မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 December 2009

2 ဒီဘာဆန္ဒ

ကွန်ပျူတာ ရှေ့က ခွာဖို့ အလွန်ခက်တဲ့ ကျွန်တော့်ကို အကို အရင်းလို ဖြစ်နေသူက ဟိုတစ်နေ့ကတည်းက ဖုန်းဆက်ပါတယ်။ ပြီးတော့ မနေ့ကလည်း သတိပေးပါတယ်။ ဘာလို့လည်း ဆိုတော့ သူ့က ၁၂.၁၂.၂၀၀၉ စနေနေ့က သူသားလေးတစ်ယောက် မွေးပါတယ်... အဲလေ.. .မွေးတာကတော့ သူ့မိန်းမပေါ့လေ။ သူကလည်း ဖခင်ဆိုတော့ ဒီလိုပဲ ရေးရတယ် ထင်တယ်. . .အဟီး။

ဒါကြောင့် ကျွန်တော်လည်း ဒီမနက် အလုပ်က ပြန်တော့ သုတ
်သီးသုတ်ပြာ ရေချိုးပြီး PC ထဲက ဖိုတိုရှေ့ လုပ်ထားတာ တချို့နဲ့ တခြား စိတ်ကြိုက်ပုံလေးတွေကို နည်းနည်းထပ်ပြင်ပြီး Pan Drive ထဲထည့်ပြီး လက်တော့ကို လွယ်ကာ သူ့ဆီ ရောက်သွားပါတယ်။ ကျွန်တေ် ဘာသွားလုပ်တာလဲ ဆိုတော့ သူ့သားလေးကို ဓါတ်ပုံသွားရိုက်ပေးတာပါ။

သူ့ဆီကို ရောက်သွားတော့ ဖခင်တစ်ယောက်ရဲ့ မေတ္တာစိတ်ကို ပြည်ပြည့်ဖြိုးဖြိုး သတိရမိတယ်။ သူ ပြာနေတယ်။ သူ့ခန္ဓာကိုယ်ပြာတာ မဟုတ်ဘူးနော်..၊ ပြာယာခတ်နေတယ် လို့ ဆိုလိုတာ. ။ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းကို ကျွန်တော် ရင်ထဲရောက်အောင် ခံစားမိတယ်။ ပြီးတော့ ကျွန်တော် ဖေဖေ့ကို သတိရတယ်။ ကျွန်တော် ဖေဖေနဲ့ မတွေ့တာ အတော်ကြာခဲ့ပြီ။ ကျွန်တော်လည်း တော်တော် ဆိုးခဲ့တယ်။ ဖခင်ဆိုတာ သားသမီးတွေကို ရင်ဖွင့်မချစ်တတ်ဘူးတဲ့။ ဒါတောင်မှ ဒီလောက်မြင်သာတယ်ဗျာ။

ဖြစ်ချင်တော့ ဟိုရောက်မှ မင်း ကင်မရာ ပါ
လားတဲ့။ “ အင် ” . . ပါဘူး။ ကျွန်တော့်မှာ ကင်မရာ မရှိတော့ဘူး. .အဟီး။ ဂလိုပဲ ကျွန်တော်က. . ။ ဒီတော့ ဓါတ်ပုံရိုက်ဖို့လာ ဆိုတော့ သူ့ဆီမှာ ကင်မရာ ရှိနေတယ် ထင်တာ. . ဒါနဲ့ပဲ ဖုန်းနဲ့ ရိုက်ဖို့ လုပ်ရင်း နောက်ဆုံးတော့ သတိရပြီး ကျွန်တော့်လက်တော့နဲ့ပဲ ရိုက်လိုက်တယ်။ ပြီးတော့ ပြင်ဆင် သင့်တာတွေကို ပြင်ဆင်ပေး ၊ အလှအပလေးတွေ ထည့်ပေးပြီး ရန်ကုန်က သူ့ညီမဆီမေးလ်ထဲကို ပို့ပေးပြီး ညနေကျတော့ ပြန်လာခဲ့တယ်။

စနေသားဖြစ်ပြီး ဒီဇင်ဘာလမှာ မွေးတယ်။ အဖေနာမည်က “ ကိုဆန္ဒမောင်မောင် ” ၊ အမေနာမည်က “ မကေသီခိုင် ” သူတို့ရဲ့သားဆိုတော့ အဖေနာမည်လေးပါပြီး ဒီဇင်ဘာဖွား စနေသားမို့ “ ဒီဘာဆန္ဒ ” လို့ တွင်စေသော်ဝ်.။




ကင်မရာနဲ့ လှလှပပ ရိုက်ဖို့ကတော့ ၂၅.၁၂.၂၀၀၉ (ခရစ္စမတ်နေ့) မှပဲ လာရိုက်ပေးမယ်ဆိုပြီး ထပ်ချိန်းခဲ့ပါတယ်။ ဘာပဲ ပြောပြော အကိုအရင်းတစ်ယောက်လို ခင်မင်ရသူတစ်ယောက်ရဲ့ သားလေးအတွက် အမှတ်တရလေး တစ်ခုပါ။



ကိုဇော် ခံစားအားကျခဲ့သည်။
( အဟီး.. . ကျွန်တော်က ကလေး ချစ်တယ်လေ။ )





Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

အဲ့လိုကမ္ဘာကျော်တွေရဲ့အဆိုအမိန့်တွေကိုအရမ်းနှစ်သက်မိပါသည်။
သူတို့ပြောတဲ့အထဲကလိုက်နာကျင့်သုံးအောင်ကြိုးစားရင်တော့အတိုင်း
ထက်အလွန်ပဲပေါ့

Anonymous said...

အစ်ကိုသူငယ်ချင်းသားရဲ့မွေးနေ့နဲ့ညီမရဲ့သူငယ်ချင်းမွေ့နေ့ချင်းတိုက်ဆိုင်နေတယ်။ နှစ်တော့ကွာတာပေါ့။ ညီမလေးကလေးတွေကိုချစ်တတ်ပါတယ်။
ကလေးတွေကအပြစ်အကင်းစင်ဆုံးပဲလေ