မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 December 2009

1 လွမ်းတယ်

    • ငယ်ငယ်က သူများတွေ ပုဆိုးကွင်းသိုင်းပြီး ဘောင်းဘီတိုနဲ့ ဂွေလှိမ့်တော့ ပုဆိုးကွင်း မသိုင်းရဘူးဆိုလို့ စိတ်ကောက်ဖူးတဲ့ ငယ်ဘဝကို လွမ်းတယ်။

    • ဖေဖေဝယ်ပေးတဲ့ စက်ဘီးနဲ့ မျောက်ရှုံးအောင်ဆော့လွန်းလို့ ခဏခဏမှောက်ပြီး ဒူးပြဲ ၊ နဖူးကွဲ ဖြစ်ခဲ့တဲ့ ၁၅၃ လမ်းနဲ့ ၁၅၄ လမ်းတွေကို လွမ်းတယ်။

    • ဂျစ်တီး ဂျစ်ကန်ကျလို့ဆိုပြီး နားသယ်မွှေးခဏခဏ ဆွဲတတ်တဲ့ ဆရာမ ဒေါ်သန်းသန်းဝင်း ကိုလည်း လွမ်းတယ်။

    • ဒီနေ့ ကျွန်တော်သင်မှာကတော့လို့ ပြောတတ်တဲ့ ၇ တန်းက သချာင်္ဆရာကြီး ဦးသန်းဝင်း ကိုလည်း လွမ်းတယ်။

    • မိုးတွေရွာတော့ ပျိုမေတစ်သင်းလယ်ထဲ ဆင်းသလို ကျွန်တော်တို့ လူငယ်တစ်သိုက် ဂဏာန်းနှိုက်နေကြ ဒဂုံတက္ကသိုလ်နားက လယ်ကွင်းတွေကိုလည်း လွမ်းတယ်။

    • ကျွန်တော်တို့လာရင် ဈေးရောင်းကောင်းတယ် ဆိုတဲ့ နောက်လမ်းက အသုတ်ရောင်းတဲ့ လင်မယားကိုလည်း လွမ်းတယ်။

    • စကားတွေ ဖောရင်း ညနေတိုင်း ဝက်ဆီဖတ်စားနေကြ ဆိုင်ကိုလည်း လွမ်းတယ်။ ( ဒါကတော့ အလွမ်းဆုံးပဲ. . အဟီး။ )

    • မသောက်တော့ပေမဲ့ တစ်ခါတစ်လေတော့လည်း သတိရမိပါတယ် Grand Royal ရယ်..။ ဒါကြောင့် မင်းကိုလည်း လွမ်းတယ်။

    • တစ်ခါတစ်လေ ငယ်ငယ်က ကျောင်းသားဘဝကို ပြန်သတိရရင် ကျောင်းမှာ ကျွန်တော့်ကို အမေလို ချစ်တဲ့ အပျိုကြီး ဆရာမ ဒေါ်ဖြူဖြူဝင်း ကိုလည်း သတိရပါတယ်။ ဒါကြောင့် ဆရာမအတွက် “ မျက်ရည်ဇာတ်လမ်း ” ဆိုပြီး ကျွန်တော် ဝတ္ထုရေးထားသေးတယ်။ ဆရာမကိုလည်း လွမ်းတယ်။

    • ထိုင်ခုံမှာ ၃ ရက်လောက် ဖင်ချမထိုင်နိုင်အောင် ဆော်ပလော်တီးခဲ့တဲ့ အပြစ်မရှိ ၊ အပြစ်ရှာတတ်တဲ့ ဆရာ ဦးသိန်းလွင် ကိုလည်း သူငယ်ချင်းအားလုံးလိုပဲ သတိတရ နဲ့ အရိုက်ခံရဖို့ လွမ်းတယ်။

    • ကျောင်းနောက်ဆုံးနေတွေမှာ ပျော်ရွှင်စွာ ကစားကြတဲ့ ပေါက်ကရ ကစားနည်းတွေကိုလည်း လွမ်းတယ်။

    • တက္ကသိုလ်မှာ အတွဲလိုက်ချောင်းပြီး သူများအတွဲတွေကို လိုက် အနှောက်အယှက်ပေးနေကြ ဘွဲ့နှင်းသဘင် နဲ့ အဆောင်ထောင့်ချိုးတွေကိုလည်း လွမ်းတယ်။

    • “ စကားနွံ ” ဝတ္ထုရှည်တစ်ပုဒ် ဖြစ်လာအောင် ကူညီပေးခဲ့တဲ့ သချာင်္ဆောင်နဲ့ “ ကေ ” ပါသော သူငယ်ချင်း ၃ ယောက်ကိုလည်း လွမ်းတယ်။

    • ကျွန်တော် လိုက်နောက် ၊ လိုက်စ လို့ ဘယ်သူနဲ့ ရန်ဖြစ်ဖြစ် ကျွန်တော့်ဘက်က အမြဲ လိုက်ရန်ဖြစ်ပေးတဲ့..အဟီး..သူငယ်ချင်း ဝတ်ရည်ကျော့ ( ကျွတ်ပြီတော့ ) ကိုလည်း လွမ်းတယ်။

    • ဒီလောက်လှနေတာတောင်မှ အမြဲမိတ်ကပ်ဘူးနဲ့ မှန်တစ်ချပ်နဲ့ အမြဲပြင်နေတတ်ပြီး ခဏခဏ အသည်းကွဲတတ်တဲ့ ၊ ပြီးတော့ “ ရှင်မကွဲဘုရား ” ကို လိုက်ပို့ရဖူးတဲ့ သူငယ်ချင်း “ ထက်ထက်အောင် ” ကိုလည်း လွမ်းတယ်။

    • ကျွန်တော် ပေးဖတ်တဲ့ စာတွေကို ဖတ်ပြီး “ အမေ. .သမီးကိုတော့ အတင်းအမေတို့ သဘောတူထားတဲ့ သူနဲ့ မပေးစားနဲ့နော်.။ သတ်သေပစ်မယ် ။ ” လို့ ကြောင်တောင်တောင် သွားပြောလို့ သူ့အမေက “ ဟဲ့..အရူးမ ။ နင့်ကိုလည်း ဘယ်သူ့ကမှ မကြိုက်ဘူး။ ” လို့ ပြန်ပြောခံခဲ့ရတဲ့ သူငယ်ချင်း “ နှင်းနန္ဒာဝင်း ” ကိုလည်း လွမ်းတယ်။

    • ကျွန်တော်တို့ ချောက်တွန်းသမျှကို အမြဲတမ်း မျက်မှန်လေး ပင့်ပင့်တင်ပြီး မျက်လုံးလေး ပြူးပြီး နားထောင်နေရတတ်တဲ့ “ ဝင်းမောင် ” ( မှန်ကြောင် ) ကိုလည်း သတိတရနဲ့ လွမ်းတယ်။

    • ဟိုကောင်မလေး ပြောမရပါ တော်တော်ဆိုး ဆိုပြီး အမြဲပြောပြတတ်တဲ့ “ ဇေအောင်ထူး ” ကိုလည်း ဖွန်ကြောင်တွေ ကို တွေ့ရင် သတိတရ လွမ်းတယ်။

    • ဖတ်သူ ရင်ကွဲအောင် ကဗျာ အရေးကောင်းတဲ့ သူငယ်ချင်းကြီး “ မြင့်ကျော် ” ( မျှစ်ကြော် ) ကိုလည်း လွမ်းတယ်။

    • ပထမဆုံး ၁၁ ယောက်ကြေး ကွင်းကြီးမှာ ဘောလုံးကစားမလို့ ချိန်းပြီးမှ အလုပ်ကြောင့် သွားကစားဖြစ်လိုက်ပဲ ၁ - ၀ နဲ့ နိုင်အောင် ကစားခဲ့တဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ရင်း အဲဒီနေ့လေးကို တကယ်ကို သတိတရ လွမ်းတယ်။

    • လူ ၇ ယောက် ကာထားတာကို ပထမဆုံး အလယ်တန်းကစားရတဲ့ အချိန်မှာပဲ ဘယ်ဘက် အပေါ်ထောင့်ကို ဝင်အောင် ဖရီးကစ် ကန်လိုက်နိုင်တဲ့ နေ့ ၊ အဲဒီလို ထွက်သွားတဲ့ ကိုယ့်ခြေထောက်ထဲက ဘောလုံးလေးကို သတိတရ ဒီလို အချိန်တွေ ပြန်မရနိုင်တာ သိရင်း လွမ်းတယ်။

    • ဒီလိုနဲ့ ကဗျာလေး တစ်ပုဒ်ကို ဖြစ်ဖြစ်မြောက်မြောက် စပ်ပြီး မဂ္ဂဇင်းမှာ ပါတဲ့နေ့ကို လွမ်းတယ်။

    • သူငယ်ချင်းတွေ ဘာတွေများလုပ်နေလဲလို့ တစ်ခါတစ်လေ တွေးပြီး တစ်ယောက်တည်း အထီးကျန် လွမ်းတယ်။

    • ဒီနေ့ ဘလော့ရေးနေရင်း မနေ့က ရေးခဲ့တဲ့ ဘလော့လေးကို ပြန်ပြီး လွမ်းချင် လွမ်းတယ်။

    • ကဗျာလေးတွေ ရေးရင် မမြင်ရတဲ့ ချစ်သူကို မျှော်ပြီး လွမ်းချင်လည်း လွမ်းတယ်။

    • ဘာပဲ ဖြစ်ဖြစ် မမြင်သေးဘူးဆိုတဲ့ အနာဂတ်ကြီးကို တွေုးပြီးတော့လည်း လွမ်းတယ်။

    • ဘာလို့လည်း ဆိုတော့ ကျွန်တော်က လွမ်းတတ်တယ်...၊ ဒါကြောင့် ကျွန်တော် လွမ်းတယ်။


ကိုဇော် စိတ်ကူးပေါက်လို့ လျှောက်ရေးသည်။ ( အဲလေ..ထိုင်ရေးသည်။ )




Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

လွမ်း..လွမ်း..လွမ်း သူပဲလွမ်းတတ်
may