မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 December 2009

1 ပဟေဠိလေးတွေ..ဖြေကြည့်ကြမယ်..နံပါတ်(၂).....နှင့် အဖြေမှန်များ


နံပါတ် ၁ ကို တချို့က မဖြေလိုက်ကြရလို့တဲ့...၊ တချို့က သိတဲ့ အချိန် နောက်ကျလို့ စဉ်းစားချိန်မရဘူးတဲ့..။ ဒါနဲ့ နောက်ထပ်မေးခွန်းလေးတွေ မေးပါဦးဆိုတာနဲ့ ...ကျွန်တော် ထပ်ပြီး မေးခွန်းလေးတွေ စဉ်းစားပြီး မေးလိုက်ပါတယ်..။

လွယ်ပါတယ် သူငယ်ချင်းတို့ရေ...အတင်းကြီး မစဉ်းစားကြပါနဲ့..... ပေါ့ပေါ့ပါးပါး စဉ်းစားကြည့်ပါ..။ ပထမ အကြိမ် မေးခွန်းတွေမှာ တချို့ သူငယ်ချင်းတွေ တော်တော်ကို တော်ကြပါတယ်..။ ပုံနဲ့ ဖြေရတာ ခက်တယ်ဆိုလို့ ကျွန်တော် ထည့်မမေးတော့ပါဘူး...။

ကဲ...စကြရအောင်....

၁။ လေးဖြူက ဂျစ်ကန်ကန်နဲ့ဗျ..။
ဒါပေမဲ့ ..သူကနိုင်ငံတော် အကျိုးပြု သီချင်းတစ်ပုဒ်တော့ ဆိုထားတယ်ဗျာ..။
ခွေမှာ လုံးဝ မပါဖူးဘူး..။ ဘာသီချင်းပါလိမ့်....?

၂။ သီချင်း ၂ ပုဒ်ထဲနဲ့ ခွေ တစ်ခွေ ထုတ်ရောင်းစားတဲ့ အဆိုတော် (ကျွန်တော် သိသလောက်)
( ၃ ) ယောက်ရှိတယ်ဗျာ..။ ဘယ်သူတွေပါလိမ့်...?

၃။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အဆိုတော် ဇော်ဝင်းရှိန် ရဲ့ သီချင်းမှာ ဟာမိုနီ လိုက်တဲ့ မိန်းကလေး ၃
ယောက် ခုတော့ နာမည်ကြီး အဆိုတော် ဖြစ်နေတယ်တဲ့....။ ဘယ်သူတွေပါလိမ့် ?

၎။ ဆိုကြမယ် ၊ ပျော်ကြမယ် မှာ တစ်ယောက်ထဲက ကျား ၊ မ သံ ဆိုပြီး ပထမဦးဆုံး ဆု ရဖူးတဲ့
သီချင်းက ဘာပါလိမ့်?

၅။ ဟာ...တိုးပြန်ပြီ လို့ မပြောပါနဲ့ဗျ...။
နတ် ၂ နတ် ထပ်တိုးတယ်ပြန်တယ်...။ ဒါပေမဲ့ ဒီနတ်တွေက ကြာပြီ...။
ပြီးတော့ လူတွေ ဒီ နတ် တွေကို အရမ်းကြောက်တယ်..တဲ့..။ ဘာနတ်တွေ ဖြစ်မလဲ..?

၆။ ငှက်တော့ ငှက်ပဲ...အရမ်းကိုမြန်တယ်တဲ့..။ တစ်နာရီကို မိုင် ၆၀ လောက်ကိုမြန်တယ်..။
ဒါပေမဲ့ သူက မပျံနိုင်ဘူးတဲ့..၊ ဘာငှက်ပါလိမ့်..?

၇။ ငါးကိုနာမည်ကြားတာနဲ့ ငါးမှန်းသိတယ်..တဲ့။
ဒါပေမဲ့...ဒီငါးနာမည်မှာ ငါး( ငါးတို့ ၊ ငတို့ ) မပါတဲ့ ငါးနာမည် ငါးမျိုးလောက် ပြောပါလား..။
(ဟာ....ငါးတွေ ရှုပ်နေတာပဲ..)

၈။ ဖြတ်လို့လဲ မရ ၊ တောက်လို့လဲ မရ ၊ ဖဲ့လို့လဲ မရဘူးတဲ့...ဒါပေမဲ့ ချိုးချင်ရင်တော့ ချိုးလို့ရတယ်တဲ့..။
ဘာပါလိမ့်...?

၉။ အဲဒီ အသီးက ခွဲလို့လဲ မရဘူး ၊ စားလို့လဲ မရဘူး ၊ ဖွင့်လို့တော့ ရတယ် တဲ့..။
ယောက်ျားလေးတိုင်း သုံးတတ်ကြတယ် တဲ့..၊ ဘာသီးပါလိမ့်....ဟာဟ ?

၁၀။ လူတိုင်းလိုလို မစားမသောက်ပဲ အမြဲတမ်းလိုလို သုံးတတ်ကြတဲ့ အသီးတစ်ခုရှိတယ်..
ဘာသီးပါလိမ့်...?

၁၁။ လူမှာ အစေ့တစ်စေ့ရှိတယ်.. အမွှေးတွေနဲ့ ဖုံးနေတယ်..တဲ့..။
ဟီဟိ...ဘာပါလိမ့်ဗျာ..?

၁၂။ လောကမှာ အလေးဆုံး " တောင် " က ဘာ" တောင် "များဖြစ်မလဲဗျာ...?

၁၃။ လက်ထပ်ပြီးသူတိုင်း အလက်စကာ ပြည်နယ်ကို ဟန်းနီးမွန်း ထွက်ချင်ကြတယ်..တဲ့..။
ဘာဖြစ်လို့လဲဗျာ...?

၁၄။ ကမ္ဘာက ၂၄ နာရီကို တစ်ပတ်ပတ် တယ်ဆိုရင်.....
တစ်နာရီကို မိုင် ဘယ်လောက်နှုန်းနဲ့ လည်နေတာပါလိမ့်...?

၁၅။ ကျီးကန်းတွေ အော်ပြီးပျံနေတယ်........ဆူညံနေတာပဲဗျာ...။
သူတို့က ၂ ကောင်ဆီ နားပြန်တော့ တိုင်က ၁ တိုင် ပိုနေတယ်..။
အဲ....၁ ကောင်ဆီ နားပြန်တော့ တိုင်က ၁ တိုင် လိုနေပြန်ရော..တဲ့..။
ကျီးကန်းက ဘယ်နှစ်ကောင်လဲ...တိုင်က ဘယ်နှစ်တိုင်လဲဗျာ...?

လွယ်ပါတယ်..သူငယ်ချင်း...ဖြေ
ကည့်ပါဦး.။




ကဲ...အဖြေစပြီဗျို့......။

၁။ လေးဖြူဆိုတဲ့ သီချင်းနာမည်က “ လမ်းပေါ်က ” တဲ့..။
ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အတွက် သီချင်းပါ...။
ကြာတော့ ကြာပြီပေါ့လေ..။ မြန်မာ့ရုပ်မြင်သံကြားက လွှင့်တာပါ...။

၂။ လေးဖြူ ၊ ဟယ်ရီလင်း ၊ စည်သူလွင်

၃။ မေဆွိ ၊ ကော်နီ ၊ ထွန်းအိန္ဒြာဗို

၎။ စတော်ဘယ်ရီ ချစ်သဲရှင်

၅။ သေနတ် ၊ ပတ်ထရိုနတ် (Petronas)
သေနတ် ကတော့ ပြောမနေနဲ့ကြောက်ပြီးသားလေ...
ပတ်ထရိုနတ် ကတော့ ရေနံ ကုမ္ပဏီလေ ..ဆီဈေးတတ်မှာ ကြောက်နေရတာ...

၆။ ငှက်ကုလားအုတ်...

၇။ လင်းပိုင် ၊ ကက်သပိုး ၊ ကက်သပေါင်း ၊ ကက်ကုရံ ၊ ကက်ကတစ်..

၈။ ရေ..လေ.။ water ပေါ့ဗျာ...
ဖြတ်လို့တောက်လို့မရပေမဲ့ ...ရေချိုးလို့တော့ ရတယ်လေ...။

၉။ လက်သီး..ပါဗျ...။
ဘာတွေတွေးနေပါလိမ့်...လက်သီးက ဖွင့်ကြည့်လို့တော့ ရတယ်လေ..။

၁၀။ ကြယ်သီး...လေ...။
စားလို့မှ မရတာ...သုံးပဲ သုံးလို့ရတယ်လေ...။

၁၁။ နောက်စေ့..ဗျို့..။(နောက်ပြောင်နေတဲ့ ..နောက်ပိုင်းမှာ အမွှေးမရှိတဲ့ လူက လွဲလို့ပေါ့...ဟီဟိ..။

၁၂။ သူသာလေးလာရင် ဘာမှ လုပ်လို့ကို မရတော့တာ...
အိပ်ပဲ အိပ် ချင်လာတယ်လေ...“ မျက်တောင် ” ဗျ..။

၁၃။ အလက်စကာ ပြည်မှာက ညနေ ၄ နာရီ ဆိုရင် နေ၀င်ပြီ...မနက် ၉ နာရီလောက်မှ နေထွက်တာ..တဲ့..။
နေ့တာ တိုပြီး ညတာ ရှည်တယ်လေ.....သူတို့ ဘာလုပ်ဖို့ သွားချင်တာ လဲတော့ ကျွန်တော် မသိဘူးဗျ...။
သူတို့ကတော့ နေ့တာ တိုပြီး ညတာ ရှည်လို့သွားတာ..တဲ့..။

၁၄။ ကမ္ဘာရဲ့ အချင်းလုံးပတ်က မိုင်ပေါင်း ၂၅၀၀၀ ရှိတယ်...။
တစ်ရက်ကို ၂၄ နာရီ ဆိုတော့ ...တစ်နာရီကို မိုင်ပေါင်း ၁၀၀၀ ကျော် နဲ့လည်နေတာပါ..။

၁၅။ ကျီးကန်းက ၄ ကောင် ၊ တိုင်က ၃ တိုင်..ပါ..။

ကိုဇော်


http://zaw357.multiply.com/journal/item/85 မှာ 25.1.2009 က ရေးမိတာပါ.။




Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

သံလွင်ဆည်းဆာ said...

အားပေးသွားပါတယ်။ ကိုဇော် အရမ်းလေးစားမိပါတယ်။
စာအရေးသားလည်းအရမ်းကောင်းတယ် စာဖတ်သူကို
လည်းဆွဲးဆောင်မူ ရှိတယ် ရိုးရိုးရှင်းရှင်းနဲ့  ကွင်းကွင်းကွက်ကွက်မြင်အောင် ပြေားပြနိုင်တဲ့ စာရေသူ
တယောက်ဖြစ်တဲ့အတွက် လေးစားမိပါတယ်.. အမြဲးတမ်းအားပေးနေပါတယ်...။

...........ကျေးဇူးတင်စွာဖြင့်..........