မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 December 2009

0 လူဘယ်နှစ်ယောက်လဲ



ဒီနေ့ ဘယ်လို ဖြစ်နေမှန်းကို မသိဘူး။ စာကို မရေးချင်ဘူးဗျာ။ မနေ့ကတည်းက ရေးထားတဲ့ “ တရုတ်နဲ့ကုလား ဘာကွာခြား ” စာကို တင်ရင် ကောင်မလား ၊ မတင်ရင်ကောင်းမလား ဆိုပြီး စဉ်းစားနေတာနဲ့ လူက စိတ်တော်တော် ပင်ပန်းတယ်။ ကိုယ်က ပြောချင်တာ တခြား သူတို့ ထင်တာ တလွဲဖြစ်မှာလည်း စိုးတယ်။ ဒါနဲ့ပဲ စိတ်တွေ မူးမှောက်ပြီး ဒီနေ့ညနေမှ တင်လိုက်တာ။ တကယ်တော့ Dec 18, '09 4:56 AM ကတည်းက ရေးထားတာ.။ ရေးပြီးမှတော့ မထူးပါဘူး။ ကိုယ်ပြောချင်တာ အကောင်းပဲလေ ဆိုပြီး အတင်းကြိတ်မှိတ်တင်လိုက်တာ။

တကယ်တော့လည်း ဒီအကြောင်းအရာ ရေးချင်တာ. .၅ လလောက်ရှိနေပြီ။ ဘယ်လို ရေးရင်ကောင်းမလဲ စဉ်းစားနေရင်း ကြာသွားတာ။ စီဘောက်မှာ တစ်ယောက်လာအော်သွားသလို မောင်ဖြူ ၊ မောင်မဲ ဆိုရင် မကောင်းဘူးလားတဲ့ ။ ဘယ်လိုလုပ်ရေးရပါ့မလဲ.။ အနော်လည်း မရေးတတ်...။

ထားပါတော့လေ...တင်ပြီးသွားပါပြီ။ ကျွန်တော် ပြောချင်တဲ့ ၊ ပေးချင်တဲ့ Message ရပါစေလို့ပဲ ဆုတောင်းပါတယ်။ အခုလည်း ရေးစရာတွေ များနေပြီး ဘာမှကို ကျွန်တော် မရေးချင်ဘူး။ ဒါကြောင့် အခု ပုံလေးကို တင်လိုက်တာပါ။ သေချာတော့ ကြည့်ရမယ်နော်။ သေချာရေကြည့် လူဘယ်နှစ်ယောက်လဲလို့. . .ပြီးရင် ဘာလို့ ဘာကြောင့် ဖြစ်သွားတာလဲ ပြောင်းသွားတာလဲဆိုတာကိုပါ စဉ်းစားကြည့်ဗျ...။




ကိုဇော် တင်ပြသည်။


Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: