မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 December 2009

0 တည်ငြိမ်သူ

တစ်နေ့က

လေးစားဖွယ်ရာ ရေတပ်ဗိုလ်မှူးကြီးတစ်ယောက် အကြောင်းဖတ်ရသည်.။ ထို ဗိုလ်မှူးကြီးကို သူ၏တပည့်များက အလွန်လေးစားကြလေသည်.။

“ ကျွန်တော်တို့ ဗိုလ်မှူးကြီးက သံမဏိနဲ့ လုပ်ထားတာဗျ ။ ဘာပဲ ဖြစ်ဖြစ် မတုန်လှုပ်ဘူး.။ အမြဲတည်ငြိမ်နေတာပဲ.။ ”
ဟု ဒီလို အမြဲပြောတတ်ကြတယ်။ ထိုဗိုလ်ကြီး ပြောလည်း ပြောချင်စရာပါပဲ.။ ထိုဗိုလ်ကြီးရဲ့ တည်ငြိမ်မှု ကို အစမ်းသပ်ခံသော ဖြစ်ရပ်များစွာလည်း ရှိနေပါတယ်.။
တစ်နေ့ ထိုဗိုလ်ကြီး ကြီးကြပ်ကွပ်ကဲရသော လေယာဉ်တင်သင်္ဘောဟာ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာစဉ် ရေနံတင် သင်္ဘောတစ်စီး ရှေ့မှ ရုတ်တရက် ဖြတ်ဝင်လာလေသည်.။ ထို့ကြောင့် ထိုရေနံတင် သင်္ဘောကြီးကို မတိုက်မိစေရန် သူကြီးကြပ်ကွပ်ကဲနေစဉ် သူ့လေယာဉ်တင် သင်္ဘော ထိန်းချုပ်ရေးအခန်းထဲသို့ သူ့ရေတပ်သားတစ်ယောက် အပြေးအလွှားရောက်ရှိလာသည်.။

“ ဗိုလ်မှူး.. . ၊ ဗိုလ်မှူး လေယာဉ်အပေါ်ထပ်မှာ မီးလောင်နေတယ်.။ ”

ဟု ခြေမကိုင်မိ ၊ လက်မကိုင်မိ အော်လေသည်.။ ထိုအခါ ဗိုလ်မှူးကြီးက ဘာမှ ပြန်မပြောပဲ ။ ရှေ့မှ ရေနံတင်သင်္ဘောနှင့် မတိုက်မိရေးကိုသာ အာရုံစိုက်ပြီး ကြည့်နေလေသည်.။ ထိုအခါ လာပြောသော ရဲဘော်လေးက ခြေမကိုင်မိ ၊ လက်မကိုင်မိ ဖြစ်ကာ ထပ်ပြောတယ်.။
မီးလောင်မှု ဆိုတာ လေယာဉ်တင်သင်္ဘောများ၏ အန္တရာယ် ဖြစ်စေနိုင်မှုတွေမှာ အရေးအကြီးဆုံးထဲတွင်ပါသည်.။

“ ဗိုလ်မှူး. . သင်္ဘောအပေါ်ထပ်မှာ မီးလောင်နေတယ်.။ ”

ထိုအခါမှ ဗိုလ်မှူးကြီးက သူ့ရဲ့ ရဲဘော်လေးဘက်သို့ သေချာလှည့်လိုက်ပြီး

“ မင်း . . ပထမ အကြိမ်ပြောကတည်းက ငါ ကြားတယ်.။ အဲဒီမီးကို သွားငြိမ်းလိုက်. .။ ”

ဒီလိုပဲ ပြန်ပြောခဲ့တယ်.။ ရေနံတင် သင်္ဘောကို လွှတ်အောင် ရှောင်နိုင်ခဲ့ပြီး လေယာဉ်တင် သင်္ဘောအပေါ်ထပ် မီးလောင်တာကိုပါ ငြိမ်းအပြီးမှာတော့ သူ့ကို မေးမြန်းသူတွေက မေးမြန်းတော့ သူက

“ ဟုတ်ပါတယ်.။ ဒီလို တကယ် ဖြစ်ခဲ့တာပါ.။ တကယ်တော့ ဒီအချိန်မှာ သင်္ဘောမီးလောင်နေတာထက် ရှေ့က ရေနံတင် သင်္ဘောကို မတိုက်မိစေဖို့က ပိုပြီး အရေးကြီးနေတယ်လေ.။ ဒါကြောင့် အရေးကြီးတဲ့ အချိန်မှာ အရေးကြီးတာကို ဦးစားပေးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တည်တည်ငြိမ်ငြိမ် ထားထားတော့ ဆုံးဖြတ်ချက်လည်း မှန်ခဲ့တာပါ.။ နောက်ထပ် အရေးကြီးတာက ကျွန်တော့် အတွေ့အကြုံအရ တည်ငြိမ်မှု ဆိုတာ ကူးစက်တတ်တယ်။ ကိုယ်က တည်ငြိမ်နေတော့ ကိုယ့်နောက်က လူတွေလည်း တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက် မှန်လာခဲ့ပါတယ်.။ ”

ဒီဗိုလ်မှူးကြီးက ဒီလို ပြောခဲ့ပါတယ် ။ တည်ငြိမ်မှုဟာ ဆုံးဖြတ်ချက်တွေကို မှန်ကန်စေတဲ့ အကြောင်းအရာ တစ်ခု ဆိုတာ သက်သေပြမှု တစ်ခုပါပဲ.။



လက်ရှိ အချိန်မှာ ကျွန်တော့်ကို အခက်အခဲတွေကြားကနေ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းစေဖို့ အားပေးတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်စွာဖြင့် ဒီစာကို ရေးပါတယ်.။ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါတယ်.။
ကျွန်တော် မြန်မာနိုင်ငံမှာ “ တည်ငြိမ်မှု ” ကို ဦးတည်ပြီး ရေးတဲ့ စာအုပ်လေး တစ်အုပ်ကို ဖတ်ဖူးပါတယ်.။ စာအုပ်နာမည်က “ ယန္တရားအရေခွံနဲ့ လူ ” ဖြစ်ပြီး ရေးသူကတော့ လေးစားရသော “ ဆရာ တာရာမင်းဝေ ” ပါ.။
ဒီစာအုပ်လေးကို မဖတ်ဖူးသေးသော ခင်မင်ရပါသော သူငယ်ချင်းများကိုလည်း ကျေးဇူးတင်သော အားဖြင့် ဖတ်စေချင်လို့ ကျွန်တော် ဒီပို့စ်လေးနဲ့ အတူတူ တင်ပေးလိုက်ပါတယ်.။ ကျွန်တော် တိုက်ရိုက်လင့်နဲ့ တင်ထားတာ ဖြစ်လို့ ဖတ်ချင်သော သူငယ်ချင်းများ ဒီနေရာ ကို နှိပ်ပြီး ခဏစောင့်ပေးပါ ဒါဆိုရင် ဒေါင်းစရာ မလိုပါဘူး.။ တိုက်ရိုက်ဖတ်လို့ရပါတယ်.။
တကယ်လို့ စာအုပ်လေးကို လိုချင်တယ်ဆိုရင်တော့ ထိုနေရာမှ Save ကို နှိပ်ပြီး ကိုယ်သိမ်းချင်တဲ့ နေရာ သိမ်းထားလိုက်ပေါ့ဗျာ.။ အဆင်ပြေကြပါစေ..။
ကျွန်တော့်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် အားပေးသော သူငယ်ချင်းများကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်.။




ကိုဇော် ခံစားတင်ပြသည်.။



Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: