မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 December 2009

2 လက်ခံမှာလား

လက်ခံမှာလား

မင်းစိတ်ဟာ အထိအခိုက်မခံဘူးကွာ
အားပေးသူ တစ်ယောက်လောက်တော့ ရှိမှ
သိမ်ငယ်စွာ တစ်ယောက်တည်း သူစိမ်းလူများကြားမှာ
စိတ်ညစ်နေမလား

ကလေးတစ်ယောက်လို နူးညံတယ် သဘောထား
လွတ်လပ်ပေါ့ပါးလွန်းတယ် စိတ်က
အဆင်မပြေတာ ကြုံရင် မင်းတစ်ယောက်တည်းရှင်းဖို့
လွယ်ပါ့မလား

အဖော်မဲ့ ဟိုအဝေးကြီးမှာ
မင်းအထီးကျန်တဲ့အခါ
ဘယ်သူ့ကိုလေ တမ်းတ သတိတွေရသလဲ
ငါ သိခွင့်ရှိမလား

တကယ်တမ်းဆို မင်းဘဝမှာ
အားလုံးခံစားသမျှ ငါ့တစ်ယောက်တည်းပါ
နားလည်နိုင်တာ လက်ခံမှာလား....

မင်းစိတ်ဟာ အထိအခိုက်မခံဘူးကွာ
အားပေးသူ တစ်ယောက်လောက်တော့ ရှိမှ
သိပ်ငယ်စွာ တစ်ယောက်တည်း သူစိမ်းလူများကြားမှာ
စိတ်ညစ်နေမလား

အတွေးလည်း ခေါင်လွန်းတတ်တယ် ခဏခဏ
သံသယနဲ့ စိုးရွံစိတ်ကြီးသမျှ
နေဝင်ချိန် အမှောင်ညထဲ တစ်ယောက်တည်း ကြောက်ကာ
ငိုနေမလား

အဖော်မဲ့ဟို အဝေးကြီးမှာ
မင်းအထီးကျန်တဲ့ အခါ
ဘယ်သူ့ကိုလေ တမ်းတ သတိတွေရသလဲ
ငါ သိခွင့်ရှိမလား

တကယ်တမ်းဆို မင်းဘဝမှာ
အားလုံးခံစားသမျှ ငါ့တစ်ယောက်တည်းပါ
နားလည်နိုင်တာ လက်ခံမှာလား.....

အဖော်မဲ့ ဟိုအဝေးကြီးမှာ
မင်းအထီးကျန်တဲ့ အခါ
ဘယ်သူ့ကိုလေ တမ်းတ သတိတွေရသလဲ
ငါဖြစ်ခွင့်ရှိမလား

ဘာဖြစ်ဖြစ် မင်းဘဝမှာ
အားလုံးခံစားသမျှ ငါ့တစ်ယောက်တည်းပါ
နားလည်နိုင်တာ မင်းလက်ခံပါလား...။


စကားလုံး - မောင်မောင်ဇော်လတ်
တေးဆို - ဝိုင်ဝိုင်း









အရမ်းမိုက်တယ်ဗျာ။ စကားလုံးတွေ တစ်လုံးချင်းကကို ထိတယ် ၊ မိတယ်။


ကိုဇော် ခံစားတင်ပြသည်။
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Green said...

အရေးကြီးတဲ့အချိန်မှာ ပုံထိုင်ဆွဲနေတဲ့သူတွေ.... အချိန်ကို အကျိုးမဲ့ ထိုင်ဖြုန်းနေတဲ့ သူတွေ ဒီလောကကြီးရဲ့ တစ်နေရာမှာ ရှိနေတုန်းပါဘဲ.....သူတို့တွေကြောင့် ကမ္ဘာကြီးက ဘာမှထူးခြား လှပမလာပေမဲ့ .. သူတို့တွေကြောင့်တော့ ကမ္ဘာကြီးက ပျက်စီးသွားနိုင်တယ်... ဒီလိုလူမျိုးတွေ များလာခဲ့ရင်ပေါ့နော်..

lwin said...

သိခွင့်လည်းရှိမယ်၊ဖြစ်ခွင့်လည်းရှိမှာပါ၊