မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 December 2009

1 ဘဝသချာင်္ (သို့) အောင်မြင်ရေးဖော်မြူလာ

.
ကျွန်တော့်ဘဝမှာ သချာင်္ဆရာတော်တော်များများနဲ့ တွေ့ကြုံ သင်ကြားခဲ့ရပါတယ်။ ဒါကြောင့် တော်တော်လည်း ဝါသနာပါသလို တော်တော်လည်း ဘာသာရပ်တွေထဲမှာ ကျွမ်းကျင်တယ် လို့ ထင်မိတယ်။ ( ထင်တာကို ပြောတာနော်.ဟီး ။) ဒါပေမဲ့ ကျွန်တော် သချာင်္ အဓိက မယူဖြစ်ပါ။

ကျွန်တော် မှတ်မှတ်ရရ ၅ တန်းကျောင်းသားဘဝကတည်းက တတ်လာလိုက်တဲ့ သချာင်္ ဆရာ ၊ ဆရာမတွေ အခုအချိန်အထိ တကယ်ကို တော်တဲ့ သူတွေက သချာင်္မှာ ဘုရင်တစ်ဆူလိုပါပဲ။ ဒီလို သချာင်္ဘုရင် ဆရာတွေထဲမှာ စင်္ကြာဝတေးမင်းအဖြစ် ကျွန်တော် အလွန်လေးစားသော ဆရာတစ်ယောက် ရှိပါတယ်။ ကျွန်တော် ၁၀ တန်းတုန်းက ကျူရှင်သွားတတ်ခဲ့တဲ့ တောင်ဥက္ကလာက ဆရာဦးတင်ရွှေ ( အောင်အကယ်ဒမီ ) ပါ။ ဘာလို့ အောင်အကယ်ဒမီ ပါနေတာလဲဆို သချာင်္သင်တဲ့ ဆရာဦးတင်ဝင်း နှစ်ယောက်ရှိလို့ပါ။ ဆရာဦးတင်ရွှေ ( အောင်အကယ်ဒမီ ) ကတော့ တကယ်ကို သချာင်္မှာ စင်္ကြာဝတေးမင်းပါပဲ။

ဆရာက သချာင်္တစ်ခုတည်းကို ရှင်းပြတာတင် မဟုတ်ပါ။ တခြားလည်း ဘာလာလာ အရာရာ သိမြင် နှံစပ်သူပါ။ ကျွန်တော်ကတော့ ကျွန်တော်ပါပဲ..ဟီး။ ရောက်လေရာမှာ ပေါက်ကရ မဖြစ်ညစ်ကျယ်တွေ သွားသွားမေးတတ်တယ်။ ပြီးတော့ ကပ်သီးကပ်ဖဲ့တွေ ။ ဒါပေမဲ့ ဆရာကြီးရဲ့ အဖြေတွေကတော့ တကယ်ကို ပညာရှင် ပီသစွာ ပိုင်နိုင်လှပါတယ်။ လူတွေရဲ့ ဘဝကို ဆရာကြီး သချာင်္နဲ့ ခိုင်းနှိုင်းယှဉ်ပြတာ တစ်ခု ရှိခဲ့ဖူးပါတယ်။

ဆရာကြီးက ဒီလို ပြောတယ်။

“ သချာင်္နဲ့ ကျတယ် ဆိုတဲ့ ကျောင်းသားက တကယ်ကို ရှားပါတယ်။ ဘာလို့လဲဆိုတော့ သချာင်္ဆိုတာ တွက်ရခက်တဲ့ ပုစ္ဆာ္ဆမဟုတ်ပါဘူး။ ဒါပေမဲ့ အခက်အခဲလေးတွေတော့ ရှိပါတယ်။ ဒါကို ကိုယ်က ဘယ်လို ကိုင်တွယ် စဉ်းစားဖြေရှင်းလည်း ဆိုတာပဲ အရေးကြီးတယ်။ ကိုင်တွယ် ဖြေရှင်းတတ်ရင် သချာင်္မှာ ထူးချွန်မှာပဲ။ သချာင်္ရဲ့ အမှတ်ပေးစည်းမျဉ်းကို ကြည့်ပါ။ အမှတ် ၁၀၀ ပေးထားတယ်။ အမှတ် ၄၀ ရရင် အောင်မယ်။ ၈၀ ဆိုရင် ဂုဏ်ထူးထွက်မယ်။

ဒီမှာ တခြားဘာသာတွေလို မဟုတ်ပဲ လက်ရေးလက်သားကြည့်စရာ မလိုပဲ အမှတ်ပြည့် ၊ အမှတ် ၁၀၀ ပေးလို့ရတာဆိုလို့ “ သချာင်္ ” ဘာသာက ထိပ်ဆုံးကပဲ။ ဒီတော့ သချာင်္ဘာသာကို ဒီလို ခွဲစိတ်ကြည့်ရအောင် ...


သင်ဟာ ( ဆရာကြီးက သင်. . သင် နဲ့ပဲ ပြောတတ်ပါတယ်။ ) သာမာန်သချာင်္ဘာသာကို ကြိုးစားသူဆိုရင် အမှတ် ၄၀ ကတော့ သေချာရပါလိမ့်မယ်။ ဒါဆို သင်သချာင်္ဘာသာနဲ့ မကျနိုင်တော့ပါ။ တကယ်လို့ သင်ဟာ သချာင်္ဘာသာကို ကြိုးစားဖြစ်ပါက အမှတ် ၅၀ ကျော်ရပါလိမ့်မယ်။ ဒါဆိုရင် အရာတိုင်းရဲ့ တစ်ဝက် တိုင်းပြည်တစ်ဝက်ကို စီးနိုင်နေပါပြီ။ သင်ဟာ အလွန်ကြိုးကြိုးစားစား လေ့လာတွက်ချက်သူ ဖြစ်ပါက အမှတ် ၈၀ ကျော်ပါလိမ့်မည်။ ဒါကို ဂုဏ်ထူးထွက်သည်ဟု ခေါ်သည်။ ဒါဆိုရင် တိုင်းပြည်ရဲ့ အစိတ်အပိုင်းတော်တော်များများ သင့်လက်ထဲ ရောက်နေပါပြီ။

သင်ဟာ အလွန်ကြိဲုးကြိုးစားစားလည်း ရှိတယ် ၊ ပါးရည်နပ်ရည်ဖြင့်လည်း သင်ယူမယ် ၊ စဉ်းစားဥာဏ်ဖြင့်လည်း တွက်ချက်မယ် ဆိုရင် တော့ သချာင်္မှာ အမြင့်ဆုံးသော အမှတ် ၁၀၀ ကို ရဖို့ နီးစပ်ပါတယ်။ ဘာလို့ နီးစပ်တယ် လို့ ပြောတာလည်းဆိုရင် သချာင်္ဘာသာရဲ့ မေးခွန်းမှာ အမှတ် ၁၀၀ မရစေရန် ခက်ခဲပေးထားသော နေရာ တစ်နေရာရှိနေပါတယ်။ အမှတ် ၁၀၀ ပြည့် အရည်အချင်းစစ်ရတဲ့ နေရာပေါ့လေ။

ဒီနေရာလေးဟာ တစ်ပုဒ်ကို ၁၅ မှတ်ရတဲ့ နေရာလည်း မဟုတ်ဘူး။ တစ်ပုဒ်ကို ၅ မှတ်ရတဲ့ နေရာလည်း မဟုတ်ဘူး။ တစ်ပုဒ်ကို ၃ မှတ်ရတဲ့ နေရာလည်း မဟုတ်ဘူး ၊ အဲဒီနေရာကတော့ “ ဓမ္မဓိဌာန် ” လို့ခေါ်တဲ့ တစ်ပုဒ်မှာ တစ်မှတ်ပဲ ရတဲ့ နေရာပဲ ဖြစ်တယ်။ ဒီနေရာမှာပဲ ဂုဏ်ထူးထွက်တာချင်းအတူတူ အမှတ် ၁၀၀ ပြည့်မှာ အခက်အခဲလေးနဲ့ အရည်အချင်းစစ်သွားတာပါပဲ။

သာမာန်ကျောင်းသားတွေကတော့ A , B , C , D , E ဆိုပြီး နံကြားလက်ထောက်ပြီး ရွေးလိုက်ပေမဲ့ ဒါဟာ ဘာမှ မဖြစ်ဘူးလေ.။ ဘာလို့လည်း ဆိုတော့ သူတို့က သာမာန်လေ . . အောင်ရင်တော်ပါပြီ ဆိုတဲ့ လူတန်းစားတွေ ၊ အဲ ဂုဏ်ထူးထွက်ချင်တဲ့ သူတွေကျတော့ အသည်းသန်တော့ တွက်တာပဲ မရတော့ဘူးဆိုရင်တော့ သူက ဟိုဟာ ထင်တယ် ၊ ဒီဟာ ထင်တယ် ဖြစ်လာရော ။ ဒီမှာ အမှတ် ၁၀၀ ပြည့်ကျောင်းသားကတော့ မရ ၊ ရအောင် ၊ မမှန် ၊ မှန်အောင် တွက်တော့တာပါပဲ။ ဒါကြောင့်လည်း သချာင်္မှာ အမှတ် ၁၀၀ ပြည့်ရတယ် ဆိုတဲ့ သူတွေ ရှားနေတာပါ။


ဘာလို့လဲ ဆိုတော့ အမှတ် ၁၀၀ မရအောင် အခက်အခဲလေးတွေနဲ့ အရည်အချင်းစစ်ပွဲ လုပ်ပြီး အမှတ် ၁၀၀ ပြည့်ကျောင်းသားကို ဖော်ထုတ်ထားလို့ပါပဲ။ ဒါဟာ သချာင်္ ဘာသာရပ်ထဲတင် မဟုတ်ပါဘူး။ လူ့လောကမှာ ရှိနေတဲ့ ဘဝတွေမှာလည်း ဒီလိုပါပဲ သာမာန်လူဆိုတာ အမှတ် ၄၀ ရရင် တော်ပါပြီပေါ့ ။ တချို့ကတော့ အမှတ် ၅၀ မှန်တန်းလောက်တဲ့။ တချို့ကျတော့ ကြိုးစားတယ် ဒါကြောင့် သူတို့ သူတို့ ဘဝမှာ အမှတ် ၈၀ ကျော်ပြီး ဂုဏ်ထူးထွက်တယ်။ တချို့ကျတော့ ပါးရည်နပ်ရည်နဲ့ အစွမ်းကုန်ကြိုးစားတယ်။ ဦးနှောက်နဲ့ ရှိသမျှ စွမ်းရည်တွေကို ရိုးသားစွာနဲ့ သူတို့ အမှတ် ၁၀၀ ဆိုတဲ့ ထိပ်ဆုံးကို ရောက်အောင် ကြိုးစားတယ်။

ဒါပေမဲ့ တစ်ခု သတိထားရမှာက အမှတ် ၁၀၀ ပြည့်ရတယ် ဆိုတဲ့ ထိပ်ဆုံးက လူတွေက သူတို့ နံကြားထောက်ပြီး ဘယ်သူဘာဖြစ်ဖြစ် ငတေမာရင် ပြီးရော မလုပ်ဘူး. ၊ သူတို့ လမ်းကြောင်းမှန်မှန်ပဲ ကြိုးစားကြတယ်။ နည်းလမ်းမမှန်တဲ့ အောင်မြင်မှု ဆိုတာ ကြာကြာ မတည်မြဲနိင်ပါဘူး။ ခဏလေးအတောအတွင်း အမှတ် ၁၀၀ ဆိုတဲ့ အောင်မြင်မှုကနေ အောက်ဖက်ကို လျော့ကျ ပျက်ဆီးသွားကြတာပါပဲ။ ”

ဆရာကြီးက ဒီလို ဆုံးမဖူးပါတယ်။

ဒါကို ကျွန်တော် နောက်ပိုင်း စာလေးတွေ ဖတ်တော့ Arthur Lynch Williams ရဲ့ All You Can Do Is All You Can Do..But All You Can Do Is Enough စာအုပ်လေးကို ဖတ်မိတယ်။ ( ဒီစာအုပ်ကို ဆရာဖေမြင့် က ချုံကြားမှ ဘုံဖျားသို့ ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ထားပါတယ်။ ) အဲဒီအထဲက အာ့တ် ရေးထားတာလေးကို ဖတ်မိတော့ ကျွန်တော် ဆရာဦးတင်ရွှေ ( အောင်အကယ်ဒမီ) ပြောတဲ့ ဘဝသချာင်္ဥပမာလေးကို ပြေးမြင် မိပါတယ်။

Arthur Lynch Williams ရဲ့ All You Can Do Is All You Can Do..But All You Can Do Is Enough စာအုပ်မှာ
အာ့တ် က ဒီလိုပြောတယ်။

အောင်မြင်ရေးဖော်မြူလာက ဒီလို ဆိုတယ်။

၁) သင်သည် အလုပ်ကြိုးစားသူ ဖြစ်ပါက တိုင်းပြည်ရှိ လူများ၏ ၅၀ ရာခိုင်နှုန်းကို ကျော်တတ်သွားပါလိမ့်မည်။

အဘယ်ကြောင့် ဆိုသော တိုင်းပြည်ရှိ လူများ၏ ၅၀ ရာခိုင်နှုန်းလောက်က အလုပ်ကြိုးစားချင်သူများ မဟုတ်ကြ ။ ထိုကြောင့် ထိုသို့ အလုပ် မကြိုးစားချင်သူများ ကြားထဲတွင် သင်သည် မလုပ်ကြိုးစားသူဖြစ်ပါက လူတစ်ဝက်လောက်ကို သင် အနိုင်ရပါလိမ့်မည်။

၂) သင်သည် ကိုယ်မှန်တယ် ထင်တာသော အရာဘက်ကို ရွပ်ရွပ်ချွံချွံ ရပ်တည် ရဲသောသူ ၊ ရည်ရွယ်ချက် တစ်ခု အတွက် ရပ်တည်နေသောသူ ၊ မှန်သော ကောင်းသောဟု ထင်သော အရာဘက်က ရပ်တည်ရဲသောသူ ဖြစ်ပါက နောက်ထပ် ကျန်သော ၅၀ ရာခိုင်နှုန်းထဲမှ ၄၀ ရာခိုင်နှုန်းကို ထပ်၍ ကျော်တတ်သွားပါလိမ့်မည်။

အဘယ်ကြောင့် ဆိုသော် လူတွေသည် အလုပ်သာ ကြိုးစားနေကြသည် ရည်ရွယ်ချက်မရှိကြ ၊ မှန်တယ် ကောင်းတယ် ဆိုသော အရာကို သိတာတောင်မှ မပြောရဲ ၊ မဆိုရဲကြ ၊ ဒီလို လူတွေကြားထဲမှာ သင်က သူတို့နဲ့ မတူပဲ ရည်ရွယ်ချက်တစ်ခု ရှိကာ အမှန်တရားဘက်၌ ရပ်တည်၍ ရဲသူဆိုပါက တိုင်းပြည်ရှိ လူအားလုံးရှိ ၉၀ ရာခိုင်နှုန်းကို ဖြတ်ကျော်သွားပါလိမ့်မည်။


၃)
သင်သည် ကျန်သော ၁၀ ရာခိုင်နှုန်းထဲမှ နံပါတ် တစ် ဖြစ်ချင်တယ် ဆိုရင်တော့ အားသွန်ခွန်စိုက် အဆက်မပြတ်ကြိုးစားပြီး ၊ ကြောက်ရွံ့နောက်ဆုတ်သူ ဖြစ်၍ မရ ၊ ယှဉ်ပြိုင် အနိုင်ယူရဲပြီး ကျားကုတ်ကျားခဲ ကြိုးစားသူ ဖြစ်ရပေမည်။


အဘယ်ကြောင့် ဆိုသော် ကျန်နေခဲ့သော ၁၀ ရာခိုင်နှုန်းသည် အလုပ်လည်း ကြိုးစားသည် ၊ ရည်ရွယ်ချက်တစ်ခု အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေသူတွေလည်း ဖြစ်သည်။ ယှဉ်ပြိုင် အနိုင်ယူရဲသူတွေလည်း ဖြစ်သည်။ ထိုသူတွေသည် ယှဉ်ပြိုင်ခဲ့ရမှုများနေပြီ ဖြစ်သောကြောင့် ပြိုင်ပွဲ အတွေ့အကြုံတွေလည်း များနေခဲ့ပြီ။ ဒါကြောင့် တိုက်ရည်ခိုက်ရည်လည်း ပြည့်ဝနေပြီ။ ထိုကဲ့သို့ သူမျိုးများကြားတွေ နံပါတ် တစ် ဖြစ်လိုပါက ဇွဲနပဲ နှင့် ကျားကုတ်ကျားခဲ ကြိုးစားရပေလိမ့်မည်။ ”

ဟု
အာ့တ် က သူ့စာအုပ်ထဲတွင် ရေးသားထားခဲ့ပါတယ်။ ကျွန်တော် အလွန်ကို အံ့သြမိတယ်။ ဆရာကြီးကတော့ သူ့ဖာသာ ဘဝကို သချာင်္မေးခွန်းနဲ့ တိုက်ဆိုင်ပြီး နှိုင်းယှဉ်ပြသွားတာပါ။ ဒါပေမဲ့လည်း အမေရိကန်နိုင်ငံရဲ့ နံပါတ်တစ် အာမခံ ကုမ္ပဏီကြီးရဲ့ တည်ထောင်သူနဲ့ အုပ်ချုပ်သူ အာ့တ် ပြောတဲ့ စကားနဲ့ တစ်ထပ်တည်း ကျနေပါရောလား။

“ ဒါကြောင့် ဘဝဆိုတာ သချာင်္ လိုပါပဲ.။ ဘာလို့လဲ ဆိုတော့ အောင်မြင်မှု ဆိုတာ ဖော်မြူလာ တစ်ခု အနေနဲ့လည်း ရှိနေတယ်လေ။ ဒါကြောင့် “ ဘဝသချာင်္ (သို့) အောင်မြင်ရေး ဖော်မြူလာ ဆိုတာ ကျားကုတ်ကျားခဲ မလျော့တမ်းကြိုးစားရတာ.” လို့ ကျွန်တော် ဆိုလိုချင်တယ်။




source ; All You Can Do Is All You Can Do..But All You Can Do Is Enough
ဘာသာပြန် ; ဖေမြင့် - ချုံကြားမှ ဘုံဖျားသို့
(အခုကတော့ ကျွန်တော့်ဖာသာ အာဘော်နဲ့ ရေးထားတာ ဖြစ်ပါတယ်။)
ကိုဇော် ခံစားတင်ပြသည်။



Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

shwezinu said...

ကျေးဇူးဘဲဗျာ ကျနော်လည်း သချာင်္ကျောင်းသားပေမဲ့ ဘ၀မှာ အောင်မှတ်ရဘို့ကို မနည်းကျိုးစားနေရပါတယ်

အမှတ်၁၀၀ပြည့်ရရန်ဆုတောင်းပေးနေပါ့မယ်