မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 December 2009

0 ၂၀၁၂


ရုပ်ရှင်ဆိုတာ စိတ်ကူးတွေကနေပဲ စတင်ဖြစ်ပေါ်လာတာပါ။ ဒီမှာ စိတ်ကူးက နှစ်မျိုး ရှိပြန်တယ်။

၁။ အပြင်မှာ တကယ်ဖြစ်တာကို စိတ်ကူးပြီး ရိုက်တာ
၂။ အပြင်မှာ တကယ်မဖြစ်ပေမဲ့ အပြင်မှာ တကယ်ဖြစ်နေသလို စိတ်ကူးပြီး ရိုက်တာ

၂၀၁၂ မှာ ကမ္ဘာပျက်မယ် ဆိုပြီး ဖိုရမ်တွေမှာ ရေးကြ ၊ ဗီဒီယိုဖိုင်တွေ တင်ကြ ၊ ဆွေးနွေးခန်းတွေမှာ ဆွေးနွေးကြနဲ့ ဒီ ၂၀၁၂ ဆိုတာကို မရောက်သေးပဲနဲ့ကို တော်တော်များများ ဖိုရမ်တွေ ၊ ဆိုက်တွေ ၊ မေးးလ်တွေနဲ့ တော်တော်ကို ပျံနှံနေပါတယ်။ ဒါကို တချို့လူတွေကလည်း ကြောက်တယ်ဗျ။ တကယ်ပဲ ၂၀၁၂ မှာ သေကြရတော့မယ် ထင်နေတယ်။

ဒါနဲ့ ကျွန်တော် သက္ကရာဇ် ၂၀၀၀ ပြည့်တုန်းက အဖြစ်အပျက်လေး သွားပြီး သတိရသေးတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်ရင် ကွန်ပျူတာတွေမှာ Y2K ပြဿနာ ဖြစ်လာလိမ့်မယ် ဆိုပြီး သတင်းတွေက ရေးကြ ၊ ဖော်ပြကြနဲ့ ဘာမှန်း မသိပဲနဲ့တောင်မှ လူတွေ ကြောက်နေကြတယ်။ ကျွန်တော်နဲ့ သိတဲ့ ပဲပြုတ်ရောင်းတဲ့ အဒေါ်ကြီးကဆို ဘာပြောတယ် မှတ်လဲ။ “ သက္ကရာဇ် ၂၀၀၀ ပြည့်ရင် Y2K ဆိုတာ ဖြစ်ပြီး ကွန်ပျူတာတွေ ပေါက်ကွဲပျက်ဆီးပြီး လူတွေ သေမယ်ဆို.. ။ ” တဲ့.။

ရုတ်တရက် ကျွန်တော်လည်း ဘာပြန်ပြောရမှန်းတောင်မှ မသိဘူး ဖြစ်သွားတယ်။ Y2K ဆိုတာ ဘာမှန်း သူတို့ သိတာ မဟုတ်ဘူး။ သူတို့ ထင်နေတာက Y2K ဆိုတာ ကပ်ရောဂါလိုလို ၊ ဗုံးလိုလိုကြီးလေ။ ဒါနဲ့ပဲ သူ့ကိုတော့ အားလုံး နားလည်အောင် မရှင်းပြနိုင်တော့ “ မပူနဲ့ အဒေါ်. ၊ ကွန်ပျူတာတွေ ပေါက်ကွဲရင် ရေထဲသာ ငုပ်နေ. ။ ကွန်ပျူတာတွေက ရေစိုလို့ရတာ မဟုတ်ဘူးလေ။ ဒီတော့ ရေထဲမှာ ငုပ်နေတာနဲ့ သူတို့ အလိုလို ရေစိုရင် ပျက်သွားလိမ့်မယ်။ လူဆီကို မရောက်တော့ဘူး။ ”

ကျွန်တော် ဒီလိုသာ နောက်လိုက်တာ ဒီစကားက တကယ်ကို ပျံသွားတယ်။ Y2K ဖြစ်ရင် ကွန်ပျူတာပေါက်ကွဲရင် ပက်ဖို့တဲ့ အိမ်တွေမှာ ရေပုံးလေးတွေနဲ့ အဆင်သင့်။ ကျွန်တော်လည်း ငိုအားထက် ရယ်အားသန်ဆိုသလို ဖြစ်ခဲ့တာပါပဲ။ တကယ်တော့ Y2K ဆိုတာ Y ဆိုတာ Year ၊ K ဆိုတာ Kilo လေ။ တစ်ထောင်ကို ပြောတာ .. ၊ ဒီတော့ 2K ဆိုတော့ ၂၀၀၀ ပေါ့ဗျာ။ ဒီတော့ Y2K ဆိုတော့ Years 2000 လို့ ပြောတာပါ။ သက္ကရာဇ် ၂၀၀၀ ပေါ့လေ။ ဒီမှာ ကွန်ပျူတာတွေမှာ 1999 အထိပဲ ရှိတော့ 2000 ပြည့်သွားရင် သုညက စပြီးပြန်ရေတော့ အသက် ၁၀၅ နှစ်ရှိနေတဲ့ အဘွားကြီးကို ဒီအချိန်မှာ ကွန်ပျူတာက ၅ နှစ်လို့ပဲ တွက်ပေးတယ်လေ။ ဒါတွေပါ.။ ထားပါတော့လေ.Y2K က ကျန်ခဲ့ပါပြီ။

အခုတော့ ပြန်ပြန်ချေပြီတကား..။ ဘာတဲ့. . “ ၂၀၁၂ ” မှာ ကမ္ဘာပျက်မယ် ဆိုပဲ။

ကျွန်တော် ပြောခဲ့သလိုပဲ အပြင်မှာ 9/11 ဆိုပြီး ကျော်ကြားတဲ့ WTC ကို အကြမ်းဖက်တိုက်ခိုက်ခံရပြီးတော့ World Trade Center ဆိုပြီး နီကိုးလပ် ဂိတ် မင်းသား ရိုက်တဲ့ ကားထွက်လာတာပါ။ ဒါဟာ အပြင်မှာ တကယ်ဖြစ်တာကို အခြေခံထားပြီး ဖြစ်လာတဲ့ ရုပ်ရှင်ပါ။

ဒီလိုပါပဲ။ အပြင်မှာ တကယ်မဖြစ်သေးပဲနဲ့ စိတ်ကူးယဉ်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းတွေက ပိုတောင်မှ များပါတယ်။ ဒီအထဲမှာလည်း အခု 2012 ဆိုတဲ့ ဇာတ်ကားက အပါအဝင်ပါပဲ။ ဒီဇာတ်ကားရဲ့ ဆွဲဆောင်မှုက ကောင်းတော့ ဒါကို ကြည့်ရတဲ့ သူတွေက သူတို့လည်း စိတ်ကူးယဉ်ပြီး လျှောက်လုပ် ၊ လျှောက်ရေးရင်းကနေ ပိုပြီးတော့ လူတွေ သိပြီး တကယ်ဖြစ်မှာလား ဆိုပြီး စိတ်ပူသွားကြရတာပါ။

ကျွန်တော်လည်း ဟိုနေ့က လူတွေပြောလွန်းလို့ ၊ နောက်ပြီး လာလာမေးလွန်းလို့ အင်္ဂလိပ် ရုပ်ရှင်တွေ အလကားကြည့်ဖို့နေရာ ကနေ သွားပြီး ကျွန်တော် ကြည့်လိုက်တော့ တော်တော်ကို ကောင်းပါတယ်။ ကောင်းလွန်းလို့လည်း ဒီကားရဲ့ ဇာတ်လမ်းစွဲဆောင်မှု နောက်ကို လူတွေ လိုက်သွားမိကြတာပါ။



ဒီဇာတ်လမ်းကို ကြည့်ပြီးတော့ ကျွန်တော် ၂၀၁၂ အတွက် ကြောက်နေသူတွေကို တစ်ခု အားပေးချင်တယ်။ ဘာမှ ကြောက်မနေပါနဲ့ဗျာ။ တကယ်လို့ ဒီဇာတ်ကားထဲက အတိုင်း အပြင်မှာ တကယ်ဖြစ်လာရင် ဘာမှ မပူနဲ့။ သေမှာ ကျိန်းသေပါတယ်။

ဟီး. . အားပေးတာကြီးကလဲ လို့ မပြောနဲ့ဗျ။ ဒီကားကို သေချာကြည့်ပြီးတော့ သိလိုက်ရတယ်လေ။ တကယ်လို့ အမှန်တကယ်သာ ဒီလို ဖြစ်မယ် ဆိုရင် ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ ပုံ က သေကြရလိမ့်မယ်လို့ ပြောထားတော့ တကယ်သာ သေကြရမယ် ဆိုရင် ဒီဇာတ်ကားထဲက အတိုင်း သင်္ဘောအကြီးကြီးတွေနဲ ထွက်ပြေးတာတောင်မှ သူတို့လိုနိုင်ငံက လူတွေ ၃ ပုံမှာ ၁ ပုံပဲ ရှင်တယ် ဆိုမှာတော့. . ။ ဒီလို သင်္ဘောကြီးတွေ မရှိတဲ့ ကျွန်တော်တို့ နိုင်ငံဆိုရင်တော့ ကုန်ပါပြီ. . ကုန်ပါပြီ လို့ပဲ အော်နေရမှာပဲလေ။

နာဂစ် နဲ့တောင်မှ ဘယ်လောက် ရေမျှောသွားလဲ ကြည့်လေ။ အခု ဖြစ်မယ် ဆိုရင်တော့ ဘာများ စိတ်ပူနေစရာ ရှိသေးလဲဗျာ။ ဘဝပြောင်းမှာ သေချာနေပြီပဲ ဘုရား ၊ တရားပဲ အာရုံပြုနေရတော့မှာပေါ့။ ဘာလို့များ သွားပူနေကြလဲဗျာ။ ပူမနေကြပါနဲ့ တကယ်ဆို ၂၀၁၂ ဆိုတာ ကြိုပြီး ဘာမှ မသိနိုင်သလို ၊ သက္ကရာဇ် ၂၀၁၀ ဆိုတာကိုတောင်မှ ကြိုမသိနိုင်ပါဘူး။ အိုဗျာ. . သေချာ စဉ်းစားကြည့်ရင် မနက်ဖြန်ဆိုတာကိုတောင်မှ သေချာ ကျွန်တော်တို့ သိကြရလို့လား။

ဒါကြောင့် ဘာမှ ၂၀၁၂ ကို ကြိုတင်ပူမနေပါနဲ့ဗျာ။ အခု အချိန် ၊ ဒီအချိန်ကပဲ အကောင်းဆုံးပါ။ ဒါကိုပဲ ကျွန်တော်တို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြတာပေါ့။ အခုတော့ လူတွေ စိတ်အရမ်းပူပန်နေရလို့ NASA က ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတာ မဟုတ်ပါဘူး ဆိုပြီးတော့တောင်မှ ထုတ်ပြန်ကြေငြာခဲ့ရပါတယ်။ ဒါကြောင့် ဘာမှ စိတ်မပူနေကြပါနဲ့။ အားလုံး အဆင်ပြေသွားမှာပါ။

“ သေတယ် ဆိုတာ အသက်မရှူတော့တာပါပဲ။ အခု အသက်ရှူနေတုန်းမှာပဲ ဘယ်လို အကောင်းဆုံးနေထိုင်မလဲ ဆိုတာကိုပဲ စဉ်းစားကြရအောင်. . ။
ဒါကပဲ ပိုပြီး သင့်တော်တယ်လို့ပဲ ခံယူမိပါတယ်။


ကိုဇော် ခံစားတင်ပြသည်။




Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: