မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 December 2009

0 ကြောင်တွေဆီက အတုခိုးစရာများ


  • ၁) အန္တရာယ်ကို မြင်နိုင် တွေနိုင်တဲ့ အကွက်အကွင်း ကောင်းကောင်းမှာ အနားယူတတ်ပါစေ...။

  • ၂) လမ်းသွားစဉ် ၊ အစာဖမ်းစဉ် ၊ လွတ်ရာသို့ပြေးစဉ် အချိန်အခါမရွေး ညင်သာစွာ ရွေ့လျားတတ်ပါစေ..။

  • ၃) မိမိအလိုရှိရာမရမချင်း အကြိမ်ကြိမ်ရအောင် တောင်းလိုက်စမ်းပါ..။

  • ၄) စားသမျှ ကျေညက်စွာ ၀ါးစားပြီး အ၀စားနိုင်တာထက် များစွာလျှော့စားပါ..။

  • ၅) အန္တရာယ်ရှိသော နေရာ ၊ ပြဿနာရှိသော အိမ်ပူများကို စွန့်ခွာပါ..။

  • ၆) မိမိရဲ့အလုပ် အဆုံးသတ် ၊ အလေအလွင့်များကို သူတပါးမသိ ၊ မမြင်အောင် သိုသိုသိပ်သိပ် ဖုံးအုပ်လုပ်ကိုင်ပါ..။

  • ၇) မိမိတို့ရဲ့ ဆွေစဉ်မျိုးဆက်ပညာ နဲ့ တိုးတတ်လာသော ပညာများကို သားသမီးများအား ဆင့်ပွားသင်ပေးတတ်ပါစေ..။

  • ၈) စိတ်ဝင်စားလို့ ဆော့ကစားမယ် ဆိုရင် ကလေးငယ်လို ပေါ့ပေါ့ပါးပါး ဖြစ်ပါစေ...။

  • ၉) လိုအပ်လာရင် မတုန်မလှုပ်ငိုက်မြည်းရင်း နဲ့ အမှောင်ထဲလည်းမြင်တတ်ပါစေ...။

  • ၁၀) လိုအပ်လာရင် မိမိ ပညာ နဲ့ အတတ်ပညာကို မမြင်အောင် ဖွက်တတ်ပါစေ...။

  • ၁၁) ဘယ်အချိန်ကြည့်ကြည့် အနံ့အသက်မရှိ ၊ သန့်သန့်ပြန့်ပြန့်နေတတ်အောင် လေ့ကျင့်ပြင်ဆင်ထားပါ...။

  • ၁၂) မိမိမလိုချင်တာ ၊ မကြိုက်နှစ်သက်တာ ဆိုရင် အားနာပါးနာ လက်မခံပါနှင့်။
    မတို့ မထိမိပါစေနှင့်.....။

ကိုဇော်



မှတ်ချက်။ Reader Digest နှင့် ဆရာအတ္တကျော် ရေးသော “ မောဟပြေ ပုံတိုပတ်စများ ” စာအုပ်မှ ခွေးတွေဆီမှ အတုယူစရာများကို နှစ်သက်လို့ ဤစာကို လေ့လာရေးထားခြင်းမျှသာ ဖြစ်ပါသည်..။


http://zaw357.multiply.com/journal/item/191 မှာ 24.3.2009 ကရေးထားတာပါ.။




Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: