မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 December 2009

1 နှလုံးသားနဲ့ မြင်ကြည့်ပါ

.

သူရဲ့ အချိန်တွေကို ငြီးငွေ့ဖို့ကောင်းစွာ ဖြတ်သန်းရင်း သူ ဆေးရုံပေါ်မှာ အချိန်ကုန်နေခဲ့တာ ၁၀ လ ကျော်ခဲ့ပြီ။ သူ့မှာ သူ့ အသက်အရွယ်နဲ့ဆိုတော့လည်း ဘာမှ ထူးထူးခြားခြားလုပ်စရာ မရှိတော့ပါ။ အရင်လို သူလည်း သန်သန်မာမာ သူ့အသက်အရွယ်က လုပ်ဖို့ ခွင့်မပြုတော့ ။

အခုလို သူလေဖြတ်ပြီး တစ်ကိုယ်လုံးအလှုပ်နိုင်ပဲ အိပ်ယာထဲမှာသာ အိပ်နေရတာလည်း ကြာခဲ့ပြီ။ သားတွေ ၊ သမီးတွေကလည်း သူ့ကို လိုလေသေးမရှိအောင် ထားပေမဲ့ အဖော်မပါပဲ မလှုပ်နိုင် ၊ မရွေ့မပြောင်းနိုင်သော သူ့အတွက် သားသမီးတွေ ဖြည့်ဆည်းပေးတဲ့ စားစရာ ၊ အသုံးအဆောင်တွေက အဓိပ္ပါယ် မရှိသလို ဖြစ်နေခဲ့တယ်။

တစ်ခါတစ်လေ သူ့ဆီကို သားသမီးတွေ စုံစုံလင်လင်နဲ့ မြေးတွေပါ လာပြီး သူ့ကို တွတ်တီးတွတ်တာ ပြောရင်း အပြင်လောကအကြောင်းကို ကြားရရင် သူ စိတ်ပျော်တယ်။ သူ့တို့ပြန်သွားပြန်ရင် သူ့ဘဝဟာ ပြန်ပြီး အထီးကျန်ဆန်ပြန်လေရော။ သူ့ဇနီးကလည်း အခုလို သူလေမဖြတ်ခင် တစ်နှစ်ကျော်က တမလွန်သို့ သူ့အရင် သွားနှင့်ပြီ။

အခု ဒီတစ်ခါ လေဖြတ်တာ ကနေ သူထပ်ပြီး အအေးဓါတ်မမျှလို့ အောက်ပိုင်း လုံးဝ မလှုပ်နိုင်သလို ဖြစ်တော့ ဆေးရုံကို သူထပ်ရောက်လာတော့ အနီးကပ်ပြုစုဖို့ အထွေထွေပြည့်စုံတဲ့ ဆေးရုံမှာ အထူးကြီးကြပ်ရေး အခန်းမှာ ထားဖို့ သားသမီးတွေကို ဆုံးဖြတ်ကြတယ်။ ဒါနဲ့ပဲ သူ ဒီဆေးရုံကို ရောက်ခဲ့တာ ၁၀ လရှိခဲ့ပြီ။ အခန်းထဲမှာ သူတစ်ယောက်တည်း ၊ အရှေ့မှာတော့ တီဗီ ရှိပါရဲ့။ သူ့လက်ဘေးနားမှာလည်း ဝါယာကြိုးနဲ့ တွဲထားတဲ့ လက်မနဲ့ နှိပ်ဖို့ ခလုတ်လေးတစ်ခု ရှိနေတယ်။

သူဘာလိုချင်လဲ။ ဘာလုပ်ချင်လဲ။ ဒီခလုပ်လေးကို နှိပ်လိုက်ရင် နပ်စ် က ချက်ချင်း ရောက်လာတယ်။ သူနေမကောင်းလို့ နှိပ်လိုက်လည်း ချက်ချင်း ရောက်လာတယ်။ အခုခုစားချင်တယ် ၊ အလေး အပေါ့ သွားချင်တယ် ဆိုလည်း နှိပ်လိုက် ချက်ချင်းရောက်လာပြီး သူ့ကို ပြုစုပြီး လုပ်ချင်တာတွေကို ဖြည့်ဆည်းပေးတယ်။ ဒါကတော့ လွဲပြီးတော့ သူ့အခန်းမှာ သူတစ်ယောက်တည်းသာ...။

တစ်နေ့တော့ သူ့အခန်းထဲကို တွန်းကုတင်နဲ့ လူနာ နောက်တစ်ယောက်ထပ် ဝင်လာတယ်။ လူနာက သူလိုတောင်မှ မလှုပ်ရှားနိုင် ။ ယာဉ်တိုက်မှု ဖြစ်ပြီး ကျောရိုးမှာ ရှိတဲ့ နပ်ကြောကြီးကို ထိပြီး တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တော့သော လူတစ်ယောက်ဖြစ်တယ် လို့ပဲ သူသိလိုက်ရတယ်။ သို့သော် ဒီလူက ဘယ်တော့မှ ညှိုးနွမ်းနေတယ်လို့ မရှိ ။ သူလုပ်နိုင်တာ တွေးနိုင်တာတွေကို သူ့ဆီကို လာသော ဧည့်သည်တွေနဲ့ လှုပ်နိုင်သော “ ပါးစပ် ” ကို အားပြုပြီး အစွမ်းကုန်သူပြောနေတယ်။

သူကလည်း ဘယ်တော့မှ ညှိုးနွမ်းမနေသလို ၊သူ့ဆီ လာလည်နေသူတွေကိုလည်း ဟာသတွေ ပြောလိုက် ၊ ဗဟုသုတတွေ ပြောလိုက်နဲ့ သူ့ဘဝကို သူ ကျင်လည်နေတယ်။ လူကလည်း လူပျော်ဖြစ်ပုံရတယ်။ သူကတော့ ဒီလူ့ထက်ပြီးပြီး လှုပ်ရှားနိုင်ပေမဲ့ ဒီလူ့လောက်တော့ ဘဝမှာ မပျော်နိုင်ခဲ့။

ဒီလိုနဲ့ သူနဲ့ ဒီလူ ခင်မင်လာတော့ သူကလည်း သူ့အကြောင်းကို ဒီလူ့ကို ပြောပြဖြစ်တယ်။ ဒီလူကလည်း သူ့ကြောင်း သူပြောပြတယ်။ ဒါနဲ့ တစ်ခန်းလုံးမှာမှ သူတို့ နှစ်ယောက်တည်း ရှိတာ ဆိုတော့ စကားပြောစရာ နှစ်ယောက်ပဲ ရှိတယ်။ အခန်းကလည်း နှစ်ယောက်ခန်းပါပဲ။ သူက ကုတင်ပေါ်က မဆင်းဖြစ်ခဲ့ ။ ဆင်းဖို့လည်း သူမကြိုးစား ။ နပ်စ် ပြုစုသမျှကိုသာ ကျင့်သားရစွာ သူလက်ခံ နေထိုင်ခဲ့တယ်။

သူ့နဲ့ အတူတူ နေဖို့ ရောက်လာတဲ့ ဒီလူ့ကုတင်ရှေ့မှာတော့ ပြူတင်းပေါက် တစ်ခု ရှိတယ်။ သူ တစ်ခါမှ ဒီပြူတင်းပေါက်ကနေ အပြင်ကို ကြည့်ဖို့ မစဉ်းစားခဲ့ ၊ စိတ်ကူးပင် မရခဲ့။ အခုတော့ ဒီလူက သူ့ကုတင် ဟိုဘက်လေးထောင်က ကုတင် ၊ ပြူတင်းပေါက်ရှေ့က ကုတင်မှာ နေရာရတယ်။ ဒါလည်း သူ့အတွက် ဘာမှ ထူးထူးခြားခြားမရှိပါ။ သူထို ပြူတင်းပေါက်ကို စိတ်ဝင်စားတာ မဟုတ်။

ဒါနဲ့ ဒီလူရောက်ပြီး သုံးရက်နေတော့ ဒီလူက ပြောတယ်။ သူ ဒီပြူတင်းပေါက်ကနေ လူတွေကို မြင်နေရကြောင်း ၊ အပြင်မှာ ပန်းခြံလေး တစ်ခုရှိနေကြောင်း ၊ ပန်းခြံထဲမှာ ကလေးတွေ ဆော့နေကြကြောင်း၊ ကောင်လေးတွေက ဘောလုံးကန်နေကြပြီး ၊ ကလေးမလေးတွေက တစ်ယောက်နဲ့ တစ်ယောက် ပြေးလွှားဆော့နေကြောင်း ၊ ချစ်စ ခင်စ လို့ ထင်ရတဲ့ ကောင်လေး ကောင်မလေးတွေ ကလည်း ပန်းခြံထဲမှာ လျှောက်သွားနေကြကြောင်း ဒီလို ဒီလူပြောတာ သူကြားရတယ်။

အထီးကျန်လှတဲ့ သူ့အဖို့ ဒီလူ့ဆီက တဆင့် အပြင်လောကမှာ အခု ဖြစ်ပျက်နေတာကို ဒီလူက တစ်ဆင့်ပြန်ပြောပြသောကြောင့် သူလည်း အပြင်ကို လက်တွေ့ မြင်နေရသလို ခံစားရလာတယ်။

“ ဟာ..ဟာ အလစ်သမား ၊ ပိုက်ဆံအိတ် လုပြေးပြီ။ ”

ဆိုပြီး လုံးဝ မလှုပ်နိုင်တဲ့ သူက ခုချက်ချင်းပဲ ထလိုက်ဖမ်းမလို ဒီလူပြောတတ်တယ်။ တစ်ခါတစ်လေကြတော့လည်း. . .

“ ဟားဟားဟား. . အကျီင်္ အနီနဲ့ လူကြီး ချော်လဲတာဗျာ. ။ ပန်းခြံအလယ်က ရေကန်ထဲ ကျသွားတယ်။ လူတွေ ဝိုင်းဆယ်နေရတယ်။ ”

ဒီလို ပြောတတ်တယ်။ ဒီလို ရယ်စရာ ၊ ပျော်စရာလေးတွေ ကြားရတော့ သူကလည်း သူကိုယ်တိုင် မြင်ရသလို ဖြစ်ကာ ရယ်မိ ၊ ပြုံးမိတတ်တယ်။ သူလည်း အရင်လို ပျင်းခြောက်ခြောက်နဲ့ ဘဝကို အထီးကျန်ဖြတ်သန်နေရလို မဖြစ်တော့ဘူး.။ သူ မြင်လို့ ပြန်ပြောသမျှကို ကိုယ်ကလည်း တကယ်မြင်နေရသလို ကြားရပြီး ကိုယ်လည်း စိတ်လှုပ်ရှားရတယ်။

ဒါပေမဲ့ နှစ်လလောက်ကြာလာတော့ သူ့စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ်။ ဘာလို့ လုံးဝတောင်မှ မလှုပ်နိုင်တဲ့ ဒီလူက ပြူတင်းပေါက်နားကို သွားနေရာကပြီး အပြင်က အဖြစ်အပျက်တွေကို မြင်နေရ ကြားနေရတာလဲ။ နည်းနည်းတော့ လှုပ်နိုင်နေတဲ့ သူက ဘာလို့ ဒီပြူတင်းပေါက်နားကို နေရာ မရတာလဲ ။ သူကရော ဘာလို့ ဒီလို ပြူတင်းပေါက်က တဆင့် အပြင်က အဖြစ်အပျက်တွေကို ဘာလို့ တိုက်ရိုက် မကြည့်ရတာလဲ ..၊ သူ ဒီလိုတွေ တွေးမိပြီး ဒီလူကိုတောင်မှ မနာလိုသလို ဖြစ်လာတယ်။

ဒါနဲ့ နောက်နေ့တွေ ဒီလူက ပန်းခြံထဲမှာ ဘာတွေ ဘယ်လို ဖြစ်နေတယ် လို့ ပြောရင် သူက စိတ်မဝင်စားသလိုနဲ့ တစ်ဖက်ကို စောင်းပြီး အိပ်ချင်ယောင်ဆောင် နေလိုက်တယ်။ ဒါပေမဲ့ ဒီလူကတော့ သူဘယ်လိုပဲ နေနေ ပြောမြဲအတိုင်းပြောနေတာပါပဲ။ ဘယ်သူကတော့ ဘယ်လို ဖြစ်သွားတယ်။ ပန်းခြံထဲ ရုပ်ရှင်လာရိုက်ကြတယ်. .စသဖြင့်ပေါ့။ သူကတော့ ပြူတင်းပေါက်က တဆင့် အပြင်လောကကို မမြင်ရတော့ ပိုပြီး သူ့ကို မနာလို ဖြစ်မိတယ်။

တစ်နေ့. . .

ညဘက် သူ အိပ်နေတုန်း ဟိုဘက်ကုတင်က အသံတွေ ကျယ်လောင်စွာ ကြားရတယ်။ ဒီလူ အသက်ရှူကြပ်ပြီး အသက်ကို ပြင်းစွာ ရှူနေရသံကို သူ ကြားရတယ်။ သူလှည့်ကြည့်လိုက်တော့ ဘာဖြစ်မှန်း မသိပေမဲ့ ဒီလူ အသက်ကို မနည်းရှူနေရတယ်။ ဒီလူ အရေးပေါ်အကူအညီ ခေါ်ဖို့ လုပ်ပေးထားတဲ့ ခလုတ်လေးက သူအိပ်ရင်း တိုက်မိလို့ ကုတင်ပေါ်ကနေ ကုတင်ဘေးကို တွဲလောင်းလေးကျနေတယ်။ မလှုပ်နိုင်တဲ့ ဒီလူ ခလုတ်လေးကို နှိပ်ပြီး နပ်စ်ကို ခေါ်ဖို့ ဘယ်လိုမှ ခလုပ်ကို သူ့လှုပ်လို့ရတဲ့ နည်းနည်းလေးနဲ့ လျှောက်စမ်းပြီး ရှာတယ်။

ခလုတ်က ကုတင်ဘေးကို တွဲလောင်းကျနေတော့ ဒီလူ အသက်ကို ပင်ပန်းစွာ ရှူရင်း ခလုတ်လေးကို စမ်းနေတယ်။ အောက်ဘေးကို တွဲလောင်းကျနေတာ ဒီလူ မသိ။ သူ သူ့ကုတင်းပေါ်က သူ့လက်နားမှာ ရှိနေတဲ့ ခလုတ်လေးကို စမ်းလိုက်တော့ သူ့လက်မှာ အလွယ်တကူ စမ်းလို့ တွေ့တယ်။ သူ ခလုတ်ကို နှိပ်လိုက်ရင်လည်း တာဝန်ကျ ဆရာမက အပြေးအလွှားရောက်လာမှာပါပဲ။ ဘယ်သူပဲ နှိပ်နှိပ်ပေါ့။ သူ ခလုတ်လေးကို နှိပ်ပြီး ဒီလူ့အစား နပ်စ် ကို ခေါ်မယ် စဉ်းစားနေတုန်း သူ့အသိဥာဏ်ထဲကို အတွေးတစ်ခုက ဝင်လာတယ်။

နှစ်ယောက်တည်း နေလို့ရတဲ့ ဒီအခန်းမှာ ဒီလူ ရှိနေလို့ ငါ ပြူတင်းပေါက်နားက ကုတင်မှာ နေခွင့်မရတာ ဒီလူသာ မရှိရင် ပြူတင်းပေါက်နားက ကုတင်ကို ပြောင်းပြီး အပြင် ပန်းခြံထဲကို ကြည့်ခွင့်ရမှာပဲ။ မခေါ်တော့ဘူး ဆိုပြီး သူ တစ်ဖက်လှည့်ပြီး အိပ်ပျော်အောင် အိပ်နေလိုက်တယ်။ တစ်ဖက် ကုတင်မှာတော့ ဒီလူ အသက်ကို ခက်ခက်ခဲခဲ ပြင်းပြင်း ရှူသံတွေကို ကြားနေရတယ်။ နောက်တော့ သူလည်း တကယ်ကို အိပ်ပျော်သွားခဲ့တယ်။

မနက်မိုးလင်းတော့ ဆရာဝန်တွေ ၊ နပ်စ်တွေ ရောက်လာပြီး ဒီလူကို စစ်းဆေးပြီး သေဆုံးသွားပြီ ဆိုကာ အဝတ်နဲ့ အုပ်ပြီး တွန်းလှည်း ကုတင်ပေါ်ပြောင်းတင်ပြီး ဒီလူ့အလောင်းကို သယ်သွားကြတယ်။ ဒီအချိန်အထိ သူဘာမှ မပြောသေးပါ။ ဒါနဲ့ နောက်ထပ် ၂ ရက်လောက်နေမှ နပ်စ်တွေနဲ့ တာဝန်ရှိသူတွေကို သူက သူ့ကို ပြူတင်းပေါက် ရှေ့မှာ ရှိနေတဲ့ ကုတင်ကို ပြောင်းပေးဖို့ သူတောင်းဆိုတယ်။ တာဝန်ရှိသူတွေကလည်း ဘာမှ မခက်ခဲတော့ သူ့ကို လွယ်လွယ်ကူကူပဲ ပြောင်းပေးလိုက်ကြတယ်။

သူလည်း ပျော်ရွှင်စွာ ပြောင်းလာခဲ့ပြီး နပ်စ်တွေ ၊ တာဝန်ရှိသူတွေ အားလုံး လုပ်စရာ ရှိတာတွေ လုပ်ပြီး သူတစ်ယောက်တည်း ကျန်တော့မှ သူလဲနေရာက နေ အားတင်းကြိုးစားထပြီး ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တယ်။ ဒီမှာ သူ အံ့သြစွာနဲ့ မှားယွင်းစွာ တွေ့လိုက်ရတယ်။

“ ပြူတင်းပေါက်ရဲ့ အပြင်ဆိုတာမှာ သူမြင်နေရတာက အုတ်နံရံမျှသာ. .။ ”

သူ့အတွက် ပျော်ရွှင်မှုတွေကို ဒီလူက နှလုံးသားနဲ့ မြင်အောင် ပြသွားခဲ့ခြင်းသာ . ။



source ; chicken soup for the soul
ကိုဇော် ခံစားတင်ပြသည်။


.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

သနားပါတယ်။ စိတ်မကောင်းစရာပါပဲရှင်။
...