မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 June 2010

6 လူမှု ဆက်ဆံရေး တစ်မျိုး




စိတ်ဆင်းရဲနေတဲ့ သူငယ်ချင်းကို တွေ့ရတော့ ကျွန်တော် မပျော်နိုင်ပါ။ သူ ဘာဖြစ်နေတာလဲ ဆိုတာလည်း ကျွန်တော် မမေးချင်ပါ။ ဘာလို့လဲ ဆိုတော့ သူက သူ့ရင်ထဲက အကြောင်းတွေကို သူများကို ဖွင့်ပြောပြရမှာ အလွန်ကို ဝန်လေးသောသူ တစ်ယောက် ဖြစ်သောကြောင့် ဖြစ်တယ်။ ဘယ်သူ့ကိုမှ ဘာမှ မပြောပဲ သူ့ရင်ဘတ်ကို သူ့ဖာသာ  မှန် လုပ်ပြီး သူ့ဖာသာသူပဲ ရှုမြင်နေတတ်တယ်။ သူ့စိတ်ကို လူသိသွားမှာ အလွန် စိုးရိမ်သူ တစ်ယောက် ဖြစ်တယ်။

သူ့ရဲ့ ခံစားချက်များကို လူတွေကို ထုတ်ဖော် ပြသဖို့ မလိုဘူး ဟု အမြဲတမ်း သူက ပြောလေ့ရှိတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်လည်း ဘာဖြစ်နေတာလဲ လို့ မမေးဖြစ်ခဲ့ပါ။ ဒါပေမဲ့ သူ့ရဲ့ လူတကာကို ဟန်ဆောင် ပြုံးပြပြီး သရုပ်ဆောင် ဆက်ဆံမှုတွေကိုတော့ ကျွန်တော် မနှစ်သက်တာ အမှန်ပဲ ဖြစ်တယ်။ နေကောင်းရဲ့လား ၊ စားပြီးပြီလား ၊ အဆင်ပြေပါတယ် ၊ ရပါတယ် ၊ ကိစ္စ မရှိပါဘူး . . ဒီစကားလုံးတွေ နဲ့ပဲ သူ့ရဲ့ ရင်ထဲက ကိုယ်ပိုင် ဆန္ဒတွေကို သူများ မြင်မှာ စိုးလို့ ဖုံးကွယ် ထားခဲ့တယ်။

ဒါပေမဲ့ ကြာလာတာနဲ့ အမျှ သူ အဆင်မပြေလာခဲ့ပါ။ သူ့ ဟန်ဆောင်နေတယ် ဆိုတာ လူတွေ တစ်မျိုးပြီး တစ်မျိုး ခံစားတွေ့မြင်သွားပြီး သူနဲ့ တစ်ခု မဟုတ် တစ်ခု အဆင်မပြေ ဖြစ်လာတတ်တယ်။ သူများ စိတ် အနှောင့်အယှက် ဖြစ်မှာကို စိုးတဲ့အတွက် သူက သူ့ကိုယ်သူ ရင်ထဲမှာ ရှိနေတဲ့ အတိုင်း မဖော်ပြပဲ ထိန်းထားရင်း အဆင်မပြေ ဖြစ်လာခဲ့တယ်။

“ သူငယ်ချင်း. . . ”

ကျွန်တော် ခေါ်လိုက်တော့ ခေါင်းငိုက်စိုက်ချနေတဲ့ သူ ဖြေးဖြေးချင်း မော့ကြည့်တယ်။

“ မင်း အခု ဖြစ်နေတာနဲ့ ပတ်သတ်ပြီး နည်းနည်းပြောချင်တယ် ၊ ပွင့်ပွင့်လင်းလင်းပေါ့။ ”

“ အင်း . . . . ”

“ မင်း အခု ဖြစ်တာ ဘယ်က စဖြစ်လဲ သိလား။ ”

“ ပီတာ့ ကော်ဖီခွက် အောက်မှာ တစ်ရှူး ခံပေးလိုက်လို့လေ။ ”

“ ဒါကို သူက ဘာလို့ ဖြစ်သွားရတာလဲ။ သိလား။ ”

“ ငါ့က အသန့် ကြိုက်တယ် ၊ ဘဝင်ကြီးတယ် လို့ ထင်သွားတယ်နဲ့ တူတယ်။ ”

“ ပွင့်ပွင့်လင်းလင်း ပြောရရင် မဟုတ်ဘူး သူငယ်ချင်း။ သူ ထင်သွားတာက မင်းက သူ့ကို အရှက်ခွဲတယ် လို့ ထင်သွားတာ. . . . ”

“ ဘယ်လို. . . ငါ . . .ငါ. . .သူ့ကို ငါ့ အလုပ်စားပွဲပေါ်က ဖိုင်တွေပေါ်မှာ လာတင်တာတောင်မှ အားနာလို့ ၊ အခင်အမင် ပျက်မှာ စိုးလို့ ငါ မပြောခဲ့ပါဘူး။ ငါ. . . ငါ. . . ငါ သူ့ကို အရှက်ခွဲတာ မဟုတ်ပါဘူးကွာ။ ”

“ ဟုတ်တယ်. . . ၊ ဒါကို ငါ ယုံတယ်။ ဒါပေမဲ့ အခု မင်းရဲ့ သူများကို မင်းရဲ့ ကြိုက်ခြင်း ၊ မကြိုက်ခြင်း အားနည်းချက်ကို ပြရမှာ မင်း ဝန်လေးနေတယ် မဟုတ်လား။ ဒါပေမဲ့ ဒါက မင်းရဲ့ အကြီးမှားဆုံး အမှားပဲ။ ”

“ ငါ့. . .အ . . မှား . . .? ? ? ? ?  ”

“ ဟုတ်တယ်. . ခဏနေဦး။ ငါ သွားယူလိုက်ဦးမယ်။ ”

ကျွန်တော် ပြောပြီး ကျွန်တော် စားပွဲပေါ်က မဂ္ဂဇင်းကို သွားပြီးပြီး တစ်နေရာကို သူ့ကို ထောက်ပြလိုက်တယ်။

“ ဒီမြွေကို မင်း မြင်ဖူးလား။ ”

“ အင်း . . . မြင်ဖူးတယ်။ ဒါ မြွေခလောက်ပဲ။ ”

“ ဟုတ်တယ်. . ဒီမြွေက ဘာလို့ အမြီးမှာ ခလောက် ရှိနေရတာလဲ။ ပြီးတော့ ဒီခလောက်က ဘာလို့ လှုပ်ပြီး အချက်ပေး အသံမြည်နေရတာလဲ။ ”

“ ဒါတော့ သေချာ မသိဘူးလေ။ ဒါ သူ့သဘာဝပဲ ထင်တာပဲ။ ”

“ မှန်တယ်။ ဒါ သူ့သဘာဝ ၊ သူ့သဘာဝက ဘာကို ပြလဲ သိလား။ သူ ရန်မူတော့မယ် ၊ သူ ဒေါသထွက်နေပြီ ၊ သူ မကြိုက်ဘူး ၊ သူ အန္တရာယ်ပြုတော့မယ် ဆိုရင် သူက သူ့အမြီးကို လှုပ်ပြီး အသံထွက် သတိပေးတာပဲ။ ”

“ အင်း . . ”

“ သူ ရှိနေတယ် ၊ သူမကြိုက်ဘူး ဆိုပါတော့ကွာ။ ဒီလို တိရစ္ဆာန်လေးကတောင်မှ သူ့ရဲ့ မကြိုက်တာကို မကြိုက်ဘူး ဆိုပြီး သူ့ရဲ့ စိတ်သဘောထားကို သူဖော်ပြနိုင်တဲ့ ပုံစံနဲ့ ဖော်ပြတယ် ပေါ့ကွာ။ တိရစ္ဆာန်တွေက စကားမပြောတတ်လို့ သူတို့ အမူအရာနဲ့ ပြရတာ။ ငါတို့က လူတွေကွ ၊ လူဆိုတာ စကားပြောတတ်တော့ စကားနဲ့ ဖော်ပြလို့ ရတယ်။

အခု ပီတာ ၊ သူ့မှာ ကော်ဖီခွက်ကို သူက တွေ့တဲ့ နေရာမှာ ချပြီး စကားပြောတတ်တဲ့ အကျင့် ရှိတယ်။ ဒါကို အားလုံး သိကြတယ်။ သူ ငါ့ဖိုင်တွေပေါ်ကို လာတင်တုန်းက  . . . “ ပီတာရေ ငါကတော့ မကြိုက်ဘူးကွ။ ငါ့ဖိုင်တွေ ပေကုန်လိမ့်မယ်။ မင်း ချချင်ရင် အောက်က တစ်ရှူးလေးတော့ ခံချကွာ။ ” လို့ တစ်ခါပဲ အမုန်းခံ ပြောလိုက်ရတယ်။ နောက်ပိုင်း ပြောစရာ မလိုတော့ဘူး။ သူ ငါ့ဖိုင်တွေပေါ်မှာ နောက်ထပ် မချတော့ဘူး။

အခုတော့ မင်းက သူ့ကို ပြောလိုက်ရင် မင်းကို မုန်းမှာ စိုးတော့ မင်းရဲ့ မကြိုက်တာကို ဖော်မပြချင်တာနဲ့ သူ ကော်ဖီခွက် လာချတိုင်း ၊ မင်းက သူ့ကော်ဖီခွက်ကို မပြီး အောက်က တစ်ရှူး လိုက်ပြီး ခံပေးနေတော့ ၊ မင်းကတော့ ရိုးရိုးစိတ်နဲ့ လုပ်ပေးတာ ဆိုပေမဲ့ သူက ငါ့ကို လူကြားထဲမှာ စည်းကမ်း မရှိဘူး ဆိုပြီး လုပ်တာလို့ ထင်သွားတာပဲ။

