မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 December 2009

1 ဂျပန်နိုင်ငံကို တိုးတတ်စေခဲ့တဲ့ စကားတစ်ခွန်း


ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့...စစ်ရှုံး
သူနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ အဓိက ပါဝင်ခဲ့တယ်..။ သူတိုက်ထားတဲ့ စစ်ကုန်ကျစရိတ် ၊ သူသိမ်းပိုက်ထားလို့ စစ်ရှုံးတော့ ပြန်လည်ပေးချေရမဲ့ စစ်လျော်ကြေး နှစ်ပေါင်းများစွာတောင်မှ ကျေနိုင်ပါ့မလား..။

ဂျပန်ကို စစ်တိုက်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက လူဦးရေ နှင့် နိုင်ငံအကျယ်အ၀န်းကြောင့်...။
ကမ္ဘာမှာ စတုတ္တလူဦးရေ အများဆုံးနိုင်ငံ...။ ဒါပေမဲ့ စစ်ရှုံးတော့ နိုင်ငံရှိ စစ်သား ၊ အမျိုးသားတော်တော် များများက ဂျပန်ထုံးစံအတိုင်း အရှုံးကို အသက်နဲ့လဲပြီး ကိုယ့်ကိုသတ်သေခဲ့ကြတယ်..။

ဂျပန်မှာ ပေးရမဲ့ စစ်လျော်ကြေးတွေ ၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အမေရိကန်က စစ်ရေးအရ ကာကွယ်ချုပ်ကိုင် ထားခဲ့လို...။ ဂျပန်မှာ စစ်ရေးမရှိ ၊ စီးပွားရေး...နိတ္ထိနဲ့..။ ဘယ်က စရမှန်းမသိဖြစ်နေချိန် နေ့စဉ် ကိုယ့်ကိုယ်သတ်သေသူတွေ အဆက်မပြတ် ..၊ ဒီအချိန်မှာ စကားတစ်ခွန်း ထွက်ပေါ်ဘာတယ်..။

“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။” ဘယ်လောက်ခက်ခဲနေပါစေ... ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။ ရှစ်ခါလဲရင် ကိုးခါထမယ်..။ အကြိမ်တစ်ရာလဲရင် တစ်ရာ့တစ်ကြိမ်ထမယ်..။ ”

ဒီစကားကြားရတော့ စိတ်ပျက်အားငယ်နေတဲ့ ဂျပန်တွေ ကိုယ့်နိုင်ငံကို အမေရိကန်က စစ်ရေးအရ သိမ်းပိုက်ချုပ်ကိုင်ထားလို့ စိတ်ပျက်နေတဲ့ စစ်သားတွေ အာလုံးတတ်ကြွလာပြီး သူတို့ရဲ့ အင်အားခွန်အား တွေအားလုံးကို စက်ရုံတွေမှာ အသုံးချရင်း ဂျပန်နိုင်ငံဟာ ကမ္ဘာကို စီးပွားရေးနဲ့ ချုပ်ကိုင်လာ ဦးမော့လာနိုင်ခဲ့တယ်..။
ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးထုတ်ကုန်အဖြစ် ကမ္ဘာကို တိုးဝင်တဲ့ စီးပွားရေးက အမွှေးပွရုပ်တွေပါ....




ဘ၀မှာ အကြိမ်ကြိမ် ဘယ်လိုပဲ လဲကျကျ ၊ အကြိမ်ကြိမ်ပြန်ထလိုက်စမ်းပါဗျာ
..။ ဘ၀ဆိုတာ ဒီလိုပါပဲ... လဲကျရင် .လူးလဲထရင်း ရင်ဆိုင်ဖြတ်သန်းရတာပါ..။ တစ်ခါတစ်လေ စိတ်ပျက်အားငယ်စိတ်ဝင်လာရင် ကျွန်တော်ပြောတဲ့ စကားလေး မှတ်ထားပေးပါ...။ ပြီးတော့ ကြွေးကြော်လိုက်စမ်းပါ....။


“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။ ”


zaw357@gmail.com ဘာသာပြန်သည်..။


မှတ်ချက်...။ ။ ကျွန်တော် ပလာတာ ၀ယ်စားလို့ ထုတ်ပေးလိုက်တဲ့ စာရွက်ထဲကပါ..။ အကြောင်းအရာလဲ အပြည့်အစုံမပါဘူး.။ ဘယ်သူရေးမှန်းလဲ မပါလို့ မဖော်ပြနိုင်တော့ဘူး..။ ဒါပေမဲ့ တန်ဖိုးရှိတာတော့ သေချာတယ်ဗျာ..။

ကိုဇော်


http://zaw357.multiply.com/journal/item/206 မှာ 7.4.2009 က ရေးထားတာပါ။




Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

အဲဒီစကား ဂျပန်ကလာမှန်းခုမှသိလို့ ကျေးဇူးပါ။
ဒီစကား တော်တော်အားတက်စေတာတော့ ကိုယ်တွေ့ပါ။
အိမ်မှာကပ်ထားတဲ့စာတစ်ကြောင်းက လဲရင်ပြန်ထ ဒါလူ့ ဘဝပဲတဲ့ ကိုယ့်ကိုကိုယ်အမြဲသတိပေးဖြစ်တယ် အဲဒီစာကြောင်းလေးနဲ့ပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး