မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 December 2009

3 တွေးသင့်တဲ့ ဟာသ



(၁)
သံသာသည် ချစ်စရာကောင်းပြီး သွက်လက်ချက်ချာသော ၄ နှစ်အရွယ် ကလေးငယ်လေးဖြစ်သည်။ တစ်နေ့တွင် အိမ်သို့အလည်လာသော ဒေါ်လှက မေးသည်။

“ သမီးနာမည်ဘယ်လိုခေါ်သလဲကွဲ့။ ”

သံသာ ပြန်ဖြေသည်။ သမီးက ဦးမြ၀င်းသမီးပါ။ အမေက ဘေးမှဝင်ပြောသည်။

“ သမီး… အဲလိုမဟုတ်ဘူး..၊ မှားနေတယ်လေ။ သမီးနာမည် သံသာပါလို့ဖြေရတယ်။ ”

နောက်နေ့တွင် အမေဖြစ်သူနှင့်အတူ လမ်းလျှောက်ထွက်ရင်း ရပ်ကွက်အတွင်းမှ ဦးလေးလှက လှမ်းနှုတ်ဆက်သည်။

“ သမီးက... ဦးမြ၀င်းသမီး မဟုတ်လား။ ”

သံသာဘေးသို့ လှည့်ကြည့်လိုက်သည်။ အမေဖြစ်သူသည် အခြား အမျိုးသမီးတစ်ဦးနှင့် စကားလက်ဆုံ ကျနေသည်။ ထို့နောက် ဦးလေးလှဘက်သို့ အသာလှည့်၍ တိုးတိုးလေးဖြေသည်။

“ သမီးလည်း အဲဒီလို ထင်ခဲ့တာပဲ။ ဒါပေမယ့် အမေကပြောတယ်။ အဲလို မဟုတ်ဘူးတဲ့။ ”

ကဲ......။




(၂)
ရထားလက်မှတ်စစ်သည် တွဲပေါ်တက်လာပြီး လက်မှတ်များ လိုက်လံ စစ်ဆေးသည်။ လက်မှတ်မဲ့စီးသူများအတွက် ဒဏ်ငွေမှာ ၅၀၀၀ ကျပ် ဖြစ်သည်။ အင်္ကျီလက်ပြတ် ၀တ်ထားသည့် ပထမအမျိုးသမီးငယ် တစ်ဦးအား ဒဏ်ငွေ ၃၀၀၀ ကျပ် ပေးဆောင်စေခဲ့သည်။

နောက်ကျောပြောင်နှင့် လည်ဟိုက်အင်္ကျီ လက်ပြတ်ဝတ်ထားသော ဒုတိယ အမျိုးသမီးကိုမူ ဒဏ်ငွေ ၂၀၀၀ ကျပ် ပေးစေခဲ့သည်။

နောက်ကျောပြောင်နှင့် လည်ဟိုက်အင်္ကျီ လက်ပြတ်၊ မီနီစကတ်တိုဝတ်ထားသော တတိယအမျိုးသမီးကိုမူ ဒဏ်ငွေ ၁၀၀၀ ကျပ် ဒဏ်တပ်ခဲ့သည်။

စတုတ္ထအမျိုးသမီးကိုမူ ပိုက်ဆံတစ်ပြားမှ မယူခဲ့ချေ။ အဘယ့်ကြောင့်ဟု သင်ထင်ပါသနည်း။
-
-
-
အာ… ခင်ဗျားကလည်း ဘာဖြစ်လို့ ညစ်ပတ်တဲ့အတွေးတွေ တွေးရတာလဲဗျ။ အဲဒီအမျိုးသမီးမှာ လက်မှတ်ပါတယ်ဗျ။

မှတ်ပလား. . ။




(၃)
အမျိုးသားတစ်ဦးသည် ဘုရားသခင်ထံ ဆုတောင်းလျက်ရှိသည်။

“ အဖဘုရားသခင်ခင်ဗျား…။ ”

“ ဟေ… ”

“ ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ…။ ”

“ အေး… မေးစေဗျာ…. ။”

“ ကျွန်တော်တို့အတွက် နှစ်တစ်ရာဆိုတာ အဖဘုရားသခင် အတွက် ဘယ်လောက်ကြာပါသလဲ… ။ ”

“ တစ်စက္ကန့်မျှသာပါပဲ သားတော်… ။ ”

“ ကျွန်တော်တို့အတွက် ဒေါ်လာတစ်သန်း ဆိုတာကရော အဖဘုရားသခင် အတွက်ဆိုရင် ဘယ်လောက်ပမာဏပါလဲ…။ ”

“ ပဲနိမျှသာဖြစ်တယ်…။ ”

“ ဒါဆိုရင် ကျွန်တော့်ကို ပဲနိလောက်ပေးသနားဖို့ အသနားခံချင်ပါတယ် ။ ”

“ ဘာဖြစ်လို့မရ ရမှာလဲသားတော်….၊ ဖြစ်ရမှာပေါ့… တစ်စက္ကန့်ပဲစောင့်ပါ….။ ”


ကိုဇော် တင်ပြသည်။



Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

I LIKE UR THIS POST.THANKS

သိင်္ဂါကျော် said...

ဟာသလေးတွေဖတ်ပြီး ပြုံးသွားပါတယ်..

Anonymous said...

ကိုဇော်နောက်ထပ်ဟာသလေးတွေကိုလည်းတွေးပြီးရင်းတွေးလို့ရယ်မောရအောင်
ထည့်ပေးပါအုံး။ ရယ်သောသူအသက်ပိုရှည်တယ်ဆိုလို့ များများရယ်မလို့ပါ