တကယ်တော့ မြွေခလောက်တွေတောင်မှ သူတို့ အနားကို ရောက်သွားရင် သူတို့ကို အန္တရာယ်ပြုမှာ ၊ သူတို့ မကြိုက် မနှစ်သက်တာကို ပြတဲ့ အနေနဲ့ သူတို့ အမြီးမှာ ရှိနေတဲ့ ခလောက်ကို လှုပ်ရမ်းပြီး သတိပေးတတ်တယ်လေ။ မင်းက လူပဲ။ မင်း မကြိုက် ၊ မင်း မနှစ်သက်တာကို ပြောသင့် ပြသင့်ပါတယ်။ ပေါင်းသင်းဆက်ဆံတယ် ဆိုတာကလည်း လူမုန်းမှာ ဆိုးလို့ ဟန်ဆောင်ထားရင် ပိုပြီး အခန့်အသင့်ဖြစ်ပြီး နောက်ဆုံးမှာ ပြန်ပြီး စေ့စပ် မရအောင်ကို ဖြစ်တတ်တယ်။

မကြိုက်တာကို မကြိုက်ဘူး ဆိုပြီး ပြောလိုက်တာက တစ်ခါတည်းပဲ အမုန်းခံရတာပါ။ ပြောသင့်တယ် ထင်တာ ပြောကို ပြောပြရတယ် သူငယ်ချင်း။ ”

ပျောက်နေတဲ့ တစ်စုံတစ်ရာကို ပြန်ပြီး တွေ့လိုက်ရသလိုပါပဲ သူ့မျက်နှာဝမ်းသာမှုကြောင့် လက်ခနဲ ဝင်းပသွားသည်။ တိရစ္ဆာန် ဖြစ်တဲ့ မြွေခလောက်တွေတောင်မှ အမြီးကို လှုပ်ပြီး သတိပေးကြသေးတာ ၊ ကျွန်တော်တို့ လူတွေမှာလည်း ကိုယ်မကြိုက်တာကို မကြိုက်ဘူး ဆိုပြီး ကြိုတင်သတိပေး ပြောထားခဲ့ရင် လူတကာနဲ့ ပေါင်းသင်း ဆက်ဆံရေးမှာ အရာရာ အဆင်ပြေနိုင်ပါတယ်။


Source; မနေ့ကပဲ ဖတ်လိုက်ရတဲ့ Relationship By Steve Brown ဆောင်းပါးထဲမှ အချက်တစ်ခုကို သင့်တော်သလို မှီငြမ်း ရေးသားပါတယ်။ ကျွန်တော့်အတွက်လည်း တိုက်ဆိုင်နေလို့ အခု ချက်ချင်းပဲ ရေးတင်လိုက်ပါတယ်။ ဒီနေ့ အလုပ်များနေပြီး အချိန်မရတဲ့ အတွက် သေချာ မရေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဖတ်ရတဲ့ စာ မချောခဲ့ရင် ခွင့်လွှတ်ပါ။ ( ကျွန်တော့်ကိုယ် ကျွန်တော် ဆုံးမဖို့ ရေးပါတယ်။ )


လေးစားစွာဖြင့်
ကိုဇော်


.

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

SHWE ZIN U said...

သြ ကိုဇော် ရေ

မှန်ပါပေတယ် ရွှေစင်ဦး လည်း ပွင့်ပွင့် လင်းလင်း ဘဲပြောလိုက်မယ် သူများ ဘလော့ဂ် ထဲက ဟိုဟာ ဒီဟာတွေကို လာတောင်းတာကြိုက်ဘူးနော်

သူကလည်း ကိုဇော် ဆို ကြိုက်ဘူးတဲ့......

(နာရီထဲမှ အရုပ်ကလေး အားရည်ရွယ်ပါ၏)

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

ကိုဇော်ရေ...
ဘယ်တတ်နိုင်မလဲ
အားလုံးကိုအဆင်ပြေစေချင်ပါတယ် ဒါပေမယ့် အားလုံးဆိုတာက ကိုယ်မှမဟုတ်ပဲ...
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
nwaynwaychit

ဝက်ဝံလေး said...

ဟုတ်ကဲ့ ဝက်လဲ ဖတ်ပြီး ဆုံးမ သွားပါတယ် ကျေးဇူးးးးးးးးးးးးးးးးးးးးးးးးးးး

ရွှေရတုမှတ်တမ်း said...

အောက်ကခံ ပေးတာကြိုက်ပါ့ဗျာ (တစ်သျှူး ကိုပြောတာ)

Unknown said...

မကြိုက်တာ ကို မကြိုက်ဘူးလို့ပြောလိုက်ရတာတခါဘဲအမုန်းခံရတာပါ။ ပြောသင့်တယ် ထင်တာ ပြောကို ပြောရတယ်

ဒီ အဆိုလေး အတွက် ကျေးဇူးတင်ပါတယ်

Unknown said...

ဖတ်ပြီး တစ်ခါတည်း လက်တွေ့ လုပ်လိုက်တာ မှန်သွားတယ် ...မုန်းချင်လည်းမုန်းတော့ ကြည့်မရတာ ကြာနေပြီ... ပြောချပစ်လိုက်တယ် ...