပြင်ဆင် နေထိုင်ရမှာ မဟုတ်လား။ ဒါပေမဲ့ လူတွေမှာ ဒီလို စိတ်ဓါတ်နည်းကြတယ်။ အပြင်သွားရင်သာ လူုမြင်ကောင်းအောင် နေထိုင် ဝတ်စားသွားကြတာ.။ သူတို့ အိမ်မှာ စားစရာ မရှိ ၊ စုတ်စုတ်ပြတ်ပြတ် နေထိုင်တတ်ကြတယ်.။

တရုတ်လူမျိုးတွေကတော့ ဒီလို မဟုတ်ဘူး။ သူတို့ အလုပ်လုပ်တဲ့ အချိန်တွေမှာ ဆိုလည်း ကုန်းကျုံးလုပ်ကြတယ်။ ဒါပေမဲ့ သူတို့ ဝတ်ထားတာ သွားမကြည့်နဲ့။ ဘောင်းဘီတိုနဲ့ ပေစုတ်နေလိမ့်မယ်။ ဒီလိုပဲ သူတို့ အိမ်ကိုလည်းသွားကြည့် . . အပြင်ပန်းမှာ စုတ်ချင်စုတ်မယ်။ အထဲမှာတော့ လိုတာ ပြည့်စုံနေတတ်တယ်။ တကယ်ဆိုလည်း မိမိအတွက် အိမ်မှာ အပြင်ပန်းအလှက အရေးမကြီးပါဘူးကွာ။ အိမ်ထဲမှာ အားလုံးပြည့်စုံနေဖို့ပဲ လိုတာ.။

ကုလားတွေကျတော့ အိမ်ကို အပြင်ပန်းတွေမှာ ပြင်ရ ၊ ဆင်ရ ဆေးတွေ သုတ်တတ်ကြတယ်။ တကယ်တမ်း ကိုယ်နေတာက အိမ်ပြင်မှာမှ မဟုတ်တာ။ အိမ်အပြင်မှာ လှပပြီး အထဲမှာကျတော့ ဘာမှ မရှိ ၊ ဟာလာဟင်းလင်းကြီးဆိုရင် ဘယ်လိုလုပ် ကိုယ့်အတွက် ဖြစ်လာတော့မလဲ။ ကိုယ်ရှာဖွေတာ ကိုယ့်အတွက်လား အပြင်က ကြည့်တဲ့ သူ မျက်စိပသာဒ ဖြစ်ပြီး ကိုယ့်ကို အထင်ကြီးဖို့လား။ တကယ်တော့ ကုလားရယ်မှမဟုတ်ပါဘူးလေ. . လူတော်တော်များများမှာ ဖြစ်တတ်ပါတယ်။

အပြင်သွားရင်တော့ ကော့လို့ ၊ ကျော့လို့ အိမ်ပြန်ရောက်ရင် မျက်ရည်နဲ့ မျက်ခွက် ။ ဒါတွေကို ပြုပြင်ဖို့ လိုတယ်။ ကြာတော့ အိမ်မှာ နေရတာတောင်မှ စိတ်ဆင်းရဲစရာ ကောင်းလာတာပေါ့လေ။ ဒါကြောင့် အပြင်ပန်း အလှထက် အတွင်းပိုင်း အလှက ပိုပြီး လိုအပ်တယ်လို့ ဖေဖေက သားကို သာမာန်လူတွေထက် ပိုပြီး သိသာ ထင်ရှားစေတဲ့ “ တရုတ်နဲ့ကုလား ” ကို ဥပမာ ပြပြီး ပြောပြတာ။ အခု တွေ့ပြီ မဟုတ်လား. .။ “ တရုတ်နဲ့ကုလား ဘာကွာခြားလဲ ။ ” ဆိုတာ..။ ”


အဲဒါပဲ. .သား။ သားမေးတဲ့ “တရုတ်နဲ့ကုလား ဘာကွာခြားလဲ ။ ” ဆိုတဲ့ မေးခွန်းကို သားအခုလို မေးခဲ့ဖူးသလို ၊ ဖေဖေလည်း သားဖိုးဖိုးကို မေးခဲ့ဖူးတယ် ၊ ဒီလိုပဲ သားဖိုးဖိုးကလည်း သားဘိုးဘိုးကို မေးခဲ့ဖူးတယ်။ ဒါပေမဲ့ သေချာတာကတော့ “ အဖြေက အခုထက်ထိ မပြောင်းလဲသေးတာပါပဲ။ ” ဒီထက် ပိုသေချာတာ တစ်ခု နောင်ဆိုလည်း သားထပ်တွေ့လာရပါလိမ့်မယ်။ တကယ်လို့ သားရဲ့သားက ငါ့သားကို မေးလာခဲ့ရင်လည်း အဖြေက မပြောင်းလဲသေးပဲ ဒီအတိုင်းပဲ ဖြစ်နေလိမ့်မယ်။ ဘာလို့လဲ ဆိုတော့. . ”

ဖေဖေက ဟိုးအဝေးကို ငေးရင်း ပြောတယ်။

“ လူတွေရဲ့ အပြင်ပန်း အထင်ကြီးခံလိုမှုက ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်လို့ပါပဲ..။ သူတို့ အပြင်ပန်းထက် အတွင်းကပိုပြီး အရေးကြီးတယ် ဆိုတာ မသိကြသေးဘူးလေ။ တကယ်လို့ သိလာတဲ့နေ့ ဆိုရင်တော့ “ တရုတ်နဲ့ကုလား ဘာမှ မကွာခြား ” ဆိုပြီး ဖြစ်ရင် ဖြစ်လာမှာပေါ့လေ။ ”


ကိုဇော် ခံစားပုံဖော်သည်။




Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

နေ့အိပ်မက် said...

အဲလို အပြင်ပန်းကိုအာရုံစိုက်ကြတာ ကုလားတို့ တရုတ်တို့ လူမျိုးနဲ့ဆိုင်လို့လားဟင်.. နေ့အိပ်မက်စိတ်ထင်တော့ တစ်ယောက်ချင်းစီနဲ့ပဲ ဆိုင်တယ်ထင်တယ်။ တချို့ တရုတ်တွေဆို အပြင်ထွက်ရင် တအားလှလှပပ၀တ်ပြီး မီးဖိုချောင်တစ်ခုလုံး ခြေချစရာနေရာမရှိ၊ အိပ်ခန်းက ရှုပ်ပွနေတဲ့ဟာမျိုးတွေ တပုံကြီးပဲဟာ

ကိုဇော် said...

ဟုတ်ပါတယ်။
ကျနော်က အဓိက ဖြစ်တတ်တဲ့ အပြင်က လူမျိုးတွေကို ကြုံဖူးတာနဲ့ ဥပမာပေးတာပါ။ အပေါ်မှာ ကျနော် သေချာ ရေးပြထားပါတယ်။ လူတိုင်းဖြစ်နိုင်ပါတယ်။ ဥပမာပေးအနေနဲ့ တပ်လိုက်တာပါ။
နောက်တစ်ခေါက် ဖတ်မိပါစေဗျာ။

သိင်္ဂါကျော် said...

ဒီအမြင်လေးက ထူးခြားတဲ့ အမြင်ပဲ..
အလယ်အလတ် အနေနဲ့ကတော့ အတွင်းရော အပြင်ပါ မျှမျှတတ လှအောင်ထားသင့်တာပေါ့..

ကိုဇော် said...

အမှန်ပါပဲဗျာ.။
တကယ်လို့ အတွင်းရော အပြင်ပါ လှအောင် ထားနိုင် ၊ နေနိုင်ရင်တော့ အကောင်းဆုံး လူတစ်ယောက် ဖြစ်ခဲ့ပါပြီ။

UTK said...

လွဲပြန်ပြီခင်ဗျ။
တရုတ် ဆိုတာ မြန်မာလို သူပုန်ကိုပြောတာပါ။
သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စာအုပ်တအုပ်မှာ ပါပါတယ်။
ပေါရာဏအဘိဓာန်မှာလဲ တွေ့နိုင်ပါတယ်။
တရုတ် တရက် = သူပုန် သူကန်တဲ့ခင်ဗျ။

ကြည့်လုပ်အုံးဆရာရေ ... ဖတ်မိသမျှတွေက လွဲနေတာများနေတယ်။

ဦးတုတ်ကြီး
(မှားလျှင်ပြင်သည်)

Anonymous said...

ကုလားနဲ့တရုတ် မင်းဘိုးအေပေးလိုက်တဲ့ သုံးထပ်သားအစုတ်တွေ အိမ်သယ်သွားတဲ့ဆီမရောက် လိုက်ပါဘူး စောက်စုတ်တွေပေးလို့စောက်ခွက် လီးနဲ့အထိုးခံထိတာငါတွေ့လိုက်ပါတယ်

myominsoe said...

ကိုဇော်ရေ ၁နှစ်လောက်အကို့ဆိုဒ်မှာပညာလာသင်နေသူပါ တိတ်တိတ်လာတိတ်တိတ်ပြန်သွားသူပါ ဒီနေ့စာတော်တော်ဖတ်ဖြစ်ပါတယ် ပြဿနာဖြေရှင်းတာရယ် တောင်းပန်တာရယ်၊မော်စီတုန်းစကားရယ် အခုပိုဒ်ရယ်ကိုအရမ်းကြိုက်ပါတယ် နောက်ဆုံးကကွန်မန့်တွေမဖတ်ဖြစ်ရင် ဒိစာကိုရေးဖြစ်ဖို့မရှိပါ ပြီးတော့ဇစ်ဇစ်ကလာရဲ့ စကားကတော်တော်ကောင်းပါတယ် ဒီစာကိုပြန်ရေးတာနှစ်ခါမြောက်ပါ ပထမအခါမှာရေးတာတော်တော်ပြည့်စုံပါတယ် ကျွန်တော်ကွန်မန့်တွေမရေးဘူးတော့ ရေးထားတာတွေပျောက်သွားလို့ အသစ်ပြန်ရေးရတာ ပထမမူရင်းလောက်မကောင်းတော့ပါ ဆိုလိုတာက ရိုင်းစိုင်းတဲ့ကွန်မန့်သာမဖတ်ဖြစ်ရင် ဒီစာကိုရေးဖြစ်မယ်မထင်ပါ သူ့ကွန်မန့်ကိုဖတ်ပြီးကျွန်တော်လဲ စာရေးချင်စိတ်ဖြစ်လာပါတယ် မလေးရှားပီနန်မှာအလုပ်လုပ်နေပါတယ် ၅နှစ်တာ အတွေ့အကြုံတွေကို စာရေးချင်တဲ့စိတ်က အမည်မသိသူရဲ့ကွန်မန့် ကနိုးထစေခဲ့ပါပြီ ကိုဇော်ကအကူအညီပေးပါလို့အနူးညွှတ်တပည့်ခံလိုပါတယ် မာတီမလိုင်းမှာအဖွဲ့ဝင်ထားပါတယ် ကိုဇော်မကူညီနိုင်ရင်လဲ ကူညီနိုင်မည့်သူများကိုညွှန်ပြ လမ်းပြပေးစေလို့ပါတယ်ခင်ဗျာ ပထမစာကရင်ထဲက လာတဲ့စကားလုံးတွေကိုတိုက်ရိုက်စီးဆင်းသလိုရေးရတဲ့အတွက်ပိုကောင်းပါတယ် အကိုရဲ့တစ်ပည့်ဖြစ်ချင်ပါတယ် သင်ဆရာမရှိလောက်အောင်ရှားခဲ့လို့ပါ စာလဲရေးချင်တဲ့ဝါသနာရှိပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်

ကိုဇော် said...

ဟုတ်ကဲ့ ခင်ဗျာ။ စာရေးချင်သူ အားလုံးကို လေးစားစွာပဲ ကြိုဆိုပါတယ်။ zaw357@gmail.com ကို မေးလ်ပို့ပေးပါ။ လိုအပ် ၊ သိချင်တာတွေ ပြောပြပါ့မယ်။ ပြောပြဖို့ အချိန်မရရင်တောင်မှ လေ့လာဖို့ နေရာတွေ ပြောပြပါ့မယ်။ အရာရာက သုညကပဲ စရတဲ့ အတွက် ဘာမှ စိတ်ဓါတ် မကျစေချင်ဘူး။ ကျနော်လည်း သုညကပဲ စခဲ့ရတာပါ။
မေးလ်ပို့လိုက်ပါ ခင်ဗျား။ အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။