မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 December 2009

1 ပြန်ဆုံရင်

.


ပြန်ဆုံရင်...

နှစ်ပေါင်းများစွာ
မညည်းဖြစ်တဲ့ သီချင်းတွေ

သူ့ကြောင့် ပြန်ဆိုနေမိပြီ။


လပေါင်းများစွာ

မရေးဖြစ်တဲ့ ကဗျာတွေ

သူ့ကြောင့် ပြန်ရေးနေမိပြီ။


အပတ်စဉ်များစွာ
မကြည့်ဖြစ်တဲ့ အနာဂတ်တွေ

သူ့ကြောင့် ပြန်ကြည့်ဖြစ်နေပြီ။

နေ့ပေါင်းများစွာ

ပျောက်ဆုံးနေတဲ့ မျှော်လင့်ချက်တွေ

သူ့ကြောင့် ပြန်ရှာတွေ့မိနေပြီ။


နာရီပေါင်းများစွာ
ငြိမ်သက်နေတတ်တဲ့ H/P လေးလည်း
သူ့ကြောင့် အသံထွက်နေတတ်ပြီ။


မိနစ်ပေါင်းများစွာ
ရပ်တန့်နေခဲ့တဲ့ ရင်ခုန်သံတွေလည်း

သူ့ကြောင့် ပြန်မှန်လာခဲ့ပြီ။


စက္ကန့်ပေါင်းများစွာ
တိုးနေတဲ့ ကိုယ့်သွေးတွေလည်း

သူ့က ၀င်ရောက်နေတတ်ပြီ။


ချစ်သူရေ

ပြန်မဆုံခင် ကိုယ်တို့ကိုခွဲတဲ့
အချိန်တွေကို
မုန်းတယ် ၊
ပြန်ဆုံရင်တော့
ရင်ခုန်တယ်။ ။

ကိုဇော်

http://zaw357.multiply.com/journal/item/222
မှာ 25.4.2009 ကရေးခဲ့တာပါ။
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ပြန်ဆုံပါစေ။
may